“ကျွန်တော်တို့ကတော့ CKD နီးပါးပါပဲ”

Photo - Kyaw Kyaw Aung FB

ဒေဝူးယာဉ်များထုတ်လုပ်မည့် Myanmar Trade Center အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်နှင့် တွေ့ဆုံခြင်း

The Voice Journal – ဒေဝူးကားတွေ စထုတ်ဖို့ အဆင့်သင့်ဖြစ်နေပြီလားဗျ။

Dr.KKA – ကျွန်တော်တို့ ဧပြီလောက်မှာ စထုတ်မှာပါခင်ဗျ။

The Voice Journal – အရင် အင်တာဗျူးက ပြောခဲ့သလို စက်မှုဝန်ကြီး ဌာန ထောက်ကြန့်စက်ရုံမှာပဲလား ခင်ဗျ။

Dr.KKA – ဟုတ်ပါတယ် ခင်ဗျ။ထောက်ကြန့်မှာပါပဲ။

The Voice Journal -ဘယ်နှမျိုးထုတ်မှာလဲဗျ။

Dr.KKA – စီးတီးဘတ်စ်ရယ်၊ မီနီဘတ်စ်ရယ် နှစ်မျိုးထုတ်မှာပါ။

The Voice Journal -အဓိက ဈေးကွက်က ဘယ်ကိုသွားမလဲခင်ဗျ။

Dr.KKA – အဓိကဈေးကွက်ကတော့ စီးတီးဘတ်စ်ကကျတော့ စီးတီးဘတ်စ်ဖြစ်တဲ့အတွက် ရန်ကုန်မြို့တွင်း သွားလာရေးမှာလည်း သုံးလို့ရတယ်။ နောက်တစ်ခါ  Inter-city ပေါ့နော်။ မြို့တစ်မြို့နဲ့တစ်မြို့ကို ဆက်သွယ်တဲ့ ကွန်ရက်တွေ အတွက်လည်း သုံးလို့ရတယ်။ ရန်ကုန်- ပဲခူးတို့ စသည်ဖြင့်ပေါ့။ အဲဒီနေရာမှာ သုံးလို့ ရတယ်။ မီနီဘတ်စ်ကကျတော့ School  Bus တွေရယ်၊ ဖယ်ရီတွေမှာ သုံးလို့ရတယ်။ နောက် tour တွေအတွက်လည်း သုံးလို့ရတယ်။

The Voice Journal – ဈေးကွက်ကို မျှော်မှန်းတဲ့အခါကျ ပြည်တွင်းတင်ပဲလားဗျ။ ပြည်ပရော ရှိသေးလား။

Dr.KKA – Export လည်း သွားလို့ ရပါတယ်ခင်ဗျ။ ကျွန်တော်တို့က ဒေဝူးရဲ့  one of the Global manufacturing plant ဖြစ်တဲ့အတွက် ဒေဝူးရဲ့ supply chain ထဲမှာ ရှိနေတဲ့အတွက်ကြောင့် ဒီအာဆီယံနိုင်ငံတွေမှာ လိုချင်တဲ့သူရှိတယ်ဆိုရင် ဒေဝူးက တစ်ဆင့် ပို့လို့ရတာပေါ့နော်။

The Voice Journal – ဒေဝူးကနေ  မြန်မာဘက်ကို လာပြီးသင်တန်းပေးမယ် ဆိုတာတွေကရော လုပ်ပြီးပြီလား ခင်ဗျ။

Dr.KKA – ဟုတ်ပါတယ်။ကျွန်တော်တို့ ဒီကနေ အင်ဂျင်နီယာ ၁၆ ယောက်ကို ကိုရီးယားကို on job training တစ်လ လွှတ်ပြီးသွားပြီ။ အခုထုတ်မယ့်အခါမှာလည်း သူတို့ဆီက အင်ဂျင်နီယာတွေကို ဒီကို လွှတ်မှာပေါ့နော်။ ကြီးကြပ်ပြီး training လုပ်ဦးမှာပေါ့။

The Voice Journal -ရင်းနှီးမြှုပ်နှံမှုကရော ဘယ်လောက်ရှိလဲခင်ဗျ။

Dr.KKA – 7 to 10 Million ရှိပါတယ်ခင်ဗျ။ ဒေါ်လာပေါ့။

The Voice Journal – ရန်ကုန်တိုင်းက ကျောင်းကားတွေနေရာမှာ အစားထိုးသုံးစွဲမယ်လို့လည်း အရင်က ပြောထားတာ ရှိတယ်။ အခုရော။

Dr.KKA – ကျွန်တော်တို့ အဲဒါတော့စကားပြောထားတာ မရှိပါဘူး။

The Voice Journal – ဒီမှာထုတ်မယ့်ပုံစံက SKD စစ်စစ်လို့လည်း ပြောနေတာ ကြားရတယ်။ ဘယ်လိုပုံစံလဲဗျ။

Dr.KKA – ကျွန်တော်တို့ကတော့  CKD နီးပါးပါပဲ။ ကျွန်တော်တို့က အခု  SKD ဆိုတဲ့ဟာက အစိတ်အပိုင်း ကိုးမျိုး ပေါ့နော်။ (အစိတ်အပိုင်းကိုးမျိုး တပ်ဆငရသည့် တစ်စိတ်တစ်ပိုင်းတပ်ဆင် ထုတ်လုပ်သည့်စနစ် Semi-knocked Down – SKD)။ အခု တင်သွင်းလာတဲ့ အစိတ်အပိုင်းက ၈၀၀ ကြားနဲ့ ၁၀၀၀ကြားမှာ ရှိပါတယ်။

The Voice Journal – ဒါဆို အဲဒီတင်သွင်းလာတဲ့ အစိတ်အပိုင်းက ၈၀၀ ကြားနဲ့ ၁၀၀၀ ကြားကို ဒီမှာ ပြန်တပ်ဆင်တယ်လို့ ဆိုလိုတာလား။

Dr.KKA – ဟုတ်ပါတယ်ခင်ဗျ။

The Voice Journal – ကျေးဇူးတင်ပါတယ်ခင်ဗျ။

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *