မြိတ်မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး တက်ထိုင်

Photo - U Myint Than

မြိတ်၊ မတ် ၈

မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိဗိုလ်ချုပ် အောင်ဆန်းမြင်းစီးကြေးရုပ်ပေါ်သို့ မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးတက်ထိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့သူမြို့သားများထံမှ သိရသည်။

အသက် ၅၀ ခန့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု၏ ခါးအားနောက်မှ သိုင်းဖက်၍ တက်ထိုင်ခဲ့ပြီး ဖြစ်စဉ်မှာ မိနစ် ၃၀ ခန့် ကြာမြင့်ကြောင်း အထက်ပါမြို့ခံများက ပြောဆိုသည်။

“ဒီလိုအဖြစ်အပျက်မျိုး နှစ်ကြိမ် သုံးကြိမ်လောက်ရှိနေပြီ။ စိတ်မနှံ့သူ (စိတ်ကျန်းမရေးမကောင်းသူ)တွေချည်း တက်ထိုင်တာ ထူးတော့ ထူးဆန်းနေတယ်” ဟု အသက် ၄၀ နှစ်အရွယ် မြိတ် မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

တက်ထိုင်ပြီး မိနစ် ၃၀ ခန့်အကြာ သက်ဆိုင်ရာတာဝန်ရှိသူများက ဖယ်ရှားခဲ့ရကြောင်း မြိတ်မြို့နယ်စည်ပင်သာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Dawei Watch

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *