LEADER-အယ်ဒီတာ့မှတ်ချက်

Photo - Kofi Annan FB

မြန်မာ့အနာဂတ်ကို ပြောင်းစေသော ကိုဖီအန်နန် ကွယ်လွန်ခြင်း

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအန်နန်သည် သြဂုတ်၁၈ရက်နေ့က ကွယ်လွန်သွားပြီဖြစ်သော်လည်း သူဦးဆောင်သော ကော်မရှင်၏ အကြံပြုချက်များသည် ရခိုင်ပြည်နယ်အရေးကိုသာမက မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကို လမ်းကြောင်းပြောင်းသွားစေခဲ့ပြီဖြစ်သည့်အတွက် သူသည် မြန်မာ့သမိုင်းတစ်လျှောက် မြန်မာနိုင်ငံအတွက် အရေးပါဆုံး နိုင်ငံခြားသားများစာရင်းတွင် ထိပ်ဆုံးက အမြဲပါဝင်နေမည်။

ကိုဖီအန်နန်ကော်မရှင်ဟုပင် သူ့နာမည်ကို အစွဲပြုပြီး အလွတ်သဘောခေါ်ဝေါ်ကြသည့် ကော်မရှင်၏ အကြံပြုချက်များသည် မြန်မာ့အနာဂတ်အတွက် မည်မျှအကျိုးပြုသည်၊ အဆိုးပြုသည်ကို နောင်မှသာ သမိုင်းဆရာများက အကဲဖြတ်နိုင်မည်ဖြစ်သော်လည်း ကမ္ဘာ့အလယ်တွင် သြဇာဂုဏ်သတင်းကြီးမြင့်ပြီးသား အသက်၈၀အရွယ် အရာရာပြည့်စုံပြီး သော ကိုဖီအန်နန်သည် သူ့အတွက် အကောင်းထက် အဆိုးကများသည့် သူငြင်းလျင်လည်းရသည့် တာဝန်ကိုယူရန် မြန်မာနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံထမ်းဆောင်ခဲ့ခြင်းကိုမူ အသိအမှတ်ပြုရမည်ဖြစ်သည်။

အယ်ဒီတာ
၁၉.၈.၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *