ထိုင်ဝမ်မှာ ပြင်ပအင်အားစုများ၏ ခြိမ်းခြောက်ခံနေရဟု ထိုင်ဝမ်သမ္မတပြော

ထိုင်ဝမ်၊ ဇူလိုင် ၁၁

ထိုင်ဝမ်မှာ ပြင်ပအင်အားစုများ၏ ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်နေရပြီး ထိုင်ဝမ် ဒီမိုကရေစီကို ခုခံကာကွယ်သွားရမည်ဖြစ်ကြောင်း အမေရိကသို့ အလည်အပတ်ခရီးထွက်ခွာသွားသည့် ထိုင်ဝမ်သမ္မတဆိုင်းအင်ဝမ်က ပြောကြားလိုက်ကြောင်း The South China Morning Post သတင်းတွင် ဖော်ပြထားသည်။

“ကျွန်မတို့ ဒီမိုကရေစီကလွယ်လွယ်နဲ့ ရလာတာမဟုတ်ပါဘူး။ အခု အဲဒီဒီမို ကရေစီဟာ ပြင်ပအင်အားစုတွေရဲ့ ခြိမ်းခြောက်မှုတွေ၊ စိမ့်ဝင်ထိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်”ဟု ထိုင်ဝမ်တောင်ယွမ်နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသည့် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က ပြောကြားသည်။

လွပ်လပ်မှုနှင့် ပွင့်လင်းမြင်သာရှိမှုဆိုသည့် နှုန်းစံတန်ဖိုးများကို ထိုင်ဝမ်၏ မဟာမိတ်များနှင့် မျှဝေသွားမည်ဖြစ်ပြီး ထိုင်ဝမ်အတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်ကျယ်ပြန့်အောင် ရှာဖွေနိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က ပြောကြားသည်။

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်သည် အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံလေးနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်များအတွင်း လေယာဉ်တင်သင်္ဘောများ၊ တိုက်လေယာဉ်များစေလွှတ်၍ ထိုင်ဝမ်ကို ဝိုင်းပတ်ထိန်းချုပ်နိုင်မည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

အမေရိကက ထိုင်ဝမ်ကိုအမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိသည့် စစ်လက်နက်ပစ္စည်းများရောင်းချရန် သဘောတူထားကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *