ရန်ကုန်ဆေးရုံကြီးတွင် ဆေးလိပ်နှင့် ကွမ်းစားသုံးမှု တားမြစ်ချက်များကို တီဗွီတွင် ပြသ

ရန်ကုန်၊ ဇူလိုင်၆

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် အများပြည်သူကြည့်ရှုနိုင်ရန် ဆေးလိပ်နှင့် ကွမ်းစားသုံးမှု ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို တီဗွီဖန်သားပြင်တွင် ပြသထားသည်။

ယင်းအစီအစဉ်ကို ဇူလိုင်လပထမအပတ်တွင် စတင်ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းအစီအစဉ်ကို ပြုလုပ်သည့် အမည်မဖော်လိုသည့် အဖွဲ့ထံမှ သိရသည်။

ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရဆိုသည့် သတိပေးချက်အပါအဝင် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ ကိုယ်နှင့် ကိုယ့်ပတ်ဝန်းကျင်ရှိ လူများ၏ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ခြင်းကြောင့် ဆေးလိပ်မသောက်ရန်နှင့် ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါနှင့် အဆုတ်ရောဂါဖြစ်နိုင်သည့်အပြင် ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်သည့် ကျန်းမာရေးသတိပေးမှုများကို ပြသနေသည်ကို ဇူလိုင်လ ၃ ရက်နေ့က တွေ့ရသည်။

“ဆေးရုံ၊ ဆေးခန်း၊ ကျောင်းရဲ့ ပရဝုဏ်ထဲမှာ ဆေးလိပ်၊ ကွမ်း မစားရဘူး။ မရောင်းရဘူး။ အစိုးရရဲ့ အမိန့်ကြော်ငြာစာမှာ တင်းကျပ်စွာဆောင်ရွက်ပါလို့ ပါပြီးသား။ အစိုးရရဲ့ ဌာနထဲမှာ ကျန်းမာရေးဌာနကြီးအောက်က ရန်ကုန်ဆေးရုံကြီးက အကြီးဆုံးပဲ။ ဒါတွေက စံပြလုပ်ရမယ်”ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က မှတ်ချက်ပေးသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စီမံချက်ဖြင့် ပျံကျဈေးသည်များက ဖယ်ရှားမည်ဖြစ်သဖြင့် ဆေးလိပ်၊ ကွမ်းယာသည်များကို ဆေးရုံဝန်းအတွင်းတွင် ရောင်းချနေခြင်းကို ဇူလိုင်လ ၆ရက်နေ့ထိ ဖယ်ရှားနိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက လက်ထောက်ညွှန်ကြားရေးမှုး(အုပ်ချုပ်ရေး) ဒေါက်တာခင်မောင်ကြီးက ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *