ဖိလစ်ပိုင်ရဲကို ပဲနို့ပူတင်းနဲ့ပစ်ပေါက်တဲ့ တရုတ်ကျောင်းသား အရေးယူခံရ

မနီလာ၊ ဖေဖော်ဝါရီ ၁၄

ပဲနို့ဖြင့် လုပ်ထားသော ပူတင်းထုပ်ဖြင့် ရဲကို ပစ်ပေါက်လိုက်သော တရုတ်ကျောင်းသားတစ်ဦးကို တိုက်ခိုက်မှု၊ မနာခံမှုနှင့် နှောင့်ယှက်မှုတို့ဖြင့် အရေးယူထားကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ကျန်ကျားလီသည် မနီလာဘူတာရုံတွင် ရထားစီးစဉ်ရဲအရာရှိက ဘူတာရုံ ထဲမဝင်ခင် မုန့်ကို ကုန်အောင်စားပါရန် သူမကို လာရောက်ပြောကြားခဲ့သည်။

ကျန်ကျားလီသည် ပူတင်းမုန့်ဖြင့် ရဲအရာရှိကို ပစ်ပေါက်လိုက်ပြီးနောက်နောက်ပိုင်းတွင် ထိန်းသိမ်းခံထားလိုက်  ရသည်။

ကျန်ကျားလီသည် ယင်းပြစ်မှုကြောင့် ပြည်နှင်ခံရနိုင်ပြီး ဖိလစ်ပိုင်သို့ ထပ်မံမဝင်ရောက်ရန် အမည်မည်းစာရင်း အသွင်းခံရနိုင်သည်။

အဆိုပါဖြစ်ရပ်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကြုံခဲ့ရခြင်းဖြစ်ပြီး ဖိလစ်ပိုင်မြို့တော် မနီလာ၏ မြေအောက်ရထားလိုင်းတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

အသက်၂၃ နှစ်အရွယ် အဆိုပါအမျိုးသမီးငယ်သည် ဖိလစ်ပိုင်နိုင်ငံတွင် ဖက်ရှင်ဒီဇိုင်းပညာ လာရောက်သင်ကြားနေခြင်း ဖြစ်သည်။

ကျန်ကျားလီကဒေသအခေါ် တာဟိုဟု အမည်ရသည့် ပဲနို့ပူတင်းကို ကိုင်ပြီး ဘူတာထဲဝင်စဉ် ရဲအရာရှိဝီလီယမ်  ခရစ္စတိုဘယ်က တားမြစ်ခဲ့ခြင်းဖြစ်သည်။

မနီလာမြို့တော်မြေအောက် MRT ရထားလိုင်းအတွင်းသို့ အချိုရည်ပုလင်း၊ ရေနှင့် အရည်များ သယ်ဆောင်လာခြင်ကို တားမြစ်ထားသည်။

“ဘူတာရုံထဲကို မဝင်ခင်လွှင့်ပစ်ချင် ပစ်၊ မလွှင့်ပစ်ချင်ရင် ကုန်အောင်စားပါ”ဟု ရဲအရာရှိက ပြောကြားပြီးနောက် ထိပ်တိုက်ပြဿနာဖြစ်ခဲ့ခြင်း ဖြစ်သည်။

ရဲကိုပူတင်းဖြင့် ကောက်ပေါက်လိုက်သဖြင့် အရေးယူခံရသော တရုတ်ကျောင်းသူသည် အာဏာပိုင်အပေါ် မလေးမစားပြုပြီး တိုင်းပြည်ကိုလည်း မလေးစားရာရောက်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအရာရှိ ဖြစ်သူ ဒါနာကရီဇီယာက ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *