AA နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ မြန်မာအချို့ကို စင်ကာပူအစိုး ပြည်နှင်ဒဏ်ပေး

စင်ကာပူ၊ ဇူလိုင် ၁၁

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် အဆက်အစပ်ရှိသည်ဟုဆိုကာ မြန်မာအချို့ကို စင်ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း Channel News Asia သတင်းတွင် ဖော်ပြထားသည်။

မြန်မာအစိုးရကို လက်နက်ကိုင်တိုက်ခိုက်ရာတွင် ထောက်ခံလှုပ်ရှားမှုများပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားအချို့ကို ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း စင်ကာပူ ပြည်ထဲရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်တွင် ပြောကြားသည်။

စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးထားသည့် မြန်မာအရေအတွက်ကို အတိအကျဖော်ပြခြင်းမရှိသော်လည်း ဖမ်းဆီးထားသူတစ်ဦးမှာ AA အဖွဲ့ခေါင်းဆောင်နှင့် ဆွေးမျိုးနီးစပ်သူဖြစ်ကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။

“AA ခေါင်းဆောင်ပိုင်းရဲ့ စေခိုင်းချက်အရ သူက ဒေသတွင်းရခိုင်လူထုကြား ထောက်ပံ့မှုကို တက်ကြွစွာလှုပ်ရှားခဲ့ပြီး AA ရဲ့ ရန်ပုံငွေရရှိရေး အားထုတ်မှုကိုလည်း ဒီမှာ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်၊ သူတို့အတွက် တိုက်ပွဲဝင်ပေးမယ့် ယုံကြည်ထိုက်သော တပ်မတော်ဖြစ်ရေး လိုအပ်တဲ့အတွက် အမျိုးသားရေးရန်ပုံငွေ ထည့်ဝင်ကြဖို့လည်း သူက လူ့မှုအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်” ဟု စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိန်းသိမ်းခံထားရသူများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စွန့်ခွာထွက်ပြေးနေရသည့် ရခိုင်လူမျိုးများကို စင်ကာပူမှ လူသားချင်းစာနာမှု အကူအညီများပေးနေသည့် လူမှုဖူလုံရေးအဖွဲ့အစည်းအဖြစ် ရည်ညွှန်းဖော်ပြထားသည့် ရခိုင်အသင်း(စင်ကာပူ)နှင့် ဆက်စပ်နေသူများဖြစ်သည်။

မြန်မာနိုင်ငံသားများသည် AA သို့ လစဉ်ရန်ပုံငွေ ထည့်ဝင်နေကြသည်ဟု စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ပြေဆိုခဲ့သည်။

“ပြည်တွင်းလူ့မှုအသိုင်းအဝိုင်းတွေကကျင်းပတဲ့ ယဉ်ကျေးမှုဆိုင်ရာပွဲတွေမှာလည်း AA ရဲ့ အကြောင်းအရာတွေကို ဝါဒဖြန့်တာနဲ့ ရခိုင် ‘အဖမြေ’ အတွက် အမှန်တကယ် ထောက်ပံ့ပေးဖို့တွေကိုလည်း လုပ်ဆောင်လေ့ရှိသည်ဟု အဆိုပါဝန်ကြီးဌာနက ဆိုသည်။

၎င်းတို့ (ထိန်းသိမ်းခံရသူများ) သည် မကြာခင်ကကျင်းပခဲ့သည့် AA တည်ထောင်ခြင်း ဆယ်နှစ်ပြည့်ပွဲတွင်လည်း AA အမှတ်တံဆိပ်ပါသည့် အဝတ်များကို ဝတ်ဆင်တက်ရောက်ခဲ့ကြသည်ဟုလည်း ဆိုသည်။

နိုင်ငံတွင်းမှ ပြည်ပနိုင်ငံသားများသည် ၎င်းတို့၏ ပြည်တွင်းနိုင်ငံရေးအကြောင်းအရာများကို စင်ကာပူသို့ ယူသွင်းမလာသင့်ကြောင်းလည်း အဆိုပါဝန်ကြီးဌာနက ဆိုသည်။

“စင်ကာပူရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမယ့် ဒီလိုလှုပ်ရှားမှုနဲ့ ဆက်စပ်နေတဲ့ ပြည်တွင်း၊ ပြည်ပ မည်သူမဆို အတိအကျကိုင်တွယ်ဖြေရှင်းသွားမှာပါ” ဟု အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်သည်။

သို့သေ် စင်ကာပူတွင်ရောက်ရှိနေသည့် မြန်မာအများစုမှာ ဥပဒေကိုလိုက်နာကြပြီး စင်ကာပူကို အလုပ်အကျွေးပြုနေကြသည်ကို အသိအမှတ်ပြုနေကြောင်းနှင့် ၎င်းတို့(စင်ကာပူ)နှင့် သဟဇာတဖြစ်စွာ နေထိုင်ကြသည့် ကျန်ရှိသည့်လူမှုအသိုင်းအဝိုင်းအပေါ် ဂရုစိုက်ရမည်ဟုလည်း စင်ကာပူဝန်ကြီးဌာနက မှတ်ချက်ပြု ပြောဆိုခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် နှစ်ဦးဖြစ်သည့် ကိုတင်လှိုင်ဦးနှင့် ဒေါ်အေးမြတ်မွန်တို့သည် ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ယင်းသို့ပြန်ရောက်လာစဉ် ရန်ကုန်လေဆိပ်အတွင်း မီဒီယာများ၏ မေးမြန်းချက်များအပေါ် အတိအကျ ပြန်လည်ဖြေကြားခြင်းမပြုပဲ မိမိတို့ အစီအစဉ်ဖြင့်သာ ပြန်လာခြင်းဟု ကိုတင်လှိုင်ဦး ပြောဆိုခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *