ရာမို့စ်နှင့် ပီရက်ဇ်တို့ စကားအချေအတင်ဖြစ်၊ ရာမို့စ်ကို ပွဲထွက်ကစားသမားစာရင်းမှ ဖယ်ထုတ်လိုက်ရန် ပီရက်ဇ် ညွှန်ကြား

MD32. MADRID, 01/06/09.- Florentino Pérez, durante su toma de posesión como presidente del Real Madrid en un acto celebrado hoy en el palco de honor del Santiago Bernabéu, donde pidió la "unidad de los socios" y se comprometió a trabajar con su junta directiva para que el club "sea considerado el mejor del siglo XXI". EFE/Ballesteros ESPAÑA-FÚTBOL-REAL MADRID EFE_010609_1418_DEP(0257).jpg

မက်ဒရစ်၊ မတ် ၈

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် အသင်းခေါင်းဆောင် ရာမို့စ်တို့သည် ပြင်းပြင်းထန်ထန် စကားအချေအတင် ဖြစ်ထားကြပြီဖြစ်ပြီး ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရာမို့စ်ကို ပွဲထွက်ကစားသမားစာရင်းမှနေ၍ ဖယ်ထုတ်ချန်လှပ်ထားလိုက်ရန် လျှို့ဝှက်ညွှန်ကြားချက်ပေးသည်အထိ ပီရက်ဇ်က ဒေါသပေါက်ကွဲနေကြောင်း Daily Mail က ဖော်ပြထားသည်။

ပီရက်ဇ်သည် အေဂျက်က ရီးရဲလ်မက်ဒရစ်ကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် အသင်းအဝတ်လဲခန်းအတွင်း သို့ဝင်ရောက်၍ ရီးရဲလ်မက်ဒရစ်ကစားသမားများကို ဆူပူကြိမ်းမောင်းခဲ့ပြီး ပီရက်ဇ်၏လုပ်ရပ်မှာ လက်ခံနိုင်သော အနေအထားမှနေ၍ ဘောင်ကျော်လွန်သွားခဲ့သဖြင့် ရာမို့စ်က ကစားသမားများကိုယ်စား ခွန်းတုံ့ပြန်ပြောကြားရာတွင် ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့ခဲ့ခြင်း ဖြစ်သည်။

ပီရက်ဇ်သည် ရီးရဲလ်မက်ဒရစ် ကစားသမားများ၏လက်ရှိဘောလုံးရာသီ စွမ်းဆောင်ရည်မှာ လွန်စွာစိတ်ပျက်ရွံရှာဖွယ်ကောင်းလွန်းလှသည်ဟု ဂုဏ်သိက္ခာပိုင်းကို ထိုးနှက်သော စကားလုံးများဖြင့် အပြစ်တင်စကားကို သည်းမခံနိုင်လောက်ဖွယ်ရာ ပြောကြားခဲ့ကြောင်း အမည်မဖော်လိုသော ရီးရဲလ်မက်ဒရစ်ကွင်းဝန်ထမ်းတစ်ဦးက အသိပေးထားပြီး ရာမို့စ်က စီရော်နယ်ဒိုကို ဂျူဗင်တပ်ထံသို့ ရောင်းထုတ်လိုက်အပြီးတွင် ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် မည်သည့်အတွက်ကြောင့် ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦး ပြန်မခေါ်ပေးခဲ့ကြောင်း ရှင်းလင်းချက်ပေးရန် ပီရက်ဇ်ကို တောင်းဆိုလိုက်ရာတွင် ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ ရာမို့စ်သည် ၎င်းကို အသင်းတာဝန်ရှိသူများဘက်က ပွဲထွက်ကစားခွင့်ပေးရန် ဆန္ဒမရှိတော့ပါက လာမည့်နွေဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းရွှေ့ရန် စီစဉ်သွားတော့မည်ဖြစ်ကြောင်း ထုတ်ဖော်အသိပေးထားကာ ဂျူဗင်တပ်နှင့် ဆီဗီလာတို့ အပါအဝင် ထိပ်တန်းကလပ်အချို့က ရာမို့စ်ကို ခေါ်ယူရန်အတွက် စောင့်ကြည့်မှုများရှိနေကြပြီဖြစ်သည်။

ရာမို့စ်နှင့် ရီးရဲလ်မက်ဒရစ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး မော်ရင်ညိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်နေသည်ကိုလည်း ရာမို့စ်က ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိခြင်းကြောင့်လည်း ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့ဝင်အချို့က ၎င်းကို အမြင်မကြည်ဖြစ်နေကြသေးသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *