“ဒီနှစ်မှာ ပိုပြီးတော့ လှုပ်လှုပ်ရှားရှားဖြစ်လာမယ် ထင်ပါတယ်”

ဓာတ်ပုံ - ဥမ္မာလွင်

carsDB Chief Operation Office  (COO) ဦးဝေဖြိုးကျော်နှင့် တွေ့ဆုံခြင်း 

The Voice Journal – မော်တော်ယာဉ် ပြပွဲလုပ်ခဲ့တဲ့ သုံးနှစ်အတွင်း ဈေးကွက်အခြေအနေ ဘယ်လောက် တိုးတက်လာလဲ။

UWPK – မော်တော်ယာဉ်ပြပွဲကို စလုပ်တုန်းက ပထမဦးဆုံးအကြိမ်လည်းဖြစ်လို့ ကားဝယ်ချင်တဲ့ သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက နားမလည်ဘူးဆိုတာထက်ကို အသစ်အဆန်းဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ အွန်လိုင်းမှာလည်း Brand New တွေ အကုန်လုံးကို  Application ဝက်ဘ်ဆိုက်ပလက်ဖောင်းအနေနဲ့ လာရောက်အသုံးပြုနေကြပြီ။ အပြင်မှာ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ၂၀၁၇ ခုနှစ်မှာပထမဆုံး စလုပ်ခဲ့တယ်။ အဲဒီမှာလည်း ပါဝင်တဲ့ Brand တွေကို လာကြည့်ရှုတဲ့သူတွေ ကျေနပ်ကြတယ်ဆိုတော့ အကုန်လုံးအတွက် Win-Win ပေါ့နော်။ အဲဒါကို ဆက်လက်ပြီးတော့ ကျင်းပတာပေါ့။ ၂၀၁၈ မှာ ဆက်လုပ်ခဲ့တယ်။ ဘယ်လိုမျိုး ပြောင်းလဲလာသလဲဆိုတော့ တစ်ခေါက်နဲ့ တစ်ခေါက် ပိုကောင်းအောင် လုပ်ခဲ့တယ်။ ရန်ကုန်ပွဲမှာ အောင်မြင်တယ်။ မန္တလေးမှာ ထပ်လုပ်တယ်။ Luxury မော်တော်ယာဉ်တွေကို Promote လုပ်ချင်တဲ့အတွက်  Luxury Show ဆိုပြီး လုပ်တယ်။ နိုဗိုတယ်ဟိုတယ်မှာ လုပ်ခဲ့တယ်။ဟိုတစ်ခါ ပွဲက အကြောင်းအမျိုးမျိုးကြောင့် ရပ်လိုက်ရတယ်။ အဲဒီပွဲမှာ မော်တော်ယာဉ် Brand  ၁၇ မျိုးနဲ့ ၁၈ မျိုး လုပ်ဖြစ်တယ်။ အခုက အပြင်မှာ မလုပ်ဘဲ Indoor Structure  ထဲမှာ လုပ်တယ်။

The Voice Journal – အခုလို ကားပြပွဲတွေ လုပ်လာတဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိလဲ။

UWPK – ဒီ Industry ထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကားဝယ်ချင်တဲ့ မိဘပြည်သူတွေ၊ မော်တော်ယာဉ် ချစ်သူတွေ ရှိတယ်။ အခြားလုပ်ငန်းစုတွေ ရှိတယ်။ ဒါတွေ အကုန်လုံးကို ပူးပေါင်းပြီးတာ့ လက်တွဲပြီးတော့ ဆောင်ရွက်တဲ့ အနေအထားတစ်ခု ရောက်အောင် ကြိုးစားရတယ်။ ဒါမျိုးက တော်တော်လေးအချိန်ပေးရတယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်ကလည်း စီးပွားရေးပြောင်းလဲနေချိန်မှာ တိုးတက်နေချိန်မှာ လူတိုင်းက အချိန်မရှိကြဘူး။ ဒီလိုမျိုး ပွဲကြီးတစ်ခုဖြစ်ဖို့ အနည်းဆုံး ခြောက်လပြင်ဆင်ရတယ်။ ဧရာဝတီဘဏ်တို့ ပါတယ်။ ရှိသမျှ မော်တော်ယာဉ် Brand အကြီးကြီးတွေကို လိုက် ဆွေးနွေးရတယ်။ ဒါမျိုးတွေက အခက်အခဲတစ်ပိုင်းပါပဲ။ နောက်တစ်ခုက ကား ချစ်သူတွေ တစ်နေရာတည်းမှာ လာရောက် လေ့လာဖို့အတွက် လုပ်ရတဲ့အပိုင်းမှာလည်း အခက်အခဲတွေ ရှိတယ်။ ကျွန်တော်တို့ အဓိကရည်ရွယ်ချက်က မော်တော်ယာဉ် ရောင်းသူနဲ့ ဝယ်တဲ့သူကို အဆင်ပြေစေချင်တယ်။ အွန်လိုင်းမှာ အောင်အောင်မြင်မြင် လုပ်ခဲ့တယ်။ အဲဒီလိုမျိုး အပြင်မှာလည်း  အောင်မြင်ချင်တယ်။ အဲဒါက အဓိက Mission ပေါ့နော်။

The Voice Journal –  လက်ရှိ မော်တော်ယာဉ်ဈေးကွက်ထဲမှာ တစ်ပတ်ရစ်၊  Brand New တွေအပြင် ပြည်တွင်းမှာ  SKD နဲ့ ထုတ်တဲ့ မော်တော်ယာဉ်တွေရဲ့ ဈေးကွက်အခြေအနေ ဘယ်လိုရှိလဲ။

UWPK – ဒီမှာတော့ ဈေးကွက်တွေက အမျိုးမျိုးရှိတယ်။ ပြည်ပကနေ တင်သွင်းတာရှိတယ်။ SKD, CKD တို့ ရှိမယ်။ အခုဆိုရင်လည်း တဖြည်းဖြည်းနဲ့ SKD  ပိုင်းတွေကို အားပေးလာတာ တွေ့ရတယ်။ အစိုးရရောပဲ။ Brand  တွေကိုလည်း စိတ်ဝင်စားလာကြတယ်။ အရင်တုန်းက ဆိုရင် Suzuki ၊ Ford ၊ Nissan တို့လို Brand အနည်းစုသာ ရှိပေမယ့် နောက်ပိုင်း မှာတော့ SKD ဘက်ကို ပိုပြီးအားသန်လာတာ တွေ့ရတယ်။ တကယ်တမ်း ကျွန်တော်တို့ အောင်အောင်မြင်မြင်နဲ့ အခွင့်အရေး အများကြီးပေးပြီးတော့ စနစ်တကျလုပ်နိုင်မယ်ဆိုရင် ကောင်းပါတယ်။ နိုင်ငံတကာဈေးကွက်မှာလည်း ဒီလိုမျိုးပဲ သွားကြတာပေါ့နော်။ တစ်ဆင့်ပြီး တစ်ဆင့်ပေါ့။ SKD ကနေ Fully Assembly ထိသွားဖို့ လုပ်နိုင်မယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အခုမှ အစဆိုတော့ ပြောရခက်တာပေါ့။

The Voice Journal –  မော်တော်ယာဉ်ပြပွဲတွေ လုပ်လာတာလည်း ကြာပြီ။  ဒီတော့ ဘယ်မောင်းအပေါ် ဈေးကွက်ရဲ့ စိတ်ဝင်စားမှုက ဘယ်လိုရှိလဲ။

UWPK – ပွဲတွေ မကပါဘူး။ အွန်လိုင်းမှာလည်း လူတွေနဲ့ ထိတွေ့နေရတယ်။ အွန်လိုင်းက အသုံးပြုတွေဆီကလည်း  Data တွေ သိရတယ်။ လေ့လာလို့ ရတယ်။ လူတွေက Used မော်တော်ယာဉ်တွေကို စိတ်ဝင်စားမှုက တကယ်လည်း လျော့တော့  မကျပါဘူး။ နောက်ထပ်  Brand New  ဘက်ကိုလည်း စိတ်ဝင်စားတဲ့ ဈေးကွက် ထွက်လာတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ပထမဆုံးအကြိမ် မော်တော်ယာဉ်ဝယ်စီးတဲ့ First Time Buyer  လည်း ပေါ်ပေါက်လာတယ်။ Riding Middle Class  ရှိတယ်။ Brand New ဘက်ကိုလည်း ပိုပြီး အားသန်လာတယ်။ ကားဝယ်တယ်ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်ပဲလေ။ သူတို့တွေရဲ့ လူနေမှုဘ၀နဲ့ အံကိုက်တယ်၊ သူတို့ သုံးနိုင်တဲ့ ပိုက်ဆံနဲ့ ကိုက်တယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့  Brand လည်း ဖြစ်မယ်ဆိုရင် ဆုံးဖြတ်ပြီး ဝယ်ကြတာပဲ။

The Voice Journal – သုံးစွဲသူတွေက ဒီဘယ်မောင်း၊ ညာမောင်း ခွဲခြား ဝယ်ယူကြတာမျိုးရှိလား။

UWPK – အရင်တုန်းက ဘယ်မောင်းဆိုရင် သူတို့က မောင်းရခက်မယ် ထင်တာ။  ဒါကတော့ မမှားပါဘူး။ ကျွန်တော်တို့ တစ်သက်လုံး အရိုးစွဲလာတာ။ တဖြည်းဖြည်းနဲ့ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကစပြီး  မောင်းကြတယ်။ ကိုယ့်လည်း တက်မောင်းကြည့်တော့ တဖြည်းဖြည်းနဲ့ သိပ်မကွာဘူး ဆိုတာ သိလာတယ်။ မှန်ပါတယ်။ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ Safe  ပိုဖြစ်တဲ့ အားသာချက်တွေရှိပါတယ်။ တချို့တွေက အစမှာတော့ စိုးရွံ့တာရှိပါတယ်။ အချိန်ပါပဲ။ အချိန်နဲ့ ဈေးကွက်ကနေ သင်ပေးသွားတယ်။ ဘယ်မောင်း၊ ညာမောင်းကတော့ နောက်ပိုင်းမှာ သိပ်ပြောစရာ မလိုတော့ပါဘူး။

The Voice Journal – မော်တော်ယာဉ် အသစ်နဲ့ အဟောင်း ဘယ်အပိုင်းမှာ အဝယ်များတာရှိလဲ။

UWPK – မော်တော်ယာဉ်က ပြောရခက်ပါတယ်။ ဘာအတွက်သုံးမှာလဲဆိုတဲ့ အပေါ်မှာလိုက်ပြီးတော့ ကွာသွားပြန်တယ်။ လုပ်ငန်းသုံးမှာလား။ မိသားစု အတွက်လား။ လုပ်ငန်းသုံးမှာ အဟောင်းတွေက ရောင်းနေရတယ်။ အသစ်တွေကိုလည်း စိတ်ဝင်စားမှုရှိတယ်။ အရစ်ကျတွေနဲ့ ရလို့။ မိသားစုသုံးမှာဆိုရင်လည်း အခုဆိုရင် အသစ်ကို စိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ကျွန်တော်တို့ Suzuki တို့၊  Toyota တို့၊ Nissan တို့ မြန်မာပြည်မှာ တပ်ဆင်တဲ့ မော်တော်ယာဉ်တွေ ဈေးကလည်း သင့်တော်တယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ လိုက်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဧရာဝတီဘဏ်တို့ကလည်း အရစ်ကျ စီစဉ်ထားပေးတယ်။

The Voice Journal – လက်ရှိ မော်တော်ယာဉ်မူဝါဒကြောင့် ၂၀၁၉  မော်တော်ယာဉ်ဈေးကွက်အခြေအနေက ဘယ်လိုရှိလာနိုင်မလဲ။

UWPK – ဒီနှစ်မှာပိုပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာမယ် ထင်ပါတယ်။ ရန်ကုန်လိုင်စင်ပြန်ပေးမယ်ဆိုပြီး သတင်းတွေလည်း ထွက်တယ်။ နောက်ပြီးတော့ ဒေါ်လာဈေး တည်ငြိမ်သွားပြီဆိုရင် မော်တော်ယာဉ်တွေတင် မကဘူး၊ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးအတွက် အထောက်အကူဖြစ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်လာမယ်ဆို မော်တော်ယာဉ်အရောင်းအဝယ် ဖြစ်ပါတယ်။ အခုလည်း ဖြစ်တော့ဖြစ်တယ်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *