ရန်ကုန်တိုင်းအစိုးရရုံးရှေ့ရောက် အလုပ်သမားအဖွဲ့သုံးခုအရေး ဝန်ကြီးချုပ် ကြားဝင်ညှိနှိုင်းမည်

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ အလုံလမ်း ဂိတ်အမှတ် (၄) တွင် ယနေ့ (ဇူလိုင် ၁၅) ရောက်ရှိလာသည့် အလုပ်သမားအဖွဲ့သုံးခု၏ အရေးကိစ္စကို ကြားဝင် ညှိနှိုင်းပေးမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကတိပေးပြောဆိုလိုက်သည်။

လှိုင်သာယာမြို့နယ်ရှိHandsome Myanmar အထည်ချုပ်၊ ENJOY FASHION အထည်ချုပ် နှင့် တောင်ဒဂုံမြို့နယ်ရှိ Myanmar Ls Engineering and Construction လုပ်ငန်းတို့က လုပ်သား ၁၀၀ ကျော်တို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် ယင်းဂိတ်ရှေ့တွင် စောင့်နေခဲ့ကြသည်။

ယင်းသို့ စောင့်ဆိုင်းနေစဉ် ရန်ကုန်တက္ကသိုလ် အစည်းအဝေးက ပြန်လာသည့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အလုပ်သမားများကို တွေ့ဆုံပြီး ရက်ပိုင်းအတွင်း လုပ်ငန်းရှင်များကို ခေါ်ယူ ညှိနှိုင်းပြီး အလုပ်သမား ပြဿနာများကို ဖြေရှင်းပေးမည်ဟု ပြောဆိုသည်။

အလုပ်ထုတ်ခံရမှု၊ လုပ်ခလစာ မရရှိမှု အပါအဝင် အခွင့်အရေးချိုးဖောက်မှု အချို့ကြောင့် လာရောက်တောင်းဆိုခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *