သန့်ရှင်းစိမ်းလန်းသော ဝန်းကျင်ဖြစ်ရေး

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးက တဖြည်းဖြည်းပူနွေးလာနေပါတယ်။ ထိုပူနွေးမှုကြောင့် ရေခဲတောင်များလည်း အရည်ပျော်ကျနေပြီး ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာပါတယ်။ အဲဒီလိုဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကျွန်ုပ်တို့ကိုယ်တိုင် တစ်ဦးချင်းရဲ့ အမူအကျင့်တွေကနေ စတင်ပြောင်းလဲနိုင်ပါတယ်။ ကိုယ်ပိုင်အမူအကျင့်များကို ပြောင်းလဲပြီး သန့်ရှင်းစိမ်းလန်းသော ကမ္ဘာကြီးကို ဖန်တီးကြပါစို့။

ကမ္ဘာကြီးရှင်သန်နိုင်ရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အချက် ၁၀ ချက်ကို လိုက်နာကြပါ။


၁။ ရေကိုချွေတာပါ

မျက်နှာသစ်နေချိန်၊ သွားတိုက်နေချိန်၊ ဆပ်ပြာတိုက်ချိန်၊ လက်ဆေးချိန်များတွင် ရေပိုက်ခေါင်းကို တောက်လျှောက်ဖွင့်မထားပါနဲ့။ မိမိရေချိုးချိန်ကို လျှော့ချခြင်းဖြင့် ရေကိုချွေတာပါ။

၂။ စွမ်းအင်သုံးစွဲမှု လျှော့ချပါ

စွမ်းအင်သုံးစွဲမှုကိုလျှော့ချရာမှာ စွမ်းအင်သုံးစွဲရတဲ့ အရာဝတ္ထု ပစ္စည်းတွေအားလုံးပါဝင်ပါတယ်။ ဖုန်းအသုံးပြုချိန် လျှော့ချတာ၊ အိမ်ကနေ နှစ်မိုင်ပတ်လည်အကွာအဝေးကို လမ်းလျှောက်သွားခြင်းနဲ့ ကားအသုံးမှုပြုကိုလျှော့ချပါ။ အများပြည်သူသုံး ဘတ်စ်ကားများကို စီးပါ။ အသုံးမလိုသည့်အချိန်တွေမှာ လျှပ်စစ်မီးပိတ်ထားပါ။ ပလပ်ပေါက်နဲ့ ပလပ်ခေါင်းကို တပ်လျက်မထားပါနှင့်။ စွမ်းအင်ချွေတာသလို ကာဗွန် ထုတ်လုပ်မှု လျှော့ချပြီးသားလည်း ဖြစ်ပါတယ်။

၃။ ပလတ်စတစ်သုံးတာ ရပ်ပါ

ပလတ်စတစ်အသုံးပြုတာ လျှော့ချဖို့ ပြန်လည်သုံးစွဲလို့ရတဲ့ အိတ်တွေကိုသုံးပါ။ ရေသန့်ဘူးတွေကို အသစ်ဝယ်မသုံးပါနဲ့။

၎။ ဓာတုဗေဒသုံးစွဲမှု အနည်းဆုံးဖြစ်ပါစေ

ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘ၀မှာ ဓာတုဗေဒပစ္စည်း သုံးစွဲမှုတွေကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ ကျွန်ုပ်တို့အသက်ရှူရာ၊ အစား စားရာ၊ အဝတ်ဝတ်ရာနဲ့ အလှပြင်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။ လေသန့်ဆေးများ (Air Fresheners) များ သုံးစွဲမှုလျှော့ချပါ။အများစုမှာ ဓာတုဗေဒပစ္စည်းတွေ ပါပါတယ်။

၅။ ပြည်တွင်းထွက်ကုန်များကို သုံးစွဲပါ

ပြည်တွင်းထွက်ကုန် အသီးအနှံ၊ Organic များကို သုံးစွဲပါ။ မလိုအပ်ဘဲ ပစ္စည်းဝယ်ယူတာတွေ မလုပ်ပါနဲ့။ ကမ္ဘာကြီးအတွက် အမှိုက်တွေ ဖြစ်စေပါတယ်။

၆။ သဘာဝကြီးထဲမှာ အချိန်တွေကိုကုန်ဆုံးပါ

ကျွန်ုပ်တို့စိတ်ပါဝင်စားမှုတွေ လိုချင်တာတွေ လိုအပ်တာတွေအတွက် ပိုက်ဆံက တန်ဖိုးကြီးပါတယ်။ အဲဒီလို တန်ဖိုးထားမှုတွေကြားထဲ မှာ သဘာဝတရားကြီးကိုလည်း တန်ဖိုးထားဖို့လိုပါတယ်။ အနည်းဆုံး အချိန်မိနစ် ၂၀ ပေးပြီး သဘာဝထဲမှာ ရှင်သန်ပါ။

၇။ ကိုယ်ပိုင်ဥယျာဉ်လေး တည်ဆောက်ပါ

ကျွန်ုပ်တို့အိမ်ပတ်ဝန်းကျင်မှာ ကိုယ်ပိုင်ဥယျာဉ်လေး တည်ဆောက်ပါ။ သစ်ပင်စိုက်ပါ။ သန့်ရှင်းတဲ့လေကို ဖန်တီးပေးပါလိမ့်မယ်။

၈။ တစ်ရှူးလျှော့သုံးပါ

ညစ်ပေမှုများကို ဖယ်ရှားရာမှာ ပြန်လည်လျှော်ဖွပ်နိုင်တဲ့ လက်ကိုင်ပဝါသုံးစွဲပါ။ တစ်ရှူးသုံးစွဲမယ်ဆိုရင်လည်း Toilet Paper ကို သုံးစွဲပါ။ ပြန်လည်ဖန်တီးထားတဲ့ (Recycled Paper) တစ်ရှူးတွေကိုသာ သုံးစွဲပါ။

၉။ စက္ကူသုံးစွဲမှု လျှော့ပါ

စာပေး၊ စာပို့တာတွေမလုပ်ပါနဲ့။ မလိုအပ်ဘဲ စာရွက်စက္ကူများ အလေအလွင့်ဖြစ်အောင် မသုံးစွဲပါနဲ့။ E-mail နဲ့ ဖတ်လို့ရတဲ့စာတွေကို စာရွက် (Print) ထုတ်ခြင်းမလုပ်ပါနဲ့။

၁၀။ တစ်ခါသုံးဝါးတူများကို မသုံးစွဲပါနဲ့

ဘယ်နေရာမှာပဲစားစား တစ်ခုခုစားရာမှာ တစ်ခါသုံးဝါးတူနဲ့ စားသုံးခြင်းကိုရှောင်ပါ။ ဝါးတူအစား ဇွန်းနဲ့ ခရင်းသုံးပါ။

 

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *