၂၀၂၀  နှင့် နောက်ပိုင်း ကျွန်တော်တို့ လိုချင်သော မနက်ဖြန်များ

၂၀၂၀ နှင့် နောက်ပိုင်း ကျွန်တော်တို့ လိုချင်သော မနက်ဖြန်များကို ပုံဖော်တွေးကြည့်တဲ့အခါမှာ လက်ရှိ ကျွန်တော်တို့ရဲ့ အနေအထား ဘယ်နေရာမှာ ရှိနေလဲ၊ ကျွန်တော်တို့ ရောက်ချင်တဲ့ အနေအထား ဘယ်လိုသွားကြမလဲဆိုတဲ့ အချက်တွေ စဉ်းစားရမှာဖြစ်ပါသည်။ ၂၀၁၉ World Bank ၏ ပြောကြားထုတ်ပြန်ချက်အရကတော့ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ Gross National Income (GNI) per capita သည် အမေရိကန်ဒေါ်လာ ၁,၁၉၀ ရှိသောကြောင့် တစ်ဦးချင်းဝင်ငွေအနေနှင့် ကြည့်လျှင် Lower – Middle – income group ထဲတွင် ပါဝင်ပါသည်။ နိုင်ငံပေါင်း ၅၀ ပါဝင်သော Lower – middle – income group ထဲက နိုင်ငံများရဲ့ တစ်ဦးချင်းဝင်ငွေ GNI per capita သည် အမေရိကန်ဒေါ်လာ ၁,၁၀၀ မှ ၃,၉၀၀ ကြားမှာ ရှိကြပါသည်။

နောင်လာမည့် ငါးနှစ်အတွင်းမှာ ဆိုရင်တော့ Upper – middle income group ထဲ ရောက်နေသင့်ပါသည်။ ရောက်အောင် ကြိုးစားရပါမည်။ ထို Group ထဲတွင်ရှိသော နိုင်ငံပေါင်း ၅၃ နိုင်ငံများရဲ့ တစ်ဦးချင်းဝင်ငွေ GNI per capita ကတော့ အမေရိကန်ဒေါ်လာ ၃,၉၄၀ မှ ၁၁,၁၂၀ ကြားမှာရှိပါသည်။ ထို့အတူ နောင်လာမည့်ဆယ်နှစ်ဆိုလျင် တော့ OECD နိုင်ငံအများစုပါဝင်သော High – income group ထဲသို့ရောက်အောင် ထပ်မံ၍ ပိုမိုကြိုးစားရပါဦးမည်။ ထို Group ထဲမှာတော့ နိုင်ငံပေါင်း ၅၅ နိုင်ငံရှိပြီး တစ်ဦးချင်းဝင်ငွေ GNI per capita သည် အမေရိကန်ဒေါ်လာ ၁၂,၅၇၀ မှ ၈၁,၁၃၀ ကြားတွင် ရှိကြပါသည်။

နောင်လာမည့် ဆယ့်ငါးနှစ်မှာဆိုရင်တော့ တစ်ဦးချင်းဝင်ငွေ အများဆုံးဖြစ်သော Top Ten နိုင်ငံများအတွင်းသို့ ရောက်ရှိရပါမည်။ ထိုသို့ရောက်အောင်လည်း အစွမ်းကုန်ကြိုးစားရပါလိမ့်မည်။ ဤသည်တို့မှာ ၂၀၂၀ နောက်ပိုင်း ကျွန်တော်တို့ လိုချင်သော မနက်ဖြန်များ ဖြစ်ပါသည်။

နောင်လာမည့်ငါးနှစ် ၂၀၂၀ မှ ၂၀၂၅ အတွင်းမှာတော့ ယခု လက်ရှိရောက်ရှိနေသည့် Lower – middle – income group မှ Upper – middle income group သို့ ရောက်အောင်သွားရာတွင် အခြေခံဦးစားပေး လိုအပ်ချက်များ ဖြစ်သည့်

– ကျန်းမာပျော်ရွှင်သောဘ၀ (Happy & Healthy Lives)၊

– အရည်အသွေးပြည့်ဝသော ပညာရေး (Quality Education)၊

– လျှပ်စစ်နှင့် အခြားစွမ်းအင်များ (Electricity and other Energy)၊

– စီးပွားရေးဖွံ့ ဖြိုးတိုးတက်ခြင်း (Economic Growth) နှင့်

– အခြေခံအဆောက်အဦနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်း (Infrastructure and Industrialization) တို့ကို အဓိကထား၍ တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်ပါသည်။

ဤငါးချက်သည် UNDP ၏ Sustainable Development Goals ၏ ၁၇ ချက်တွင်လည်း ပါဝင်ပါသည်။

အခြေခံအဆောက်အဦဖြစ်တဲ့ Infrastructure ၏ စွမ်းဆောင်ရည် Efficiency ကို တိုးတက်အောင် လုပ်ဆောင်ရပါမည်။ ထို Infrastructure ကို အဓိကနှစ်ပိုင်းခွဲ၍ကြည့်လျှင် မြင်သာထင်ရှားသော အပိုင်း (Hard Infrastructure) နှင့် မမြင်သာ ပျော့ပျောင်းသောအပိုင်း (Soft Infrastructure) ဟု မြင်တွေ့မြင်နိုင်ပါသည်။ Infrastructure သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိပါသည်။ ရှိသင့်သော အတိုင်းအတာဖြင့် သင့်တော်သော Infrastructure မရှိလျှင် ကုန်ပစ္စည်းများသည် သတ်မှတ်ထားသော နေရာသို့ အချိန်မီပို့ဆောင်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် စီးပွားရေးဆုံးရှုံးနစ်နာမှုများကို ကြုံတွေ့ရပါလိမ့်မည်။

ကောင်းမွန်ပြည့်စုံစွာ တည်ဆောက်ထားသော အခြေခံအဆောက်အဦတို့သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ချမ်းသာကြွယ်ဝမှုတို့ကို များစွာအထောက်အကူပြုစေပါသည်။ စွမ်းဆောင်ရည်မပြည့်မီသော အခြေခံအဆောက်အဦတို့သည် နိုင်ငံ၏ချမ်းသာကြွယ်ဝမှုကို နှောင့်နှေးထိခိုက်စေပါသည်။

နမူနာအားဖြင့် ကုန်ပစ္စည်းများသယ်ယူရာတွင် တစ်ရက်မျှ နောက်ကျသွားခြင်းသည် ထိုနိုင်ငံ၏ စီးပွားရေးလုပ်ဆောင်မှုပမာဏ ၏ ၁ ရာခိုင်နှုန်းကျော် ကျဆင်းစေပြီး ထိုနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ ၀ ဒသမ ၅ ရာခိုင်နှုန်းကျော်ကို ကျဆင်းစေသည်။

ထို့အပြင် အစိုးရအဖွဲ့ဝင်များ၏ အရည်အချင်းပြည့်ဝ၍ စွမ်းဆောင်ရည်ကောင်းမွန်မှု (Regulators Efficiency) သည် အစိုးရအဖွဲ့လုပ်ဆောင်သော ပြုပြင်ပြောင်းလဲမှုများတွင် အဓိကအစိတ်အပိုင်းတစ်ခုအနေနှင့် ပါဝင်နေသည်။ အစိုးရအဖွဲ့ကပေးသော Service တိုင်းတွင် Economy, Efficiency and Effectiveness 3 (E) ဖြစ်နေသင့်ပါသည်။

အောက်ဖော်ပြပါပုံသည် မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ် ရမှတ်နှင့် Regional Average ကို နှိုင်းယှဉ်ပြသော ပုံ ဖြစ်သည်။

၂၀၂၀ နှင့်နောက်ပိုင်း ကျွန်တော်တို့လိုချင်သော မနက်ဖြန်များကို အကောင်အထည်ဖော်ရာတွင် Ethical, Effective and Empowering Government Leaders များ လိုအပ်ပါသည်။

ဇေယျသူရမွန်

(စာရေးသူသည် အမေရိကန်နိုင်ငံ University of Chicago မှ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ ရရှိထားပါသည်။ UMFCCI, Ease of Doing Business Reform ၏ lead Sr. Fellow တစ်ဦး ဖြစ်ပါသည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *