အာရှသား Superhero ဇာတ်ကောင်ဦးဆောင်ပါဝင်မယ့် ရုပ်ရှင် Marvel ရိုက်ကူးဖို့စီစဉ်ဟု သတင်းထွက်

ဟောလိဝုဒ်၊ ဒီဇင်ဘာ ၆

Marvel Studio ကနေပြီး အာရှသား Superhero ဇာတ်ကောင် ဦးဆောင်ပါဝင်မယ့် ရုပ်ရှင်ကားတစ်ကား ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေကြောင်း NME သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Marvel ဟာ ကွန်ဖူးဘုရင်ရှန်းချီဆိုတဲ့ ဇာတ်ကောင်ကို အဓိကဇာတ်လိုက်နေရာကနေထားပြီး ရုပ်ရှင်တစ်ကားရိုက်ကူးဖို့ စီစဉ်နေတာပါ။

ယခုလိုထွက်ပေါ်နေတဲ့ သတင်းတွေသာမှန်ခဲ့ပါက ရှန်းချီဟာ Marvel ရဲ့ ဇာတ်လိုက်နေရာကပါဝင်တဲ့ ပထမဆုံး အာရှသား Superhero ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

ရှန်းချီလို့အမည်ရတဲ့ Superhero ဟာ ၁၉၇၃ ဒီဇင်ဘာမှာ Marvel ရုပ်ပြမှာ စတင်ထွက်ပေါ်ခဲ့ပြီး ဖူးမန်ချူးရဲ့သားဖြစ်ကာ ကမ္ဘာကြီးနဲ့ သီးခြားဖြစ်တည်နေတဲ့နေရာမှာ ကြီးပြင်းခဲ့ရတယ်လို့ ရုပ်ပြဇာတ်လမ်းတွေမှာ ဖော်ပြထားပါတယ်။

ရှန်းချီကို အဓိကဇာတ်ကောင်နေရာကထားရိုက်ကူးမယ့်ရုပ်ရှင်အတွက် သရုပ်ဆောင်တွေကို လက်ရှိအချိန်ထိ မသိရသေးပေမယ့် ဇာတ်ညွှန်းကိုတော့ တရုတ်- အမေရိကန်စာရေးဆရာ ဒေ့ဗ်ကာလာဟန်က တာဝန်ယူရေးသားဖို့ သဘောတူညီထားပြီးပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *