တရုတ်တွင် အမျိုးသမီးတစ်ဦး Avengers Endgame ရုပ်ရှင်ကြည့်အပြီး အငိုလွန်၍ ဆေးရုံရောက်

ဘေကျင်း၊ မေ ၂

တရုတ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ Avengers Endgame ရုပ်ရှင်ကြည့်ရှုအပြီးမှာ အလွန်အမင်း ငိုကြွေးခဲ့ခြင်းကြောင့် ဆေးရုံသို့ ပို့ပြီး အရေးပေါ်ကုသမှုခံယူခဲ့ရတယ်လို့  NME သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အသက် ၂၁ နှစ်အရွယ် အဆိုပါ အမျိုးသမီးဟာ ရုပ်ရှင်ရုံတစ်ရုံမှာ Avengers Endgame ရုပ်ရှင်ဇာတ်သိမ်းခန်းကို ကြည့်ရှုပြီးနောက် အလွန်အမင်းငိုကြွေးပြီး ခြေတွေလက်တွေ ထုံကျင်မှုကို ခံစားခဲ့ရတာပါ။

အဲဒါကြောင့် သူမကို အနီးနားရှိ  အရေးပေါ်ကုသမှုဌာနကို ပို့ဆောင်ပြီး စစ်ဆေးခဲ့ရာမှာ ငိုကြွေးစဉ် အသက်ရှူနှုန်းအလွန်အမင်းမြန်ခြင်းကြောင့် ယင်းကဲ့သို့ ခြေလက်ထုံကျင်ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရကာ အောက်ဆီဂျင်ပေးခဲ့ရပါတယ်။

အခုလို Avengers Endgame ရုပ်ရှင်အပေါ် အလွန်အမင်းခံစားခဲ့တဲ့ အမျိုးသမီးရဲ့ သတင်းမထွက်ပေါ်မီ ရှေ့တစ်ရက်ကလည်း ဟောင်ကောင်မှာ အမျိုးသားတစ်ဦးဟာ အဆိုပါ ရုပ်ရှင်ကြည့်ကာ ရုပ်ရှင်ရုံထဲက ထွက်လာပြီးနောက် နောက်ပွဲကြည့်ဖို့ စောင့်ဆိုင်းနေတဲ့ လူတွေကို ဇာတ်သိမ်းမှာ ဘာတွေဖြစ်တယ်ဆိုတာ အော်ဟစ်ပြောဆိုခဲ့တာကြောင့် ရုပ်ရှင်ကြည့်ဖို့ စောင့်ဆိုင်းနေသူတွေရဲ့ ဝိုင်းဝန်းထိုးကြိတ်ခြင်းကို ခံခဲ့ရတဲ့သတင်းတစ်ပုဒ်ထွက်ပေါ် ခဲ့ပါသေးတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *