မွန်နှင့် တနင်္သာရီတိုင်းတွင် မိုးဆက်ရွာနေဦးမည်

Photo- Tanintharyi region, Mon State Government office

ရန်ကုန်၊ သြဂုတ် ၁၁

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေနစ်မြှုပ်ခြင်း၊ တောင်ပြိုခြင်း၊ လမ်းတံတားပျက်စီးခြင်းနှင့် လူများစွာသေဆုံးသည်အထိ ဖြစ်ပေါ်နေသော မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းတို့တွင် သြဂုတ်လ၁၂နှင့် ၁၄ရက်များတွင် နေရာစိပ်စိပ်မှ အနှံ့အပြား မိုးရွာနိုင်ကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားသည်။

၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁ဝရက်နေ့ ည(၁၁း၀၁)နာရီက မိုးလေဝသခန့်မှန်းချက်ကို အထက်ပါအတိုင်း နင်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် သြဂုတ်လ ပထမအပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့်နှင့် တောင်ကျ ချောင်းရေများကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ လူဦးရေ ၁၁၀၀၀ ကျော် ရေဘေးသင့်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပြည်နယ်အတွင်းရှိ မော်လမြိုင်အပါအဝင် သံဖြူဇရပ်၊ မုဒုံ၊ ရေး၊ ကျိုက်မရော၊ သထုံနှင့် ဘီးလင်းမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအတော်များများ ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည်။

ဩဂုတ်လ(ဒုတိယ)(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်‌အော်တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ကာ အနောက်တောင်မုတ်သုံလေ သည်အားအသင့်အတင့် ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရှမ်း(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်သည်။

မိုးရွာရက်အနေနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ချင်း၊ ရှမ်း(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်၊ ကရင်နှင့်မွန်ပြည်နယ်တို့တွင် (၈)ရက်မှ (၁၀)ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်း(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၆)ရက်မှ (၇)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မကွေးတိုင်းတို့တွင် (၄)ရက်မှ (၅)ရက်ခန့် ရွာနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်သည်။

သြဂုတ်လ ၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့ ပြီး သြဂုတ်လ ၆ရက်နေ့တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါမုန်တိုင်းငယ်သည် သြဂုတ်လ ၇ရက်နေ့ မြန်မာစံတော်ချိန်(၀၉:၃၀)နာရီအချိန်တွင် အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ ခဲ့ပြီး၊ (၁၈:၃၀)နာရီအချိန်တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေမြောက်ပိုင်းကို ဘလာဆောမြို့ (Blasore)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်း ရာမှ အားအလွန်ကောင်းခဲ့သည်။

Photo- Tanintharyi region, 
Mon State Government office

Image may contain: 2 people, outdoor

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *