ရုရှား တိုက်လေယာဉ်နှင့် ဒုံးပျံများ ဝယ်ယူမှုအတွက်  တရုတ်ကို အမေရိကန် အရေးယူပိတ်ဆို့

VLADIVOSTOK, RUSSIA - SEPTEMBER 5, 2018: Sukhoi Su-35S and Su-30M2 fighter jets of the Russian Eastern Military District perform test flights over the Ajax Bay by Russky Island ahead of the 2018 Eastern Economic Forum to be held on September 11-13, 2018. Yuri Smityuk/TASS Host Photo Agency (Photo by Yuri SmityukTASS via Getty Images)

ဝါရှင်တန်၊ စက်တင်ဘာ၂၁

၂၀၁၆ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားစွက်ဖက်ခဲ့မှုကို အပြစ်ပေးသည့်အနေနှင့် ရုရှားအပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူထားသည်ကိုချိုးဖောက်၍ တိုက်လေယာဉ်များနှင့် ဒုံးပျံစနစ်များဝယ်ယူခဲ့သည့်အတွက် တရုတ်စစ်တပ်ဌာနတစ်ခုကို အမေရိကန်ထရမ့်အုပ်ချုပ်ရေးအဖွဲ့က အရေးယူပိတ်ဆို့လိုက်ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

ရုရှား၏ အဓိက လက်နက်တင်ပို့သည့်လုပ်ငန်းဖြစ်သော Rosooronexport နှင့် ပမာဏကြီးမားသည့် ရောင်းဝယ်မှုများလုပ်ဆောင်ခဲ့သည့်အတွက် တရုတ်စစ်တပ် လက်နက်ဝယ်ယူရေးကိုတာဝန်ယူရသည့် ကိရိယာဖွံ့ဖြိုးတိုးတက်စေရေးဌာန(EDD) နှင့် ဌာနညွှန်ကြားရေးမှူး လီရှန်ဖူကို အရေးယူပိတ်ဆို့မည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား ထားသည်။

၂၀၁၇ခုနှစ်အတွင်း sU-35 တိုက်လေယာဉ် ၁၀စင်း ဝယ်ယူခဲ့မှု၊၂၀၁၈ခုနှစ်အတွင်း ဝေဟင်ပစ် S-400 ဒုံးပျံစနစ်များ ဝယ်ယူခဲ့မှုအတွက် ပိတ်ဆို့ခြင်း ဖြစ်သည်ဟု အမေရိကန်က ထုတ်ပြန်ထား သည်။
ယင်းဝယ်ယူမှုတွင် ပါဝင်သည့် EDD ဌာနနှင့် လီကို အမေရိကန်ဘဏ္ဍာရေးစနစ်အသုံးပြုခွင့် ပိတ်ပင်မည်ဖြစ်ကာ ၎င်းတို့နှင့်အတူ အမေရိကန်နိုင်ငံသားများစီးပွားရေးလုပ်ဆောင်ခွင့်ကိုလည်း တားမြစ်မည် ဖြစ်သည်။

ထို့အပြင် ရုရှားစစ်တပ်၊ ထောက်လှမ်းရေးတို့နှင့် ပတ်သက်နေသည့်လူ ၃၃ ဦးနှင့် အဖွဲ့အစည်းများကို နာမည်ပျက်စာရင်း တင်သွင်းမည်ဖြစ်ကာ အမေရိကန်၏ ရန်ဘက်များကို အရေးယူမှုဖြင့် တန်ပြန်ခြင်း (CAATSA) ဥပဒေပိတ်ဆို့မှု စာရင်း တွင်ထည့်သွင်းမည်ဖြစ်သည်။

ယူကရိန်းနိုင်ငံတွင်း ရုရှားရန်လိုမှု၊ ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်မှုများအတွက် ရုရှားနိုင်ငံကို CAATSA နှင့် ပိတ်ဆို့ထားခြင်း ဖြစ်သည်။

အဆိုပါဥပဒေအရ နာမည်ပျက်စာရင်းတွင် ထည့်သွင်းထားသူများနှင့် စီးပွားရေးလုပ်ဆောင်သူမှန်သမျှကို အရေးယူပိတ်ဆို့နိုင်ပြီး ယင်းဥပဒေအရ တရုတ်အပေါ် အရေးယူခြင်းဖြစ်သည်။

ယခုကဲ့သို့ တရုတ်စစ်ဘက်ဌာနတစ်ခုကို အရေးယူမှုသည် ဘေဂျင်း သို့မဟုတ် တရုတ်စစ်တပ်ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ မော်စကိုအပေါ်သာ ရည်ရွယ်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားထားသည်။

အမေရိကန်အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း S-400 နှင့် SU-35 ကန်ထရိုက်စာချုပ်များအတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု ရုရှားပါလီမန်အမတ်တစ်ဦးဖြစ်သူ ဖရန့်ခလီစီဗစ်က တုံ့ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *