ရုရှားတွင် ဟွာဝေး 5 G အင်တာနက်နည်းပညာသုံးရန် သဘောတူ

မော်စကို၊ ဇွန် ၆

အမေရိကနှင့် အနောက်နိုင်ငံအချို့က ပိတ်ပင်ထားသည့် တရုတ်ဟွာဝေးကုမ္ပဏီထုတ် 5G နည်းပညာကို ရုရှားတွင် အသုံးပြု၍ ရုရှားတယ်လီကွန်းကုမ္ပဏီ MTS နှင့် ဟွာဝေးကုမ္ပဏီတို့ ဇွန်လ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းကုမ္ပဏီများက 5G အင်တာနက်ကွန်ရက်ကို ရုရှားနိုင်ငံ၌ လာမည်နှစ်မှ စတင်၍ တည်ဆောက်သွားမည် ဖြစ်သည်။

“ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တွေမှာ 5G နည်းပညာတည်ဆောက်ရေးနဲ့ စမ်းသပ်သုံးစွဲမှုတွေ ပြုလုပ်သွားမှာပါ” ဟု ရုရှားတယ်လီကွန်းကုမ္ပဏီ MTS သတင်းတွင် ဖော်ပြထားသည်။

ဟွာဝေးနှင့် ရုရှားတယ်လီကွန်း ကုမ္ပဏီ MTS တို့၏ တရုတ်သမ္မတ ရှီကျင့်ဖျင် ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေစဉ် ယခုသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ကုမ္ပဏီများ တရုတ်တယ်လီကွန်းကုမ္ပဏီဟွာဝေးပစ္စည်းများသုံးစွဲခြင်း အမေရိကန်အစိုးရက တားမြစ်ထားသလို ဟွာဝေးကို အမေရိကန်နည်းပညာများ လွှဲပြောင်းရောင်းချမှုကိုလည်း တားမြစ်ထားသည်။

ဟွာဝေးကုမ္ပဏီကိစ္စသည် လက်ရှိဖြစ်ပွားနေသည့် အမေရိက-တရုတ်ကုန်သွယ်ရေး ပဋိပက္ခတွင် ဆွေးနွေးရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ကြောင်းလည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *