“အရင်တုန်းက ပုံစံနဲ့ပဲ… ဆိုရင်တော့ ပြည်သူတွေအတွက် သိသိသာသာကောင်းမှာ မဟုတ်ဘူး”

ဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံခြင်း

 

TVJ – ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲလည်းနီးလာပြီဆရာ။ အဲဒီတော့ ရန်ကုန်မြို့တော် အုပ်ချုပ်ရေးအကြောင်း ဆွေးနွေးကြမလား။

Dr.ATT – ကြာပါပြီ ကိုယ့်နိုင်ငံမှာသာ သိပ်မစဉ်စားမိတာ။ ဆရာတို့ ဘာလုပ်လာလဲဆို New Public Management ပေါ့နော်။ ပြည်သူ့အုပ်ချုပ်ရေးပုံစံအသစ်က ဘာလက်ခံထားလဲဆိုရင် အရေးကြီးတာ ဘယ်သူပေးတာ အရေးမကြီးဘူး။ ဒီဝန်ဆောင်မှုပေးတာ ထိရောက်ဖို့လိုတယ်။ စားသုံးသူတွေအတွက် အကျိုးရှိဖို့လိုတယ်လို့ပြောထားတဲ့အတွက် အခုအယူ အဆအသစ်တွေက ဘာဖြစ်လာလဲဆိုရင် အများနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို ပုဂ္ဂလိကလည်း ပေးလို့ မရဘူးလားဆိုတဲ့ မေးခွန်းပေါ့။ အမှိုက်သိမ်းတာကို စည်ပင်ကမှ သိမ်းဖို့လိုသလား။ ရေပေးတာတို့၊ မီးပေးတာတို့ ပုဂ္ဂလိကပေးလို့မရဘူးလားဆိုတဲ့ မေးခွန်းတွေပေါ့။

ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးမှာလည်း ဒီမေးခွန်းရှိနေတာက အများပိုင်တွေက ပြည်သူပိုင်လုပ်ငန်းတွေက ဒါတွေသာ ဆက်ပေးနေရင် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး သိပ်များတယ်။ ဝန်ထုပ်ဝန်ပိုးသိပ်များတဲ့အတွက် အကောင်းဆုံးနည်းကတော့ ဖြစ်နိုင်ရင် ဒါတွေအားလုံးကို ပုဂ္ဂလိကလက်ထဲကို လွှဲပြောင်းပေးမယ်။ သို့တည်းမဟုတ် Commercial Type (စီးပွားရေးပုံစံ) လုပ်မယ်ပေါ့။ အများပိုင်တွေကို စီးပွားရေးဆန်ဆန်လုပ်ပါ ဘာညာဆိုတာ။ အဲဒီအခြေခံတွေကို ဗမာပြည် ရန်ကုန်မြို့မှာရှိတဲ့ Urban (မြို့ပြ) နဲ့ ပတ်သက်လို့ Urban service (မြို့ပြဝန်ဆောင်မှု) တွေ ရေ၊ မီးအစ လမ်းအဆုံး။ နောက်တစ်ခါ အမှိုက်သိမ်းတာ၊ နောက်တစ်ခါ ဥယျာဉ်၊ ခြံ၊မြေ စည်ပင်လုပ်ငန်းတွေအားလုံးကို ဘယ်ဟာတော့ဖြင့် စီးပွားဆန်ဆန်လုပ်လို့ရတယ်။ ဘယ်ဟာတော့ဖြင့် Regulatory (အုပ်ချုပ်သူက) ဥပဒေပိုင်းဆိုင်ရာ လုပ်လို့ရတယ်၊ ဘာညာဆိုပြီးတော့ ဆရာဖြစ်စေချင်တာတော့ ရွေးကောက်ပွဲကိုအခု တက်တက်ကြွကြွဝင်တဲ့သူတွေ အားလုံးဟာ ဒီအမြင်သစ်တွေရှိရဲ့လားဆိုတဲ့ မေးခွန်းပေါ့။ မဟုတ်ဘဲနဲ့ အရင်အတိုင်းပဲ၊ အရင်စည်ပင်လိုပဲ အရင်စည်ပင်ကတော့ ဘာလဲဆိုရင် အခွန်အကောက်က Taxation ကရတဲ့ငွေကို ဒီဝန်ဆောင်မှုတွေမှာ ပြန်သုံးတယ်။ ဒီဘက်ပိုင်းမှာကျတော့ User Fees (အသုံးပြုမှု အဖိုးအခ) ပေါ့။ သုံးတဲ့သူဆီကနေ အခကြေးငွေတွေကောက်ပြီးတော့ ထိထိရောက်ရောက် အခုဖြစ်ဖို့ကတော့ စီးပွားရေးဆန်ဆန် လုပ်ဖို့ကတော့ လိုလိမ့်မယ်လို့ထင်တယ်။ စည်ပင်လုပ်ငန်းတွေကို၊ စည်ပင် သာယာလုပ်ငန်းတွေကို၊ ခုနက Urban နဲ့ပတ်သက်တာတွေအားလုံးကို စီးပွားရေးဆန်ဆန်လုပ်ဖို့ဆိုရင် နိုင်ငံတော်ပုံစံကို တိုက်တွန်းလို့တော့ မရဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ပုံစံနဲ့ လုပ်လိုက်တာနဲ့ Regulatory ယန္တရားတွေက ပါလာတာပေါ့။

လုပ်ထုံးလုပ်နည်းတွေပါလာတယ်။ နောက် အမိန့်တွေ လျှောက်ရတာတွေရှိလာတယ်။ သွက်လက်ဖို့ လှုပ်ရှားဖို့ဆိုတာ တစ်နည်းပဲရှိတယ်။ အဲဒါကတော့ Competition (ယှဉ်ပြိုင်မှု) အဲဒီလိုပြောတဲ့အခါမှာ အခုဖြစ်နေတာပေါ့။ တစ်ကမ္ဘာလုံးမှာလည်း နယူးဇီလန်တို့၊ ဩစတြေးလျတို့၊ အမေရိကတို့၊ အင်္ဂလန်တို့မှာလည်းပဲ ဒီ Position (ပုံစံ) ပေါ့။ ပိုင်ဆိုင်မှု ကတော့ စည်ပင်ပဲပိုင်ပြီးတော့ Management (စီမံခန့်ခွဲမှု) ကတော့ တကယ့်ကို ပရောဖက်ရှင်နယ် မန်နေဂျာတွေ၊ တကယ့်ကို ကျွမ်းကျင်မှုရှိတဲ့သူတွေကို တာဝန်ပေးတဲ့ ပုံစံပေါ့။ အဲဒီလိုဟာမျိုးလေးတွေကိုတော့ သူတို့စိတ်ထဲမှာ စဉ်းစားစေချင်တာ။ အဲဒီလို မစဉ်းစားဘဲနဲ့ အရင်တုန်းက ပုံစံနဲ့ပဲ စည်ပင်ကောင်စီဝင်တစ်ယောက်အနေနဲ့ အရင်တုန်းကလိုပဲ ဗျူရိုကရက်ပုံစံနဲ့ ဝင်လုပ်ချင်တဲ့ပုံစံဆိုရင်တော့ ပြည်သူတွေအတွက် သိသိသာသာကောင်းမှာ မဟုတ်ဘူး။ ဆရာဖြစ်စေချင်တာကတော့ ဒီရွေးကောက်ပွဲဝင်သူတွေ လုပ်ရည်ကိုင်ရည် ရှိဖို့လိုတယ်။ Knowledge အသိတရားတွေရှိဖို့ လိုတယ်။

အခုဖြစ်နေတာ ကြည့်ရတာပေါ့နော်။ အဲဒီမှာရှိတဲ့ အရည်အချင်းတွေကို အခြေခံပြီးတော့ ကိုယ်ပြောလိုက်ရင်လည်းပဲ နိုင်ငံရေးစကားပဲပြောတာကို။ နိုင်ငံရေးစကားပြောတော့ တကယ့်ကို ထဲထဲဝင်ဝင် Urban Service (မြို့ပြဝန်ဆောင်မှု)၊ Urban Planning (မြို့ပြစီမံကိန်း) နဲ့ပတ်သက်လို့ Urban Transportation (မြို့တွင်း ပို့ဆောင်သွားလာရေး) နဲ့ပတ်သက်လို့ ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ နည်းစဉ်တွေကို ဆွေးနွေးတာ၊ ပြောတာတွေ သိပ်မတွေ့ရဘူး။ အဲဒီတော့ဖြစ်စေချင်တာပေါ့နော် ဒီလိုရွေးကောက်ခံတဲ့သူတွေဟာ အသိတရားတွေ နိုးကြားစေချင်တယ်။ နိုင်ငံတကာမှာ ဆရာတို့ မြူနီစပယ်လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ အခုချိန်မှာတော့ အားလုံးက နိုင်ငံတော်ပိုင်လုပ်တဲ့ဟာက မရှိသလောက်ရှားသွားပြီ။ အားလုံးက PPP (Public -Private Partnership) လုပ်တယ်။ ပုဂ္ဂလိကကို လွှဲတယ်၊ လုပ်တယ်။ ပုဂ္ဂလိကက လုပ်နိုင်တာကို လုပ်တယ်။ မဟုတ်ရင်တော့ ဥပဒေပိုင်းဆိုင်ရာကိုတော့ ကိုင်တွယ်ရမှာပဲလေ။ ဒီလုပ်တဲ့အခါမှာ အဲဒီပုံစံတွေကို ပုံစံအသစ်တွေပေါ့။ စဉ်းစားချက်အသစ်တွေကို လူတွေမှာရှိရဲ့လားဆိုတဲ့ ရှိစေချင်တဲ့ ဆန္ဒပါ။ ကိုယ်ဆွေးနွေးချင်တာက အဲဒီဟာပဲဆွေးနွေးချင်တယ်။ ဒါတွေကိုသိစေချင်တယ်။ အသစ်အဆန်းတွေလုပ် စေချင်တယ်။

အခု YBS လုပ်တယ်။ ဒါတွေလုပ်တာတွေ အားလုံးဟာ တကယ်တမ်း တချို့လုပ်ငန်းတွေက အစိုးရပုံစံနဲ့ လုပ်တာမဟုတ်ဘဲနဲ့၊ အုပ်ချုပ်ရေးပုံစံနဲ့ မလုပ်ဘဲနဲ့ စီးပွားရေးဆန်ဆန်လုပ်လို့ရှိရင် စီးပွားရေးဆန်ဆန်လုပ်တဲ့အတွက် အဲဒီလိုပြောလိုက်လို့ ဆိုရင်တော့ စားသုံးသူတွေအတွက် နစ်နာတယ် မနစ်နာဘူးဆိုတဲ့ မေးခွန်းက အရင်တုန်းက ခေတ်မမီတဲ့မေးခွန်းတွေလေ။ အခုဖြစ်နေတာက အားလုံးကို နိုင်ငံတော်က စောင့်ရှောက်မှုပေးရမယ်ဆိုတဲ့အမြင် အယူအဆထက် အရေးကြီးတာ ဒီဝန်ဆောင်မှုကို သက်သက်သာသာ မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မယ့် Service Provider (ဝန်ဆောင်မှုပေးသူ) ပေါ့နော်။ ပေးနိုင်မယ့်သူက ဘယ်သူပဲပေးပေး ပုဂ္ဂလိကရယ်၊ နိုင်ငံတော်ပိုင်ရယ်လို့ စဉ်းစားတာမဟုတ်တော့ဘဲ အတွေးတွေပြောင်းမှရမယ်ထင်တယ်။ ဆရာဖြစ်စေချင်တာတော့၊ ဆရာမျှော်လင့်တာကတော့ အခုလူငယ်တွေလည်း ပါတဲ့အတွက် ဖြစ်စေချင်တာက လူငယ်တွေကို အရင်တုန်းက လူကြီးတွေလုပ်တဲ့ပုံစံကိုတော့ ရှောင်ဖို့လိုတယ်။ ကိုယ်သည် ဝန်ဆောင်မှု ပြည်သူအများအတွက် လုပ်ရမယ့်သူ၊ ဘာပေးဆပ်ရမလဲဆိုတဲ့ အနေအထားနဲ့ လုပ်စေချင်တယ်။ မဟုတ်ရင်တော့ဖြင့် ဒါကြီးက ရာထူးတစ်ရပ်အနေနဲ့ ဒီတာဝန်ကိုယူတာက အခွင့်အရေးတွေယူတာထက်ကို နောက်တစ်ခုက ပြည်သူနဲ့နီးအောင် ဘယ်လိုလုပ်မလဲ။

အခုခေတ်မှာတော့ အားလုံးက အဲဒီပြဿနာ ဖြစ်နေတယ်။ ဆရာတို့ အုပ်ချုပ်တဲ့လူတွေက တကယ် အုပ်ချုပ်ခံရတဲ့သူနဲ့က နည်းနည်းဟနေတယ်။ အောက်မှာတကယ်ဖြစ်တဲ့ဟာတွေက သိပ်မသိကြဘူး။ အောက်ကိုဆင်းပြီးကြည့်နိုင်တဲ့သူ အဲဒီအရည်အချင်းတော့ လိုလိမ့်မယ်ထင်တယ်။ အဲဒီတော့ ဆရာထင်တယ် စကားပြောဖို့ လိုမယ်လို့ အောက်မေ့မိတယ်။ ဖြစ်နေတာ တော်တော်များများ လူကြီးတွေက မေးခွန်းတွေပြောတာများတယ်လေ။ လမ်းညွှန်မှုတွေ ပေးနေတယ်၊ လုပ်နေတဲ့အခါကျတော့ အောက်က တကယ့်ကိုပကတိအခြေအနေကို သေချာမသိနိုင်ဘူးပေါ့။ အဲဒီထက်ပိုတဲ့ ဒီတာဝန်တွေယူတာ နည်းတဲ့ တာဝန်မဟုတ်ဘူးလေ။ ယူရဲတဲ့သူတွေကိုလည်း ကျေးဇူးတော့တင်တယ်။ ဒါပေမဲ့ ယူသလိုပဲ ဆရာထင်တယ်။ တကယ့်ကို ကျေကျေပွန်ပွန် လုပ်စေချင်တဲ့ ဆန္ဒပါ။ မဟုတ်ရင်တော့ အရင်အတိုင်း အရေးကြီးတာက Transformation (ပုံဖေါ်ပြောင်းလဲခြင်း) ပေါ့နော် ဘယ်လောက်ထိ Transform လုပ်နိုင်မလဲ မပြောတတ်ဘူး။

TVJ – အချိန်ကလည်း နှစ်နှစ်ပဲကျန်တော့တယ်။ ဝင်လာတဲ့သူကလည်း ဒုတိယမြို့တော်ဝန်ပဲ အလွန်ဆုံးရမှာဆိုတော့။

Dr.ATT – အရမ်းကို မလှဘူး။ အလှဆုံး အပေါ်ကနေ စပြောင်းရမယ့်အနေအထား မဟုတ်တော့ဘဲနဲ့ အခု ရတဲ့အချိန်လေးထဲမှာ Very Limited လေ။ အကန့်အသတ်တွေဖြစ်နေတယ်။ အကန့်အသတ်တွေဖြစ်နေပေမယ့် ဆရာ့စိတ်ကတော့လေ တစ်ရက်ရလည်း တစ်ရက်ပေါ့လေ။ တကယ့်ကို ကိုယ်လုပ်လိုက်တဲ့အတွက် တကယ့်ကိုထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှု၊ မြင်သာတဲ့ ပြုပြင်ပြောင်းလဲမှု လူတွေ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတော့ ဖြစ်စေချင်တာပဲ။ အခုရန်ကုန်မြို့သူမြို့သားတွေအားလုံး ခံစားနေရတဲ့ ကားကျပ်တဲ့ကိစ္စ။ ကားကျပ်တဲ့ကိစ္စဟာ ဒါဟိုဘက် အရင်အစိုးရလက်ထက်တည်းက မဆင်မခြင်ပြုခဲ့တဲ့ ကိစ္စကြောင့် ဒီလိုပေါ်လာတာ။ ဒါပေမဲ့ အဲဒီ ကားကျပ်တဲ့ကိစ္စက ဖြေရှင်းလို့ရတဲ့ အဖြေတွေကရှိပါတယ်။

နည်းပညာပိုင်းဆိုင်ရာကော၊ ဥပဒေပိုင်းဆိုင်ရာကော ရဲတွေကိုပိုပြီး ဒီထက်ပိုပြီးတာဝန်ချတာ ဘာညာ အဖြေတွေအများကြီးရှိရက်နဲ့ ဒီအဖြေတွေကို အခုတိုင်း ဒီတိုင်းကြည့်နေတဲ့ပုံစံမျိုးဖြစ်နေတယ်။ သိသိသာသာမပြောင်းသွားဘူး။ မပြောင်းသွားတဲ့အပြင်ကို ပိုပြီးတောင် ဆိုးလာသလားဆိုတာဖြစ်တော့ ဆရာထင်တယ် ပြည်သူတွေ၊ ရန်ကုန်မြို့သူ မြို့သားတွေလိုအပ်တာဘာလဲ ဒီ Urban Transportation မြို့ပြသယ်ယူပို့ဆောင်ရေးပေါ့။ ဒီ Traffic Jam (လမ်းကျပ် ကားပိတ်မှု) တွေဖြစ်နေတာ အခုသိတဲ့ အတိုင်းပဲ ။ ဆရာတို့ ဘန်ကောက်မှာ ဒီကိစ္စလုပ်တဲ့အခါကျတော့ ကာလရှည်သူဘာသွားစဉ်းစားလဲဆိုတော့ Sky Train (ကောင်းကင်ရထား) သွားစဉ်းစားတယ်။ ဆရာတို့မှတ်မိသေးတယ်။ ဒီဘန်ကောက်နေတုန်းက Sky Train စလုပ်တာ၊ အခုနောက်ပိုင်းကြည့်တဲ့အခါမှာ Traffic Jam ကတော်တော်လေးသက်သာသွားတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ကျတော့လည်း အချိန်ကာလ ယူမယ်လေ။

အချိန်ကာလယူမယ်ဆိုရင် ဒီနှစ်လုပ်ရင်တော့ နောက်ထပ် ငါးနှစ်လောက်ထိ ဆရာတို့ ရုပ်လုံးမပေါ်သေးတော့ အခုဖြစ်နေတာ ဆရာထင်တယ်၊ အခု အရေးကြီးဆုံးမေးခွန်းက ဒီကာလတိုနဲ့ ကာလရှည်ကို နိုင်ငံကြီးဖြစ်နေပြန်တော့လည်း တစ်နယ်စီမှာ သိသာမြင်သာအောင် လုပ်ဖို့လိုတယ်။ အဲဒီလို သိသာမြင်သာအောင်ပဲ အာရုံစိုက်နေရင်လည်း ရေရှည်အတွက်ကိုလည်း မျက်ကွယ်ပြုသလိုဖြစ်သွားမယ်။ အဲဒီနှစ်ခုကို ဘယ်လိုမျှအောင်လုပ်မလဲဆိုတဲ့ဟာ ဆရာထင်တယ်၊ စဉ်းစားဖို့လိုလိမ့်မယ်ထင်တယ်။

ဒီမေးခွန်းကိုလည်း ပွင့်ပွင့်လင်းလင်းပြောဖို့ လိုလိမ့်မယ်ထင်တယ်။ တို့နှစ်နှစ်အတွင်း ဒါပဲလုပ်နိုင်တော့တယ်။ ဟုတ်တယ်မှတ်လား။ ဒါပေမဲ့ နောက် အနှစ် ၂၀ အတွက် ဒါလုပ်မယ်ဆိုတဲ့ ဒီနှစ်ခုပေါ့။ ကာလတိုနဲ့ ကာလရှည်ကို အခုအရွေးခံမယ့်သူတွေ ဘယ်လိုစဉ်းစားမလဲမပြောတတ်ဘူး။ အဲဒီတော့ အဲဒီနေရာမှာ သူတို့မဲဆွယ်တာတွေဘာတွေ နားထောင်ကြည့်တယ်။ မျှတမှုပေါ့။ ဆရာထင်တာ သတိထားစေချင်တာကတော့ ခဏခဏ ပြောတယ်၊ ဒီနေ့မနက်တောင်ပြောတယ်။ Vision (အမြင်) ရှိရဲ့လားလို့။ ဒီ ရန်ကုန်မြို့ Vision က နောက်အနှစ် ၅၀ မှာ ဘယ်လိုဖြစ်ချင်လဲ၊ ရန်ကုန်မြို့ကို အနှစ် ၂၀ မှာ ဘယ်လိုဖြစ်ချင်တယ၊် ဒီ Vision ရယ် နောက်တစ်ခါ ပိုပြီးအရေးကြီးတာ လုပ်မယ့်သူရဲ့ Value (ခံယူချက်) ပေါ့။ သူတို့ရဲ့ အခြေခံ ခံယူချက်တွေပေါ့။ ရိုးသားမှု ဖြူစင်မှု၊ တကယ့်ကို အနစ်နာခံမှု အဲဒီဟာတွေ ပါလာဖို့တော့ လိုလိမ့်မယ်လို့ အောက်မေ့တယ်။ အဲဒီနှစ်ခုမပါဘဲနဲ့တော့ ဆရာထင်တယ် လုပ်ရ ကိုင်ရ ခက်မယ်။

ပြီးတော့ ဆရာတို့ လက်ရှိအခြေအနေမှာ ကျန်တဲ့နေရာတွေမှာ တွေ့နေရတယ်။ လူတော် လူကောင်း ပြဿနာတော်တော်ကြီးနေတယ်ထင်တယ်။ အခုလည်းကြီးလိမ့်မယ် အောက်မေ့တယ်။ လူကောင်း နေပြန်တော့လည်း မတော်ပြန်၊ တော်တဲ့လူတွေကျတော့လည်း မကောင်းပြန်ဆိုတဲ့ ဒီတစ်ခေါက်မှာတော့ ဘယ်လိုလုပ်ကြမလဲ မပြောတတ်ဘူး။ ရွေးရမှာက တော်တဲ့သူကော၊ ကောင်းတဲ့သူကော နှစ်ခုလုံး ရွေးမှရမယ်နော်။ ဆရာထင်တယ် ဒီရွေးကောက်ပွဲမှာ တော်တဲ့သူကော၊ ကောင်းတဲ့သူကော၊ ကောင်းတဲ့သူချည်း ရွေးမိလို့ ရတဲ့ဒုက္ခလည်း ဆရာတို့ကြုံပြီးပြီ။ တော်တဲ့သူချည်းရွေးလိုက်တဲ့အတွက် ရတဲ့ဒုက္ခကလည်း ဆရာတို့ ကြုံပြီးပြီ။

ကိုယ့်နိုင်ငံမှာ အတွေ့အကြုံက တော်တော်လေး စုံသွားတာလေ။ လူတော်လူကောင်း။ ဦးနေဝင်းတုန်းကလည်း ဒီလိုဖြစ်နေတာ။ အခုကတော့ နှစ်ခုရွေးစရာ မဟုတ်ဘဲနဲ့ အဲဒီတော်တာနဲ့ ကောင်းတာနဲ့ကိုတွဲတဲ့ Candidate (ကော်မတီဝင်လောင်း) တွေမျိုး တာဝန်ရှိ၊ ယူမယ့်သူတွေရှိရင်တော့ ဆရာတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်။ အခုက တော်တော်လေးရှားသွားပြီ။ အခက်အခဲတွေ အများကြီးရှိနေတာ။ တော်လည်းတော်တယ၊် ကောင်းလည်း ကောင်းဆိုတဲ့သူတွေ ရှာရတော်တော်ခက်နေတာ။ အခုက ဘာကိုဦးစားပေးရမလဲဆိုတာ ရွေးရတဲ့သူတွေမှာ ခက်နေတာပေါ့။ ကိုယ့်သဘောသာဆိုရင် နှစ်ခုလုံး ဆင်ခြေပေးလို့မရဘူး။ မတော်လို့ကတော့ မရတာသေချာတယ်။ တစ်ဖက်ကလည်း အကောင်းဆုံးကလည်း မဖြစ်လို့မရဘူးဆိုတာလည်း စဉ်းစားဖို့ လိုတယ်လို့ ပြောတာပါ။ 

 

TVJ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *