“မြို့တွင်း ယာဉ်ရပ်နားခများ ကောက်ဦးမည်လား”

Photo by Daw May May Thwe FB

မြို့တွင်းခြောက်မြို့နယ်လမ်းမကြီးများပေါ်တွင် ယာဉ်ရပ်နားပါက တစ်နာရီ ၂၀၀ ကျပ်နှုန်းဖြင့် ကောက်ခံမည်ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောကြားသွားခဲ့သည်။ နိုဝင်ဘာလ ၁၀ ရက်မှ စတင်ကာ မြို့တွင်းခြောက်မြို့နယ်တွင်  မော်တော်ယာဉ်ရပ်နားခများ ကောက်ခံရန် သတ်မှတ်ခဲ့မှုသည် ယခုအခါပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဤသို့ပြောင်းလဲခဲ့ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မတီဝင် ဒေါ်မေမေသွယ်နှင့် The Voice Journal က  ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – ယာဉ်ရပ်နားခ ကောက်ခံမယ်ဆိုတဲ့ နောက်ဆုံးအခြေအနေလေး သိချင်ပါတယ်။

DMMT – ကားပါကင်ကိစ္စကတော့ ပထမတုန်းကအန်တီတို့က ကုမ္ပဏီသုံးခုပေါ့နော်။ တင်ဒါအောင်ထားတယ်။ နောက်သူတို့က နိုဝင်ဘာလ ၁၀ရက်မှာ စလုပ်မယ်ပေါ့။ နောက်ကျတော့ မြို့တွင်းခြောက်မြို့နယ်လုံး လုပ်ကြမယ်ဆိုတော့ တင်ဒါကျတော့ ဟိုလူတွေက (မအောင်တဲ့သူတွေ) ဈေးပေးတာ တအားနည်းတော့ နောက်လူတွေနဲ့လည်း စာချုပ် မချုပ်ဖြစ်နိုင်ဘူး။ အန်တီတို့ ဘာဆက်လုပ်မယ်ဆိုတာတော့ တိတိကျကျတော့ မဆုံးဖြတ်ရသေးဘူး။

The Voice Journal – ဒီလိုဆိုရင် ဒီလ ၁၀ ရက်နေ့ ကားပါကင်ကြေး ကောက်မယ်ဆိုတဲ့ အစီအစဉ်က ရွေ့ထားရမှာပေါ့။

DMMT        – ဟုတ်တယ်၊ ဟုတ်တယ် ရွေ့ထားရတယ်။ ယာယီရပ်ထားတယ်လို့ ပြောလို့ရပါတယ်။

The Voice Journal – မြို့တော်ဝန်ကြီးကလည်း Smart Car Packing လုပ်မယ်ဆိုတော့ အဲဒီ ကိစ္စနဲ့များ အခုကိစ္စကို ချိတ်ဆက်စဉ်းစားနေသလား။

DMMT        – အဲဒီဘက်ကိုလည်း စဉ်းစားတုန်းပါ။ ဘယ်ဟာမှတော့ တိတိကျကျ မဆုံးဖြတ်ရသေးဘူး။

The Voice Journal – ဒါဆိုရင်  ကုမ္ပဏီတွေကို တင်ဒါ ပြန်ခေါ်ဦးမလား။

DMMT        – တင်ဒါပဲ ပြန်ခေါ်ဖြစ်မလား။ သို့မဟုတ် တခြားနည်းစနစ်တစ်ခုကို ပြန်ပြောင်းဖြစ်မလားဆိုတာ လတ်တလောမှာ မဆုံးဖြတ်ရသေးပါဘူး။

The Voice Journal – တင်ဒါကို ပထမသုံးယောက် အောင်ထားတဲ့ လူတွေကရော။ နောက်ထပ်ကုမ္ပဏီ ငါးခုက ။

DMMT        – အဲဒီလူတွေကလည်း …။ ပထမသုံးဦးတင်ဒါအောင်ထားတဲ့လူတွေနဲ့ မအောင်ထားတဲ့ လူတွေလည်း ရှိတယ်။ သူတို့ (တင်ဒါအောင်သူ)တွေ ပြောတာကလည်း လူတွေကလည်း အလကားရတဲ့ နေရာပဲ ကားကို ရပ်ကြမှာလေ။ ပိုက်ဆံပေးရတဲ့နေရာဆို မရပ်တော့ဘူးလေ။ အဲဒီတော့ အကုန်လုံးပြီးတော့မှ လုပ်ပါရစေဆိုပြီး တင်ဒါအောင်ထားတဲ့လူတွေက ပြောတာ။ အဲဒီအခါကျ တင်ဒါမအောင်တဲ့ သူတွေရဲ့နေရာကိုလည်း မလုပ်ဖြစ်တော့ဘူးပေါ့နော်။

The Voice Journal – ဒါဆို ကတ်စနစ်ပဲ ပြောင်းမှာလား။ တင်ဒါအောင်ထားတဲ့သူတွေကိုလည်း နောက်ကျ တင်ဒါပြန်ခေါ်ဖို့ရှိလား။

DMMT        – အန်တီ ထင်ပါတယ်။ ပြန်ခေါ်လည်း သိပ်တော့မလွယ်ဘူး ထင်တယ်။ အန်တီတို့လည်း တိတိကျကျတော့ မဆုံးဖြတ်ရသေးဘူး။

The Voice Journal – ကျေးဇူးတင်ပါတယ်။

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *