ဓာတ်အားခွဲရုံများ ရေမြုပ်သဖြင့် ရန်ကုန် မြို့နယ်ငါးခု မီးယာယီပြတ်မည်

ဓာတ်ပုံ- YESC

ရန်ကုန်၊ သြဂုတ် ၇

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လျှပ်စစ်ဓာတ်အားခွဲရုံများ ရေမြုပ်သဖြင့် မြို့နယ်ငါးမြို့နယ် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပရေးရှင်း(YESC) က ယနေ့ (သြဂုတ်လ ၇)သတင်းထုတ်ပြန်သည်။

လက်ရှိ ဓာတ်အားခွဲရုံအချို့ နစ်မြုပ်နေသည့်အတွက် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရန်အတွက် ရေကြီးရေဝင်ရောက်နေသည့် ဓာတ်အားခွဲရုံများကို ခေတ္တဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မီးဖြတ်ထားမည့် အချိန်ကာလကိုမူ ပြောကြားထားခြင်းမရှိပေ။

လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည့်မြို့နယ်များမှာ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိမ်ကမ်း၊ ဒဂုံအ ရှေ့ ၊ဒဂုံမြောက်မြို့နယ်များ ဖြစ်ကြောင်း YESC ထုတ်ပြန်ချက်အရ သိရှိရသည်။

 

Image may contain: plant, tree, outdoor and water

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *