ကစားသမားဘ၀ကို ဂျူဗင်တပ်ထံတွင် စီရော်နယ်ဒို အဆုံးသတ်လိမ့်မည်ဟု ဂျော့ခ်ျမန်ဒက်စ် ပြောကြား

တူရင်၊ ဇူလိုင် ၁၃

စီရော်နယ်ဒို၏ အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော ဂျော့ခ်ျမန်ဒက်စ်သည် ၎င်း၏ ကစားသမားဖြစ်သူမှာ ယခုပြောင်းရွှေ့လိုက်သည့် အီတလီစီးရီးအေကလပ် ဂျူဗင်တပ်ထံတွင် ကစားသမားဘ၀ ဖြတ်သန်းမှုကို အဆုံးသတ်လိမ့်မည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း Football Italia က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် မှနေ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၈၈ သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ်မှာ စီရော်နယ်ဒိုကို ၎င်းတို့ထံတွင် လေးနှစ် သက်တမ်း ကစားသမားဘ၀ဖြတ်သန်း ခြင်းအတွက် လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၁၀၆ သန်း ပေးချေရလိမ့်မည် ဖြစ်သည်။

စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် ကို စွန့်ခွာတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီးချိန်ကတည်းကပင် ဂျူဗင်တပ်ထံ သို့ ပြောင်းရွှေ့ခွင့်ရနိုင်ရန်သာ ဆန္ဒရှိခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒို၏ မျှော်လင့်ချက်များ လက်တွေ့အကောင်အထည်ပေါ်လာနိုင်စေရန် အဘက်ဘက်မှနေ၍ အင်တိုက်အားတိုက်ကြိုးပမ်းပေးခဲ့သော ဂျူဗင်တပ် ဥက္ကဋ္ဌ အက်ဂ်နယ်လ်လီနှင့် အထွေထွေမန်နေဂျာ မာရော့တာတို့ကို အထူးကျေးဇူးတင်ပါကြောင်းလည်း ဂျော့ခ်ျမန်ဒက်စ်က အသိပေးသွားခဲ့သည်။

ဂျော့ခ်ျမန်ဒက်စ်သည် အသက် ၃၃ နှစ်အရွယ်ရှိ ၎င်း၏ကစားသမားဖြစ်သူ စီရော်နယ်ဒိုမှာ စီးရီးအေပြိုင်ပွဲတွင်လည်း ဂျူဗင်တပ်နှင့်အတူ သမိုင်းမှတ်တိုင်သစ်များ စိုက်ထူနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပြီး လက်ရှိတွင် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများမှာ တိုက်စစ်ကို စီရော်နယ်ဒိုနှင့် အားဖြည့်လိုက်နိုင်ပြီဖြစ်၍ ခံစစ်ကို ဆက်လက်အင်အားဖြည့်ရန်အတွက် အက်သလက်တီကိုခံစစ်မှူးများ ဖြစ်ကြသော ဂိုဒင်နှင့် ဆာဗစ်တို့အနက်မှ တစ်ဦးကို အရခေါ်ယူနိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *