ချောင်းဆုံတွင် မြေထပ်ပြို၊ ရှာဖွေကယ်ဆယ်ရေးစတင်

Photo - Myanmar Fire Services Department

ရန်ကုန်၊ သြဂုတ် ၁၁

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက မြေပြိုခဲ့ပြီး ယနေ့ နံနက်တွင်လည်း ချောင်းဆုံမြို့နယ် ကလော့ကျေးရွာတွင် မြေပြိုကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကလော့ကျေးရွာတွင် ယနေ့ (သြဂုတ် ၁၁) နံနက် ၃နာရီ ၁၅ မိနစ်တွင် မြေပြိုသဖြင့် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။

ပေါင်မြို့နယ်တွင် လူနေအိမ်များအပေါ် မြေပြိုကျမှုကြောင့် ရှာဖွေနေကြရာတွင်လည်း ယနေ့ (သြဂုတ် ၁၁) နံနက် ၉ နာရီကျော်အထိ သေဆုံးသူ ၄၄ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

Image may contain: outdoor
Image may contain: one or more people, tree, house, plant and outdoor

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *