“အက်​​ကြောင်း​လေး​တွေ ​ပေါ်လာပြီ မိုးကသည်းထန်​စွာ ရွာပြီဆို ခလုတ်​နှိပ်​လိုက်​သလို ချက်​ချင်းကိုပဲ​ မြေပြို​တော့တယ်​”

မြန်​မာနိုင်​ငံတွင်​ ဖြစ်​​ပေါ်ခဲ့​သော မြေပြို၊ ​တောင်​ပြိုခြင်း​ အန္တရာယ်​များကို​ လေ့လာထားသူ ဘူမိဗေဒပညာရှင် ဒေါက်​တာ​ကျော်​ထွန်းနှင့် မေးမြန်းခြင်း

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက တောင်မြေပြိုကျခဲ့ပြီး ယနေ့ (သြဂုတ် ၁၁) နံနက်ပိုင်းအထိ သေဆုံးသူ ၅၁ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေရှိထားပြီး ဖြစ်ကာ ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။ ယင်းမြေပြိုမှုဖြစ်ရသည့်အကြောင်းအရင်း အပါအဝင် မြန်မာနိုင်ငံတွင် မြေပြိုခြင်း၊ တောင်ပြိုခြင်း အန္တရာယ်များကို သိရှိရှောင်ရှားနိုင်ကြရန် မြန်​မာနိုင်​ငံတွင်​ ဖြစ်​​ပေါ်ခဲ့​သော မြေပြို၊ ​တောင်​ပြိုခြင်း​ အန္တရာယ်​များကို​ လေ့လာထားသူလည်းဖြစ်၊ ရန်ကုန်နည်းပညာတက္ကသိုလ် အင်ဂျင်နီယာ ဘူမိဗေဒဌာန ဧည့်ပါမောက္ခလည်းဖြစ်သူ ဒေါက်တာ ကျော်ထွန်းကို The Voice Journal က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

The Voice Journal – ဆရာ အခု​ ပေါင်​မြို့နယ်မှာ​ မြေပြိုတာ ဘယ်​လို​အ​ကြောင်းလို့ ယူဆနိုင်​လဲ။


Dr. KT – ခုဟာက​တော့​လေ ဒီ​တော်​​တော်​များများက ဒီတနင်္သာရီဘက်​မှာ​ ကျောက်​ကျင်းတူးတာ​နဲ့ပတ်​သက်​ပြီး ပြိုတာများတာကိုး။ သစ်​​တောပြုန်းတာများတယ်​။ အခု​နေရာက​တော့ ​ကျောက်​ကျင်း​တွေ တူးတာ ရှိလား၊ မရှိဘူးလား မသိရဘူး။ ဒါ​ပေမဲ့ အခုကြည့်​ရတာ၊ ပြိုကျထားတဲ့​ မြေသားကြည့်​ရတာက မူလ​ကျောက်​ကို မိုး​ရေချိန်​များလို့ သူတဖြေးဖြေး​​ မြေဆီလွှာဘက်​​ပြောင်းသွားပြီး​တော့ သူ့အ​ပေါ်မှာရှိတဲ့ သစ်​ပင်​​တွေကလည်း
ကြီးကြီးမားမား မရှိ​တော့​လေ၊ မိုးရွာတဲ့အခါကျ​တော့ မိုး​ရေဒဏ်​ခံနိုင်​တဲ့ သစ်​ပင်​​တွေက မရှိ​တော့ မိုးများလို့ဖြစ်​သွားတယ်​လို့ ယူဆထားပါတယ်​။

The Voice journal ​​- မြေပြိုခါနီး ဘယ်​လိုလက္ခဏာ​တွေ ပြလဲ။ ဘယ်​လို သတိထားရမလဲ။

Dr. KT – အဲဒါက ​ဒေသခံ​တွေက​ တောင်​​ခြေမှာ​ နေတဲ့သူ​တွေက သိရမယ်​။ ​တော်​​တော်​​လေးကို သတိ ထားရမယ်​။ ကျွန်​​တော်​တို့လည်း သတင်းစာက​နေ၊ တီဗွီက​နေ မကြာခဏ လက္ခဏာ​တွေ​ ပြောပြတယ်​။ အဲဒီ​နေရာကလူ​တွေ သတိမထားမိလို့​ နေလိမ့်​မယ်​။ စပြီးပြိုပြီဆိုရင် ငလျင်​လှုပ်​သလို​တော့ ချက်​ချင်း​ပေါ်လာတာ မဟုတ်​ဘူး။ သူက တဖြေးဖြေးနဲ့ ​မြေသားက အိကျလာတယ်​။ ပြိုခါနီးကျရင်​​ တောင်​​စောင်းကို ကြည့်​ရင်​ အက်​ကွဲ​ကြောင်း​လေး ​စပြီးပေါ်လာတယ်​။ ​ပေါ်လာပြီးရင်း နည်းနည်း​လေး နည်းနည်း​လေး ကြာလာတာတော့ ‘ဟ ဟ’ လာပြီး​တော့ ​နောက်​ဆုံးအဆင့်​မှာ လုံးဝကို ဆင်းသွားတာ။ အဲဒီအချိန်​မှာ ကျွန်​​တော်​တို့ ခဲလုံးပြုတ်ကျ လာတာတို့၊ သစ်​ပင်​​လေးလှုပ်​လာ တာတို့။ ကျန်​​နေတဲ့ သစ်​ပင်​​တွေ ယိမ်းယိုင်​လာတာတို့၊ တည့်​တည့်​မတ်​မတ်​ မရှိတာတို့ အဲဒါကို သတိပြုမိမယ်​ဆိုရင်​ ဒါဟာ​မြေပြိုမယ့်​လက္ခဏာ​တွေဆိုတာ ကျွန်​​တော်​တို့ သိတာ​ပေါ့​လေ။ တိုက်​အိမ်​​တွေဆိုရင်​ တံခါး​ဘောင်​​တွေ ကြပ်​လာမယ်​။ ခြံစည်းရိုး​တွေ ယိုင်လာတာတို့၊ အက်​ကွဲ​ကြောင်း​တွေ​ ပေါ်လာတာတို့ ဒါ​တွေက ​မြေပြိုမယ့် လက္ခဏာ​တွေ​လေ။ ဒါ​တွေနဲ့ပတ်​သက်​ပြီး ​ဒေသခံ​တွေ Awareness လို​ခေါ်တဲ့ အ​တွေအကြုံ မရှိတာတို့၊ ခုနက ပညာရပ်က​လေး​တွေ အားနည်းတာကြောင့် ထင်ပါတယ်။ ဟားခါးလို​နေရာမျိုး စဉ်းစားကြည့်​ဗျာ။ ​ပေ လေးရာကျော်​ ပျက်​စီးတယ်​။ လူတစ်​​ယောက်​မှ မ​သေဘူး။ သေတာက ကား​မှောက်​လို့ နှစ်​​ယောက်​သေတာ။ အဲဒါ​မြေပြိုလို့ မဟုတ်​ဘူး။ ဘာဖြစ်​လို့လည်းဆို သူတို့က အမြဲပြို​နေတဲ့​နေရာဆို​တော့ သူတို့မှာ အ​တွေ့အကြုံက ရှိ​နေတယ်​​လေ။ အ​တွေ့အကြုံရှိ​တော့ လူ​တွေ​ရှောင်​သွားနိုင်တယ်​။ ဒီမှာက​တော့ (ပေါင်မြေပြိုမှု) ပြိုခဲ့တဲ့ ဖြစ်​စဉ်​လည်း (အတွေ့အကြုံ) ရှိပုံမရ​ဘူး။ သစ်​​​တော ပြုန်းတီးမှုကလည်း ရှိလာ တယ်​။ ဒါနဲ့ပတ်​သက်​တဲ့ အ​တွေ့အကြုံလည်း မရှိ​တော့ ရုတ်​တရက်​လည်း ​မြေပြိုလိုက်​​ရော လူ​တွေက အကုန်​လုံးအများအပြား ၄၀ ​ကျော်​​လောက်​​သေတယ်​ဆိုပြီး သတင်းထွက်​လာတယ်​။

The Voice Journal – ခုနကလို လက္ခဏာဖြစ်တာကိုသိပြီး အချိန်​ဘယ်​​လောက်​အတွင်း ပြင်​ဆင်​ရင်​​ ​မြေပြိုတဲ့​ဘေးက လွတ်​နိုင်​မလဲ။

Dr. KT – အဲဒါအချိန်​ကန့်​သတ်​ချက်​က ကြာတာနဲ့​ နှေးတာက ခုနက​ပြောသလို မိုးတအားများလာပြီဆိုရင်​ တွန်း အား ပိုများတယ်​​လေ။ မြေကြီးထဲကို ဝင်​သွားတဲ့​ရေ၊ မျက်နှာပြင်​ကို တိုက်​စားသွားတဲ့​ရေရယ်​၊ နှစ်​ခုကြုံလိုက်​​တော့ မြန်​မြန်​​အောက်​ကို ဆင်းတာ​ပေါ့​နော်​။ သူက သ​ဘောကလည်း မိုးကစီးစီးထန်​ထန်​ မရွာဘဲနဲ့ နည်းနည်းချင်း များများရွာလာပြီဆို သူက တဖြေးဖြေးအိပြီး​​တော့မှ ဆင်းတာ​ပေါ့​နော်​။ အဲဒီလိုကွာတယ်​။
အက်​​ကြောင်း​တွေ စပြီး​ပေါ်လာပြီ။ အက်​​ကြောင်းစပြီး ကျယ်လာတာ ​​တွေ့တာနဲ့ ကျွန်​​တော်​တို့​စော​စောစီးစီး ရှောင်​ရ​တော့မယ်​။ အဲဒီ​တော့ ခုန​ပြောသလို အက်​​ကြောင်း​လေး​တွေ ​ပေါ်လာပြီ မိုးကသည်းထန်​စွာ ရွာပြီဆို ခလုတ်​နှိပ်​လိုက်​သလို ချက်​ချင်းကိုပဲ​ မြေပြို​တော့တယ်​။

The Voice journal အဲဒါဆို ဆရာ ​မြေပြိုကျမှုက စက္ကန့်​ပိုင်းဖြစ်​သွားတာက​ရော ဘာလို့လဲ။ အဲဒါဖြစ်​နိုင်​လား။

Dr. KT – စက္ကန့်​​လောက်​ပဲကြာတယ်​ဆိုတာ မဖြစ်​နိုင်​ဘူး။ သူတို့သတိ မထားမိလို့။ ပြိုလာပြီိဆို အက်​ကွဲ​ကြောင်း စ​ပေါ်တာပဲ။ ကျွန်​​တော်​တို့ ဘယ်​​နေရာမှာမဆို ​မြေပြိုတယ်​ဆိုရင်​ အက်​ကွဲ​ကြောင်း စ​ပေါ်တယ်​။ တလောက ဟိုပွင့်​ဖြူဘက်​မှာ ရွာထဲမှာ အက်​ကွဲ​ကြောင်း​ ပေါ်​သေးတယ်​​လေ။ အဲဒါလည်း အက်​ကွဲ​ကြောင်းက တ​ဖြေးဖြေး ကျယ်​လာတာ​လေ။ (ပွင့်ဖြူ) ​ဟိုမှာက ခြံထဲမှာ ရေတွင်း​တွေ စိမ့်​စမ်း​တွေကို တူးရင်းနဲ့ တဖြေးဖြေး ​ပျော့ပြီး ကျဉ်း သွားတဲ့အချိန်​မှာ အက်​ကွဲ​ကြောင်း​တွေ​ ပေါ်လာတယ်​။ အဲဒါက​တော့ မိုးရွာတာနဲ့ သိပ်​မဆိုင်​ဘူး​ပေါ့​နော်​။ အဲဒါ​ကြောင့်​ ​မြေဆီလွှာ​ပေါ်မှာ မူတည်​တယ်​။ အဲဒီ (တနင်္သာရီ) ဘက်​​ဒေသ​တွေက အကုန်​လုံး​တော့ Geology အ​ခေါ်အရ နှမ်းဖက်​​ကျောက်​မျိုး သူက​ ကျောက်​ဘဝမှာဆိုရင်​ ​တော်​​တော်​​လေးကို​ ကောင်းတဲ့​ ကျောက်​မျိုး။ မာ​ကျောတာ​ပေါ့။ ဒါ​ပေမယ့်​ သူက တဖြည်းဖြည်းမိုး​ရေနဲ့ တိုက်​စားပြီးများတဲ့အခါကျရင်​ ​မြေသား Soil ကို တဖြေးဖြေး​ပြောင်းသွား တယ်​။ Soil က သူ့အ​ပေါ်မှာ အထူကြီးဖြစ်​​နေတယ်​။ အထူကြီးဖြစ်​​နေတဲ့အခါကျ​တော့ ခုနက​ပြောသလိုသစ်​ပင်​​တွေ ဘာ​တွေရှိတယ်​ဆိုရင်​ အမြစ်​​တွေက ထိန်းသိမ်းထားလို့ ​မြေကြီးက ဒီ​လောက်​မပြိုဘူး။ သစ်​ပင်​မရှိ​တော့ သူ့ကို ကာကွယ်​​ပေးမယ့်​သူ ချုပ်​​နှောင်​မယ့်​သူ မရှိ​တော့ ​မြေပြိုမှုဆိုတာဖြစ်​သွားတယ်​။ သုံးစက္ကန့်​ဆိုတာက ပြိုတဲ့ အချိန်​ကို​ ပြောတာဖြစ်​မယ်​။ အခုကျွန်​​​တော်​တို့အဖွဲ တိုင်​ပင်​​နေတယ်​။ သွား​လေ့လာဖို့၊ သွားကြည့်​ဖို့။ သွားကြည့်​ရင်​ ကျွန်​​တော်​ထင်​တယ်​ အ​ပေါ်မှာ သပ်သပ်​ ထပ်​ဆင်းမယ့်​ အက်​ကွဲ​ကြောင်း​တွေရှိမယ်​။ ရှိ​ကောင်းရှိနိုင်​တယ်​။ အဲဒါ​တွေကလည်း ​နောက်​ထပ်​အလားအလာဖြစ်​လို့ သတိထားရမယ်​။ မိုးကလည်း မိုးတွင်းကာလ ဖြစ်​​နေလို့။ ​​တောင်မှာ​နေတဲ့ သူ​တွေအတွက်​ အသိပညာဖြန့်​​ဝေ​ပေးဖို့ ကား​လေး​တွေနဲ့ရှိလား။ မရှိလားမသိဘူး။ အဲဒီလိုဖြစ်​သွားတဲ့​နေရာမှာ မိုးတွင်းကာလလည်းဖြစ်​​နေလို့ ဆက်​ပြီး​တော့ ​နေရာမချတာ​ကောင်းလိမ့်​မယ်​။


The Voice Journal – ​မြေပြိုကျနိုင်​မယ့်​​နေရာ​တွေ ဘယ်​​နေရာ​တွေရှိလဲဆရာ။ အခုချိန်​မှာ သတိထားနိုင်​ဖို့ဘယ်​​နေရာ​တွေရှိမလဲ။

Dr. KT – အဲဒါကျွန်​​တော်​တို့ ​မြေပုံတစ်​ခုထုတ်​ထားတယ်​ဗျ။ ​မြေပြိုမှု လက်​စွဲဆိုတဲ့ စာအုပ်​​လေး UNDP က ပုံနှိပ်​ထုတ်​ပြီး ကျွန်​​တော်​​ရေး​ပေးတာ​ပေါ့​နော်​။ အဲဒီမှာ တနင်္သာရီဘက်​ဆိုရင်​ ကျွန်​​တော်တို့ အနီ​ရောင်​​လေး​တွေ ပြထား တယ်​။ ဧရာဝတီမြစ်​တစ်​​လျှောက်​ဆိုလည်း ပြိုကျနိုင်​မယ့်​​ နေရာ​လေး​တွေကို လိုင်း​လေး​တွေနဲ့ပြထားတယ်​။ ​နောက်​ပြီး​တော့ ရခိုင်​ပြည်​နယ်​၊ ချင်းပြည်​နယ်​ အဲဒါ​တွေကို လုပ်​ထားတာ​ပေါ့။ အဲဒီတုန်က အရင်​တုန်းက အ​ထောက်​အထားက ​မြေပြို​လေ့ ပြိုထမရှိဘူး။ ကျွန်​​တော်​တို့ ​မြေပုံလုပ်​​နေချိန်​မှာ သစ်​​တောပြုန်းတီးမှာ ဘာညာဆိုတဲ့ အပိုင်းကလည်း နည်း​သေးတာကိုး။ လွန်​ခဲ့တဲ့ ၁၀ နှစ်​​လောက်​က လုပ်​ထားတာ။ ကျွန်​​တော်​တို့ ဆွဲတုန်းက ​မြေပြိုသွားတဲ့​နေရာ​တွေ၊ မြေပြိုနိုင်​မယ့် နေရာ​တွေကို ​မြေပြိုနိုင်​ဖို့အလားအလာရှိတဲ့​နေရာ​တွေကို Satellite တို့​ မြေပုံ။ ​ကောင်းကင်​ဓာတ်​ပုံကြည့်​ပြီး လုပ်​ရတာ​လေ။ အဲဒီ​မြေဆီလွှာပြိုကျမှုက မပြဘူး။ ငလျင်​လို အက်​ကွဲ​ကြောင်းရှိမှ Fault ရှိမှ ငလျင်​ဇုန်​လို့ သတ်​မှတ်​ရသလိုပဲ။ ​မြေပြိုတာကျ​တော့ Fault လိုင်းနဲ့မဆိုင်​​တော့ဘူး။ ​မြေသား ​မြေဆီလွှာ၊ သစ်​ပင်​​ပေါက်​​ရောက်မှုရယ်​၊ လူ​တွေရဲ့​မြေအသုံးချမှုရယ်​၊ အဲဒါ​တွေကြည့်​ပြီးမှ လုပ်​ရ​တော့တဲ့အတွက်​ ​မြေပုံက​ နှစ်အလိုက် ပြောင်းလဲပေးဖို့လိုတယ်​။


The Voice Journal – မြန်​မာနိုင်​ငံမှာ ​မြေပြိုနိုင်​မှုနဲ့​ လေ့လာထားတာ​တွေရှိလား။ ဘယ်​​မြေက အန္တရာယ်​ရှိတယ်​။ ​နေထိုင်​လို့ရလားဆိုတာမျိုးပါ ဆရာ။

Dr. KT – အဲဒါမျိုး အ​သေးစိတ်​လုပ်​ထားတာ မရှိဘူး။ ကျွန်​​တော်​တို့မှာ အချိန်​လည်း များများရယ်​ ​ငွေ​ကြေးရယ်​လိုတယ်​။ ကျွန်​​တော်​လုပ်​နိုင်​တာက​တော့ ရခိုင်​ပြည်​နယ်​ကို လုပ်​ထားတယ်​။ ကျန်​တဲ့ ချင်းပြည်​နယ်​ ဟားခါးတစ်ခုက လုပ်​ထားပြီးပြီ။ ကျန်​တဲ့​နေရာ​တွေအတွက်​ လူကရှိ​နေပြီ။ ခုနက​ပြောသလို ရန်​ပုံ​ငွေတို့ အချိန်​​ပေးနိုင်​မှု အဲဒါ​တွေ လို​သေးတယ်​။

The Voice Journal – ခုချိန်​ကစပြီး ​​ဘေးအန္တရာယ်​ရှိတဲ့ ​မြေပုံ​ရေးဆွဲဖို့ လုပ်ဖို့လိုနေပြီလား။

Dr. KT – လုပ်​သင့်​​နေတာကြာပါပြီ။ ဘာလို့လည်းဆို ကျွန်​​တော့်​တို့က NGO ဆို​တော့ ရန်​ပုံ​ငွေ အတိုင်းအတာရှိတယ်​။ လုပ်​ချင်​​ပေမယ့်​ တစ်​ဖက်​က ရန်​ပုံ​ငွေကြည့်​ရ​သေးတယ်​။ ​ထောက်​ပံ့​ ပေးမယ့်​သူရှိရင်​ အားရဝမ်းသာနဲ့ အဲဒီလိုဟာများ​တွေလုပ်​​ပေးချင်​ပါတယ်​။

The Voice Journal – အစိုးရပိုင်းက ကူညီမှုဘယ်​လိုရှိလဲ။

Dr. KT – အစိုးရပိုင်းကလည်း ဒါမျိုး​တွေ ကူညီဖို့်​လိုပါတယ်​။ သဘာဝ​ဘေးအဖွဲ့​တော့ ရှိတာ​ပေါ့။ သူတို့က ဖြစ်​လာမှ ဆန်​​ဝေမယ်​။ ဆီ​ဝေမယ်​။ ကယ်​ဆယ်​​ရေးဘယ်​လိုလုပ်​မယ်​ဆိုပြီး သူတို့အပိုင်းက သူတို့လုပ်​​နေတာ​ပေါ့။ ဒါ​ပေမဲ့ ကြိုပြီး​တော့ အန္တရာယ်​ပြ​ မြေပုံက​လေး​တွေ လုပ်​ဖို့ အစိုးရဘက်​က ဦး​ဆောင်​လုပ်​မယ်​ဆိုရင်​ အ​တော်​က​လေး ပိုပြီးအဆင်​​ပြေနိုင်​မယ်​။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *