အနုပညာရှင်များ၏ အကယ်ဒမီ အကြို ရင်ခုန်သံ

မတ်လ ၂၃ ရက်နေ့ The OneEntertainment မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဆုပေးပွဲရဲ့ အကယ်ဒမီနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရဲ့ ကြိုတင်ရင်ခုန်သံတွေကို စုစည်းမေးမြန်းထားတာ ဖြစ်ပါတယ်။

 

နေတိုး

ရင်ခုန်မှုက အကယ်ဒမီနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ အကယ်ဒမီကနှစ်စဉ်မှာ ရောက်လာမယ့် တစ်နေ့ထဲမှာ ပါပါတယ်။ ဒီနှစ်ထဲမှာလည်း  ရောက်လာပြန်ပြီဆိုတော့ ပရိသတ်နဲ့အတူ ပါဝင်တဲ့ ဇာတ်ကားတွေ အကုန်လုံးကို ရင်ခုန်ပေးပါတယ်။ ပရိသတ်ကလည်း ကျွန်တော့်ကို ရင်ခုန်ပေးသလို ကျွန်တော်ကလည်း အနုပညာရှင် လောကတစ်ခုလုံးအတွက် ရင်ခုန်ပေးနေပါတယ်။

မြင့်မြတ်

အကယ်ဒမီက ကြောက်စရာကောင်းပါတယ်။ ကျွန်တော်တော့ ရင်မခုန်တော့ဘူး။ ပရိသတ်တွေလည်း ရင်မခုန်ကြပါနဲ့လို့။ ဘာဖြစ်လို့လဲဆိုတော့ ရင်ခုန်ပြီးတော့ ပရမ်းပတာဖြစ်ရင် ခံစားရမှာပဲလေ။ ဒီနှစ်အတွက်ဆိုရင် ကျွန်တော့်ဇာတ်ကားက ငဒူ ကားတော့ ရှိတယ်။ ရင်တော့ မခုန်ဘူး။

ကျော်ကျော်ဗို

ကျွန်တော်ဖန်တီးလိုက်တဲ့ အနုပညာကို အခုလိုမျိုး ကျွန်တော့်ပရိသတ်တွေက အကယ်ဒမီ ခန့်မှန်းပေးကြ၊ ရင်ခုန်ပေးကြတာနဲ့တင် ဝမ်းသာနေပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ပရိသတ်တွေနဲ့အတူ ရင်ခုန်နေပါတယ်။ ကျွန်တော်တတ်သလောက် ကာရိုက်တာအပေါ်မှာ သစ္စာရှိရှိနဲ့ လုပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ မေတ္တာကို ပြန်ရတာပါ။

ဒါရိုက်တာ ဩရသ

စိတ်တော့ အတော်လှုပ်ရှားနေတယ်။ ကိုယ့်ဘာသာတော့ ဆုံးဖြတ်ထားပါတယ်။ ရရင်လည်း ယူမယ်။ မရရင်လည်း  မယူဘူး။ အရမ်းကြီး မျှော်လင့်ထားတာမျိုးတော့ မရှိပါဘူး။ ပရိသတ်တွေက အကယ်ဒမီခန့်မှန်းပေးတဲ့ အတွက် ကျေနပ်ပါတယ်။

အောင်မြင့်မြတ်

ရင်ခုန်ပါတယ်။ ဥပမာပေးပြီးပြောရရင်တော့ ဆယ်တန်းဖြေထားသလိုပါပဲ။ ကိုယ် အောင်နိုင်လား၊ မအောင်နိုင်လား ဆိုတာ သိပါတယ်။ ဂုဏ်ထူးပါတာ၊ မပါတာကတော့ ဆုတောင်းရတဲ့ အပိုင်း ဖြစ်သွားပြီ။ အခု ကျွန်တော်တို့လည်း အဲဒီလိုပါပဲ။ အောင်မှတ်ကျော်တာတော့ ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ ဂုဏ်ထူး ရ၊ မရတာတော့ လူကြီးတွေ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဇာဏ်ခီ

ကျွန်တော်တို့ ကားလေးတွေပါတဲ့ အတွက်ဝမ်းသာပါတယ်။ အရမ်းမျှော်လင့်ထားရင် ကိုယ်ပဲခံရမှာဆိုတော့ ဘာမှကိုတော့ အရမ်းကြီးမမျှော်လင့်ထားဘူး။

အေးဝတ်ရည်သောင်း

အကယ်ဒမီကရရင်တော့ လိုချင်ပါတယ်။မရခဲ့ရင်လည်း သိပ်ပြီးတော့ ဝမ်းနည်းမှာ မဟုတ်ပါဘူး။ ပရိသတ်တွေ ပေးတာနဲ့တင် ပေါက်စီက ကျေနပ်ပါပြီ။ ဒါပေမဲ့ ရတော့ ရချင်တယ်။ သရုပ်ဆောင်တိုင်းက အကယ်ဒမီ လိုချင်တာဆိုတော့ ရရင်တော့ အတိုင်းထက် အလွန်ပေါ့။အရမ်းကြီး မျှော်လင့်မထားပါဘူး။

ခရစ္စတီးနားခီ

ဘာပဲဖြစ်ဖြစ် အသိအမှတ်ပြုခံရတဲ့ အတွက် ဝမ်းသာပါတယ်။ အရမ်းအရေးကြီးတာ တစ်ခုက လက်ရှိအနေအထားအရက ထာဝရနှောင်ကြိုးက ကိုယ့်အတွက် ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားနေတယ်။ အဲဒီ အတွက် ဒီဟာကို လုပ်နေချိန်မှာ ဟိုဟာလေးတွေကို အသိအမှတ်ပြုတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက ခွန်အားရှိကြတာပေါ့။

ပိုင်ဖြိုးသု

သုတို့အနုပညာရှင်ဆိုတာ ပရိသတ်က အားပေးရင်၊ ကြိုးစားထားတဲ့ အရာလေးတစ်ခုခုကို အသိအမှတ်ပြုပေးကြရင် အဲဒီအချိန်မှာ ပြန်ရတဲ့ပီတိက ဘာနဲ့မှ မလဲနိုင်ဘူး။ သုကို မှန်းပေးနေကြတဲ့ အကယ်ဒမီက အမှန်အတိုင်း ဝန်ခံရရင် ရစေချင်တာပေါ့။ အဲဒီအတွက် သု ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်းပြောရရင် ကိုဏကြီးကို ရစေချင်တာပေါ့။ ဒါပေမဲ့ ဘယ်အရာကိုပဲဖြစ်ဖြစ် သုတို့က အများကြီး မမျှော်လင့်ထားတတ်ဘူး။ ဘ၀မှာ အရမ်းတွေ မျှော်လင့်ပြီး ဖြစ်မလာရင် စိတ်ညစ်ရတယ်လေ။ ပျော်စရာရှိရင် ကြုံမှပဲ ပျော်လိုက်တယ်။ ဝမ်းနည်းစရာရှိရင်လည်းကြုံမှပဲ ဝမ်းနည်းလိုက်တယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *