နှလုံးကျန်းမာရေးအတွက် နေ့စဉ်ပြုလုပ်သင့်တဲ့ အချက်ငါးချက်

နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်စေဖို့အတွက် ကျန်းမာရေးလေ့ကျင့်ခန်းများအပြင် ကောင်းမွန်သော နေထိုင်စားသောက်မှုပုံစံ တွေက နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။ ယခုတစ်ပတ် ကျန်းမာရေးကဏ္ဍမှာ နှလုံးကျန်းမာရေးနဲ့ ပတ်သက်လို့ ကူညီပေးမယ့် နေ့စဉ်ပြုလုပ်ဖို့လိုအပ်တဲ့ အကြံပြုချက်ငါးချက်ကို ပြောပြပေးပါမယ်။

အသုံးပြုပြီးသောဆီမဟုတ်ဘဲ ကျန်းမာတဲ့ဆီကိုစားပါ

သွေးထဲမှာ ကိုလက်စထရောဖြစ်ပေါ်မှုကို အားမပေးတဲ့ ဟင်းသီးဟင်းရွက်ဆီများနှင့် အချို့သော တိရစ္ဆာန်မှရတဲ့ဆီကို အစားအစာတွေထဲမှာ စားသုံးပေးဖို့လိုပါတယ်။ မစားသုံးသင့်တဲ့ဆီကတော့ အသုံးပြုပြီးသားဆီတွေပဲ ဖြစ်ပါတယ်။ ဒီလိုအသုံးပြုပြီးသားဆီတွေဟာ အချိန်မတိုင်ခင် လေဖြတ်ခြင်း သို့မဟုတ် နှလုံးရောဂါဖြစ်ပေါ်စေဖို့အတွက် အားပေးပါတယ်။ နှလုံးသွေးကြောတွေမှာလည်း မကောင်းတဲ့ ကိုလက်စထရောကို မြင့်တက်စေပြီး ကောင်းမွန်တဲ့ ကိုလက်စထရောတည်ရှိမှုကို လျော့ကျစေပါတယ်။ ဒီအဆီတွေဟာ အသင့်ထုပ်ပိုးထားတဲ့အစားအစာတွေနဲ့ ကြော်လှော်ထားတဲ့ အသင့်စားအစားအသောက်တွေမှာ ပါဝင်ပါတယ်။ အစားအသောက်တွေအားလုံးရဲ့ ပါဝင်ပစ္စည်းအညွှန်းတွေကို ဖတ်ဖို့လိုပါတယ်။ အဆီပါဝင်မှု သုညရာခိုင်နှုန်းလို့ ဖော်ပြထားလား ကြည့်ပါ။ ဒါက အစားစားတဲ့အခါ အသုံးပြုပြီးသားဆီကို ရှောင်ရှားဖို့ နည်းလမ်းတစ်ခုပါပဲ။

သွားကျန်းမာရေးကို လက်တွေ့လုပ်ပါ

သွားကျန်းမာရေးဟာ နှလုံးကျန်းမာရေးအပါအဝင် အားလုံးသောကျန်းမာရေးအတွက် လွှမ်းခြုံပါတယ်။ နှလုံးရောဂါအတွက် ဆိုးရွားတဲ့အချက်တွေမှာ မကြာခဏ တူညီနေတာက သွားဖုံးရောဂါတွေကြောင့် ဖြစ်ပါတယ်။ သွားဖုံးရောဂါတွေမှာရှိတဲ့ ဘက်တီးရီးယာတွေဟာ သွေးစီးချောင်းထဲကနေတစ်ဆင့် ရွေ့လျားနိုင်ပြီးတော့ သွေးကြောတွေမှာ သွေးယိုစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် နေ့စဉ်သွားပုံမှန်တိုက်ဖို့ လိုပါတယ်။

လုံလောက်တဲ့ အိပ်စက်မှုရယူပါ

အိပ်စက်ခြင်းက နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့ လိုအပ်တဲ့အရာ တစ်ခုပါ။ လုံလောက်စွာ မအိပ်စက်ဘူးဆိုရင် နှလုံးသွေးကြောရောဂါဖြစ်စေမယ့်အန္တရာယ် မြင့်တက်စေပါတယ်။ ဒါကြောင့် တစ်ညကို အိပ်ချိန်ခုနစ်နာရီကနေ ရှစ်နာရီအထိ ရှိသင့်ပါတယ်။

အချိန်အကြာကြီး မထိုင်ပါနှင့်

လေ့ကျင့်ခန်းများများမလုပ်သူအတွက် ထိုင်ခုံပေါ်အချိန်ကြာကြာထိုင်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးရွားစေပါတယ်။ အချိန်အကြာကြီးထိုင်တာဟာ အထူးသဖြင့် ခရီးသွားတဲ့အချိန်တွေနဲ့ တစ်နေ့လုံးထိုင်အလုပ်လုပ်ရတဲ့သူတွေအတွက် သွေးပြန်ကြော သွေးခဲခြင်းအန္တရာယ် တိုးလာစေပါတယ်။ ဒါကြောင့် ရုံးကနေအပြင်ထွက်ပြီးတော့ ပန်းခြံလိုနေရာမှာ အချိန်ခဏတာယူပြီး လမ်းလျှောက်ခြင်းကို ပြုလုပ်သင့်ပါ တယ်။ မတ်တပ်ရပ် အလုပ်လုပ်ရသူဆိုရင်တော့ ထိုင်ထအားကစားပုံစံ လှုပ်ရှားမှုမျိုးလုပ်နိုင်ပါတယ်။

ဒုတိယမီးခိုးငွေ့ရှူရှိုက်သူအဖြစ်မှ ရှောင်ရှားပါ

ဆေးလိပ်သောက်ခြင်းဟာ နှလုံးကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါဖြစ်ပွားမှုရဲ့ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းဟာ အလုပ်နဲ့ အိမ်က ဆေးလိပ်သောက်သုံးသူတွေရဲ့ မီးခိုးငွေ့ကို ရှူရှိုက်ခြင်းကြောင့်ဖြစ်တယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။ ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းကနေ သွေးတွင်းကိုလက်စထရောကို မြင့်တက်စေသလို သွေးဖိအားကိုလည်း မြင့်တက်စေပါတယ်။ စီးကရက်အငွေ့မှတစ်ဆင့် စီးကရက်ထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် သွေးကြောတွေထဲမှာ ချိုးအနေနဲ့ ကပ်ငြိလာစေပါတယ်။ ဆေးလိပ်သောက်သူတွေအနေနဲ့ ကလေးငယ်တွေရှိတဲ့ ပတ်ဝန်းကျင်ရဲ့ဝေးဝေးမှာ သောက်သင့်ပါတယ်။

 

မေသက်ဇင်

Ref : https://health.clevelandclinic.org

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *