သွေးလှူဒါန်းလိုသူများ ကြိုတင်စာရင်းပေးနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၅

သွေးလှူဒါန်းလိုပါက အမျိုးသားသွေးဌာန၏ ဝက်ဘ်ဆိုက်သို့ ကြိုတင် စာရင်းပေး လှူဒါန်းနိုင်ကြောင်း အမျိုးသားသွေးဌာန၊ သတင်းနှင့် မီဒီယာပြန်ကြားရေးတာဝန်ခံ ဒေါက်တာနွယ်နွယ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြိုတင်စာရင်းပေးလှူဒါန်းသူ နေ့စဉ် ၁၀ ဦးမှ ၁၅ ဦးအထိ ရှိနေကြောင်း ၎င်းက ဆိုသည်။

“စာရင်းပေးပြီး လှူတာကတော့ အရင်က ဒီ့ထက်နည်းမှာပေါ့။ အခုကတော့ တက်လာတယ်လို့ ပြောရမယ်။ အပြင်မှာလည်း လာလှူနေကြပါတယ်။ တစ်နေ့ကို အလှူရှင် ၅၀ ကနေ ၇၀ အထိ လာလှူပါတယ်” ဟု ဒေါက်တာနွယ်နွယ်ဦးက ပြောကြားသည်။

အမျိုးသားသွေးဌာနက ရန်ကုန်မြို့ရှိ ဆေးရုံကြီးများမှ လူနာများအတွက် အဆင်သင့်သွေးရရှိစေရန် ဆောင်ရွက်ပေးနေပြီး နေ့စဉ်သွေးယူနစ် ၃၀၀ ခန့် လိုအပ်ကြောင်း (သွေးတစ်ယူနစ်လျှင် သွေးတစ်အိတ်) ၎င်းက ပြောကြားသည်။

၂၀၁၇ ခုနှစ်ကစတင်၍ www.donatebloodmyanmar.org  ဝက်ဘ်ဆိုက်ကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါဝက်ဘ်ဆိုက်တွင် သွေးလှူရှင် ၂၇၀ ဦးအထိ ကြိုတင်စာရင်းပေးလှူဒါန်းနိုင်မည်ဖြစ်သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *