ပေါင်တွင် မြေပြိုမှုကြောင့် သေဆုံးသူ ခုနစ်ဦးထပ်တွေ့၊ သေဆုံးသူ ၂၉ဦးအထိ မြင့်တက်

Photos - Myanmar Fire Services Department

ရန်ကုန်၊ သြဂုတ် ၁၀

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် လူနေအိမ်များအပေါ် မြေပြိုကျမှုကြောင့် ရှာဖွေနေကြရာ ယနေ့ (သြဂုတ် ၁၀) နံနက်ပိုင်းတွင် သေဆုံးသူ ခုနှစ်ဦး ထပ်မံတွေ့ရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၂၉ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန သတင်းထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ သံဖြူရပ်ကွက်တွင် သြဂုတ်လ ၉ ရက်နေ့ နံနက် ၈နာရီကျော်က မလတ်တောင် မြေပြိုကျသဖြင့် ရှာဖွေနေကြခြင်းဖြစ်သည်။ ယင်းသို့ ရှာဖွေရာတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အထိ ရုပ်အလောင်း ၂၉ လောင်းတွေ့ရှိထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းမြေပြိုမှုကို မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦးနှင့် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦး စုစုပေါင်း ၁၄၅ ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်နေခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

တောင်ကိုဖြို၍ မြေကြီးရောင်းချမှုများ လုပ်ဆောင်ကြရာမှ ရာသီဥတုဒဏ်ခံစားရချိန်တွင် ပြိုကျခြင်းဖြစ်ကြောင်း သထုံမဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ကျော်သူက ပြောဆိုထားသည်။

မြေပြိုကျမှုကြောင့် လူနေအိမ် ၂၀ ကျော်အပြင် လမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့် ကားများလည်း ပါသွားကြောင်း၊ ယင်းမြေပြိုကျမှုကြောင့် ၄၀ ကျော်ရှိပြီး ယင်းနေရာကို စက်ယန္တရားများ အသုံးပြုကာ ရှင်းလင်းနေကြောင်း ဒေသအာဏာပိုင်များထံမှ သိရသည်။

Image may contain: 2 people, people standing and outdoor
Image may contain: 3 people, people standing, child and outdoor

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *