တရုတ်တွင် အမျိုးသမီးတစ်ဦး နေ့ကလေးထိန်းကျောင်းသားများကို ဓားဖြင့်တိုက်ခိုက်၊ ကလေး ၁၄ ဦး ဒဏ်ရာရ

ဘေဂျင်း၊ အောက်တိုဘာ ၂၆

တရုတ်နိုင်ငံအလယ်ပိုင်း ချုံကင်းမြို့ရှိ နေ့ကလေးထိန်းကျောင်းတစ်ကျောင်းတွင် အမျိုးသမီးတစ်ဦးက ဓားဖြင့် ကလေးများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံးကလေး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ချုံကင်းမြို့ဘန်းနန်ရပ်ကွက်ရှိ နေ့ကလေးထိန်းကျောင်း တစ်ကျောင်းတွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်ခန့် ၌ ကလေးများ လေ့ကျင်ခန်းလုပ်အပြီး စာသင်ခန်းထဲကို ပြန်အဝင်တွင် ယခုကဲ့သို့ ဓားဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။

လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည့် ဗီဒီယိုဖိုင်တွင် ကလေးများ၏ မျက်နှာတွင် ပြင်းပြင်းထန်ထန် ဓားရှဒဏ်ရာမှာရရှိသွားသည်ကို တွေ့ရသည်။

ဓားဖြင့် ကလေးများကို တိုက်ခိုက်ခံသူမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျောင်းလုံခြုံရေးနှင့် ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်။

ယခုဖြစ်ရပ်ကြောင့် လူဦးရေ သန်း ၃၀ နေထိုင်သည့် ချုံကင်းမြို့နေသူများအတွက် ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ်တွင် ယခုနှစ် ဧပြီလက အသက် ၂၈နှစ် အရွယ် လူတစ်ဦးက အလယ်တန်းကျောင်းတစ်ကျောင်းတွင် ဓားဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားကိုးဦး သေဆုံးခဲ့သည်။

ဓားဖြင့် တိုက်ခိုက်သူသည် ၎င်းငယ်စဉ် ကျောင်းနေဖက်သူငယ်ချင်းများ၏ စနောက်မှုကို ပြန်လည်လက်စားချေလိုသောကြောင့် ထိုကဲ့သို့ ကလေးများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

၎င်းကို တရုတ်အစိုးရက သေဒဏ်ချမှတ်ခဲ့သည်။

၂၀၁၇ ခုနှစ်ကလည်း လူတစ်ဦးက နေ့ကလေးထိန်းကျောင်း နံရံကို ကျော်တက်၍ ကလေးများကို ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသားငယ် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *