မာနေးကို နှစ်ရှည်စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း လီဗာပူးအတည်ပြု၊ ဆားလားဟ်ကို လီဗာပူးမှထွက်ခွာရန် အီဂျစ်နည်းပြတိုက်တွန်း

လီဗာပူး၊ နိုဝင်ဘာ ၂၃

လီဗာပူးအသင်းသည် တိုက်စစ်တောင်ပံကစားသမား မာနေးကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကာ စာချုပ်သစ်၏သက်တမ်းကို လီဗာပူးက အတိအကျ ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ကာလရှည်စာချုပ်ဟုသာ အသိပေးထားကြောင်း Daily Star က ဖော်ပြထားသည်။

လီဗာပူးအသင်းတာဝန်ရှိသူများသည် မာနေးကိုခေါ်ယူရန် ရီးရဲလ်မက်ဒရစ်က ချဉ်းကပ်မှုများရှိလာသည့်အတွက် စာချုပ်သစ်ကို အလျင်အမြန်ပင် အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ပြီး စာချုပ်သစ်တွင် မာနေး၏တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင်တစ်သိန်းခွဲသို့တိုင် တိုးမြှင့်ပေးလိုက်ကြောင်းလည်း လီဗာပူးက သတင်းထုတ်ပြန်ထားသည်။

လီဗာပူးသည် မာနေးမတိုင်မီတွင် ဆာလားဟ်နှင့် ဖာမင်ညိုတို့ကိုလည်း စာချုပ်သစ်များ လက်မှတ်ရေးထိုးခဲ့သေးကာ အသင်းအနာဂတ်အတွက် အရေးပါသည့်ကစားသမားတစ်ဦးကို စာချုပ်သစ် ချုပ်ဆိုလိုက်နိုင်သည့်အတွက် လွန်စွာအားရကျေနပ်မိပါကြောင်း လီဗာပူး နည်းပြ ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်။

ဂျာဂင်ကလော့ပ်သည် မာနေးမှာ တိုက်စစ်နှင့် ကွင်းလယ်နေရာများတွင်သာမကဘဲ ခံစစ်တွင်လည်း ကောင်းစွာကစားနိုင်စွမ်းရှိသူဟု ချီးကျူးစကားဆိုထားပြီး မာနေးကလည်း လီဗာပူးမှာ ရည်မှန်းချက်ကြီးမားသော အသင်းတစ်သင်းဖြစ်ခြင်းကြောင့် စာချုပ်သစ်ကမ်းလှမ်းမှုကို ချက်ချင်းပင် လက်ခံဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသွားခဲ့သည်။

လီဗာပူးအသင်း တာဝန်ရှိသူများသည် လက်ရှိတွင် ကွင်းလယ်ကစားသမား ဟန်ဒါဆင်ကိုလည်း စာချုပ်သစ်လက်မှတ်ရေးထိုးရန်စီစဉ်နေပြီး ဟန်ဒါဆန်၏အကျိုးဆောင်ကိုယ်စားလှယ်များနှင့် ၎င်းတို့အကြားတွင် စာချုပ်သစ်အတွက် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်းလည်း လီဗာပူးအသင်း ဒါရိုက်တာဘုတ်အဖွဲ့က အသိပေးထားပြီဖြစ်သည်။

အီဂျစ်လက်ရွေးစင်အသင်းနည်းပြ အဂွီရေးသည် တိုက်စစ်မှူးဆာလားဟ်ကို လီဗာပူးအသင်းထံတွင် လက်ရှိဘောလုံးရာသီ တစ်ရာသီမျှသာ ကစားစေလိုလျက်ရှိပြီး ယခုနှစ် ဘောလုံးရာသီတွင် လီဗာပူးအနေနှင့် ပြိုင်ပွဲတစ်ခုခု၌ ချန်ပီယံမဖြစ်ခဲ့ပါက ရီးရဲလ်မက်ဒရစ်၏ကမ်းလှမ်းမှုကို လက်ခံလိုက်ရန် အဂွီရေးက ဆာလားဟ်ကို တိုက်တွန်းလျက်ရှိသည်။

လီဗာပူးသည် ၂၀၁၂ ခုနှစ်တွင် လိဂ်ဖလားပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့ပြီးသည့်နောက်တွင် ဆုဖလားများနှင့် ဝေးကွာသွားခဲ့ကာ ဆာလားဟ်ကို ရီးရဲလ်မက်ဒရစ်ခေါ်ယူလိုနေသည်မှာ ဂျူဗင်တပ်ထံသို့ ရောင်းချလိုက်သည့် စီရော်နယ်ဒို၏ကွက်လပ်ကို အစားဖြည့်ရန်အတွက်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် လက်ရှိတွင် ဆာလားဟ်၏အေးဂျင့်များထံသို့ ချိတ်ဆက်စကားပြောဆိုမှုများရှိနေပြီး လီဗာပူးကမူ ၎င်းတို့အနေနှင့် ဆာလားဟ်ကို စာချုပ်သစ်ချုပ်ဆိုထားနိုင်ခဲ့ပြီးပြီဖြစ်၍ အလွန်အမင်း စိတ်မပူမိကြောင်း ထုတ်ဖော်ပြောကြားထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *