ရခိုင်ဝန်ကြီးချုပ် စီးလာသည့်ယာဉ် တံတားအောက်ထိုးကျ

ရန်ကုန်၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု လိုက်ပါလာသည့် မော်တော်ယာဉ် မြောက်ဦးမြို့နယ်တွင် မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာမရကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

နေပြည်တော်က ပြန်လာသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စီးနင်းလာသည့် ကား ယနေ့နံနက်ပိုင်းက မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက် အရောက်တွင်တံတားအောက် ထိုးကျခြင်း ဖြစ်သည်။

“ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဝန်ကြီးချုပ်က ခါးနည်းနည်းနာသွားတယ်။ အဲဒီလောက်ပါပဲ”ဟု ဝန်ကြီးက ပြောဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်ပြီး စစ်တွေမြို့သို့ အပြန်လမ်းတွင် ယင်းသို့ ယာဉ်မတော်တဆ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်စီးနင်း လိုက်ပါလာ သည့် မော်တော်ယာဉ်မှာ အသစ်ဖြစ်သဖြင့် ယာဉ်ချို့ယွင်းချက်ကြောင့် မတော်တဆဖြစ်ခြင်း မဟုတ်နိုင်ကြောင်း၊ သို့သော်လည်း မည်သည့်အကြောင်းအရင်းကြောင့် မတော်တဆဖြစ်သည်ကို မသိရသေးကြောင်း ဝန်ကြီးဦးဝင်းမြင့်က ဆိုသည်။

ယင်းယာဉ်ပေါ်တွင် ဝန်ကြီးချုပ်အပါအဝင် လူလေးဦးလိုက်ပါလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *