တရုတ်တွင် ကားလမ်းကူးနေသည့် ကျောင်းသားများကို ကာဖြင့်ဝင်တိုက် ငါးဦးသေဆုံး၊ ၁၈ ဒဏ်ရာရ

ကားတိုက်မှုဖြစ်ရာ နေရာမြင်ကွင်း

ဘေဂျင်း၊ နိုဝင်ဘာ ၂၂

တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၂၂ ရက်နေ့က ကားလမ်းဖြတ်ကူးသည် ကျောင်းသူ ကျောင်းသားများကို ကားဖြင့်ဝင်တိုက်ခဲ့ခြင်းကြောင့် လူငါးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိသွားကြောင်း The Strats Times သတင်းတွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ဟူလူတိုမြို့တွင် ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းကို ရဲကဖမ်းဆီးထားကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။

တရုတ်နိုင်ငံတွင် လူသုံးများသော ဝီဘိုလူမှုကွန်ရက်တွင် တင်ထားသည့် ဗီဒီယိုဖိုင်အရ ယာဉ်မောင်းသူက လမ်းကြောင်းမှားမောင်းနှင်၍ ကျောင်းသား ကျောင်းသူများကို တိုက်ပစ်ခဲ့ပုံကို တွေ့ရသည်။

တခြားဗီဒီယိုဖိုင်တစ်ခုတွင် အနည်းဆုံး ကလေးနှစ်ဦး လမ်းပေါ်၌ သွေးထွက်ပြီး သတိလစ်မေ့မြောနေသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ပွားလေ့ရှိပြီး ယခုလအစောပိုင်းက ချုံကင်းပြည်နယ်တွင် ယာဉ်မောင်းသူနှင့် ခရီးသည် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ယာဉ်မှာ တံတားပေါ်မှာ ပြုတ်ကျခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့သည်။

စက်တင်ဘာလကလည်း ဟူနန်ပြည်နယ် ဟန်ဒေါင်းမြို့ ပြည်သူ့ရင်ပြည်ရှိ လူအများကို ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ခြင်းကြောင့် လူ ၁၁ ဦး သေဆုံးခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလကလည်း ရှန်ဟိုင်းမြို့တွင် ဂက်နှင့် လောင်စာဆီတင်ဆောင်ထားသည့် ဗင်ယာဉ်တစ်စီးမီးလောင်၍ လမ်းသွားလမ်းလာများကို ဝင်တိုက်မိခဲ့ခြင်းကြောင့် လူ ၁၈ ဦး ဒဏ်ရာရရှိသွားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *