မလေးရှားလေကြောင်းလိုင်းကို ရောင်းချဖွယ်ရှိဟု မဟာသီယာပြော

ကွာလာလမ်ပူ၊ မတ် ၂၀

လွန်ခဲ့သည့်ငါးနှစ်က ခရီးသည်တင်လေယာဉ် ထူးဆန်းစွာပျောက်ဆုံးမှုကဲ့သို့ အကျပ်အတည်းမျိုးများနှင့် ရင်ဆိုင်ခဲ့ရသော အစိုးရပိုင်မလေးရှား လေကြောင်းလိုင်းကို ရောင်းချဖွယ်ရှိကြောင်း တစ်ကျော့ပြန် မလေးရှားဝန်ကြီးချုပ် မဟာသီယာက ပြောကြားသည်။

မလေးရှားလေကြောင်းလိုင်းကို ဝယ်ယူရန် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများက စိတ်ဝင်စားမှုရှိကြောင်းလည်း ၎င်းက မတ်လ ၂၀ ရက်နေ့တွင် ပြောကြားသည်။

မလေးရှားလေကြောင်းလိုင်း စီမံခန့်ခွဲမှု အပြောင်းအလဲလုပ်ခြင်း၊ လုပ်ငန်းအရွယ်အစားလျှော့ချခြင်း သို့မဟုတ် တိုးချဲ့ခြင်းများ လုပ်မည်၊ မလုပ်မည်ကို မလေးရှား အစိုးရအနေနှင့် စဉ်းစားသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် မဟာ သီယာက ပြောကြားသည်။

မလေးရှားလေကြောင်းလိုင်းကို အစိုးရ ရင်းနှီးမြှုပ်နှံသည့်ငွေကြေးဖြင့် လည်ပတ်နေသည့် ပုဂ္ဂလိကကုမ္ပဏီဖြစ် သော Khဖေညေah Nasငသညal ကုမ္ပဏီ က ၂၀၁၄ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

ယင်းအချိန်မှစတင်၍ လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ်ရာထူးအတွက် နိုင်ငံခြားသားနှစ်ဦးကို ခန့်အပ်ခဲ့သော်လည်း ၎င်းတို့မှာ စာချုပ်သက်တမ်းမပြည့်မီ ရာထူးမှာ နုတ်ထွက်သွားခဲ့သည်။

မလေးရှားလေကြောင်းလိုင်းက MH 370 လေယာဉ်ခရီးစဉ်မှာ ၂၀၁၄ ခုနှစ် မတ်လက ကွာလာလမ်ပူမြို့မှ ဘေဂျင်းမြို့တော်သို့ အသွားတွင် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီး ယခုအချိန်ထိ ပျောက်ဆုံးသူများကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

ထို့ပြင် မလေးရှားလေကြောင်းလိုင်းက MH17 လေကြောင်းလိုင်းမှာလည်း ယူကရိန်းအရှေ့ပိုင်းတွင် ပစ်ချခံခဲ့ရဖူးသည်။

မလေးရှားအစိုးရအနေနှင့် လေကြောင်းလိုင်းကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း သို့မဟုတ် ငွေကြေးထောက်ပံ့မှုပြုလုပ်မည့် အတိုင်းအတာနှင့် ပတ်သက်၍ ဆုံးဖြတ်ရန်လိုအပ်ကြောင်း Khazanah Nasional ကုမ္ပဏီက မတ်လအစောပိုင်းက ပြောကြားထားကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *