ဘူးသီးတောင်တွင် မိုင်းပေါက်၍ လူနှစ်ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာအုပ်စုအနီး ကာလမ်းပေါ်တွင် ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီခန့်တွင် မိုင်းပေါက်ကာ အမျိုးသားနှစ်ဦး သေဆုံးကြောင်း အဆိုပါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောဆိုသည်။

ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ကားလမ်းပေါ်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ဖြစ်စဉ်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကာ သေဆုံးသူနှစ်ဦးမှာ မည်သူ မည်ဝါဖြစ်သည်ကိုလည်း မသိရသေးကြောင်း ၎င်းက ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၅နာရီခန့်တွင် ပြောဆိုသည်။

မိုင်းပေါက်ရာ နေရာပတ်ဝန်းကျင်တွင် တပ်မတော်က လုံခြုံရေးများ တင်းကျပ်ဆောင်ရွက်နေသည်ကို တွေ့ရပြီး သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းမှာ ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာအနီး ကျေးရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသားနှစ်ဦးစီးလာသည့်ဆိုင်ကယ် ပျက်စီးသွားပြီး မိုင်းဗုံးနှင့် ဆက်စပ်ပစ္စည်းများလည်း ဒေသခံအချို့ကို မေးမြန်းချက်အရ သိရသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *