ရေး-ထားဝယ်လမ်းပြိုကျပျက်စီးမှု ဘေလီတံတား အ​ရေး​ပေါ်ထိုးရန်​ပြင်​ဆင်

ဓာတ်ပုံ - ကလိန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး

ရန်​ကုန်​၊ သြဂုတ်​ ၁၁

မြန်​မာနိုင်​ငံ​တောင်​ဘက်​ပိုင်းအတွက်​ အဓိကကုန်​စည်​ စီးဆင်းသွားလာရာ ပြည်​​ထောင်​စုလမ်းမကြီး ​ရေး- ထားဝယ်​ ကားလမ်းပိုင်း မလွဲ​တောင်​လမ်း ပြိုကျပျက်စီးသွားသည့်​​နေရာတွင်​ ​သံ​ဘောင်​​ဘေလီတံတားအ​ရေး​ပေါ် ထိုးရန်​ပြင်​ဆင်​​နေ​ကြောင်း ဆောက်​လုပ်​​ရေးဝန်​ကြီးဌာန အမြဲတမ်းအတွင်းဝန်​ ဦးဝင်းတင့်​က The Voice Journal သို့​ ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်​။

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မှ ၁၁၅ မိုင်​အကွာ တနင်္သာရီတိုင်းဒေသကြီးသို့ရောက်ရှိရန် နှစ်မိုင်​အကွာ​နေရာတွင် ​လမ်းပြိုကျပျက်စီးခြင်းဖြစ်​​ကြောင်း ၎င်းက ပြောဆိုသည်။

“မလွဲ​တောင်​လမ်း ပျက်​သွားတာက လမ်းခွဲ​တွေလည်း သွားလို့မရဘူး။ ​ဘေးနားမှာလည်း ​ချောက်​ကမ်းပါးပဲ ရှိတယ်​။ ဒီနေ့ မနက်​ထိ ​ပေ ၃၀ အနံကျယ်​တယ်​။ အရှည်​က ​ပေ တစ်​ရာ​လောက်​ရှိသွားပြီ” ဟု ​ရေဖြူမြို့နယ်​ အမှတ်​ (၂) မဲဆန္ဒနယ်​က တနင်္သာရီတိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးကြည်​စိုးက ​ပြောကြားသည်​။

မလွဲ​တောင်​ လမ်းပိုင်းပြင်​ဆင်​​ရေးအတွက်​ ဒုတိယသမ္မတ ဦးဟင်​နရီဗန်​ထီးယူ အပါအဝင်​ ​​ဆောက်​လုပ်​​နေ​ရေးဝန်​ကြီးဌာန ဒုတိယဝန်​ကြီးများ၊ အင်​ဂျင်​နီယာချုပ်​များ ယ​နေ့ (သြဂုတ်​ ၁၁) ​တွင်​ ​ရေးမြို့သို့သွား​​နေ​ကြောင်း အမြဲတမ်းအတွင်းဝန်​ ဦးဝင်းတင့်​က ပြောဆိုသည်။

“လမ်းပျက်ကျသွားတာ။ အကျယ်​ ၈၀ ​လောက်​ရှိမယ်​။ ​ဘေလီတံတား သံ​ဘောင်​အ​ရေး​ပေါ်ထိုးဖို့ပြင်​​နေတယ်​။ ​ဘေလီတံတားထိုးဖို့အတွက်​ကို ဝန်​ကြီး​တွေ သွားစစ်​​ဆေး​နေတယ်​။ တံတားဦးစီးဌာနလည်း ပါတယ်​။ တံတားထိုးဖို့ လိုအပ်​တဲ့ပစ္စည်း​တွေလည်းပို့​နေပြီ” ဟု ၎င်းက ဆိုသည်​​။

မွန်ပြည်​နယ်​ဘက်​မှ လိုအပ်​သည့်​ပစ္စည်းများပို့​နေကာ ထားဝယ်​ဘက်တွင်​မူ ​​မြေပြို​နေ၍ ​ဘေလီသံ​ဘောင်များ​ရောက်​ရှိ​ရေး အခက်​အခဲများရှိ​နေ​ကြောင်း ဦးဝင်းတင့်က ဆက်လက်ပြောဆိုသည်​။

တနင်္သာရီတိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးကြည်​စိုးကမူ “အခုခက်​တာကဗျာ၊ မိုး​တွေတအားရွာ​နေတယ်​။ ​ဘေလီသယ်​မယ့်​ လမ်းတစ်​​ကြောင်းမှာလည်း ​ရေလွှမ်း​နေတဲ့ အခါကျ​တော့
နည်းနည်း​ နှောင့်နှေး​နေတယ်​” ဟု ​ပြောဆိုသည်။

ယင်းအပြင်​ ​ရေတိုက်​စား၍ ပြတ်​တောက်​သွားသောနေရာများဖြစ်​သည့်​ ​ရေဖြူမြို့နယ်​ အုန်းပင်​ကွင်းကျေးရွာ၊ မာရဝတီရေတပ်​ဆေးရုံသွား လမ်းပေါ်ရှိ သဘွတ်​ချောင်းရွာလယ်​တံတား၊ တောင်​ပယ တံတား​​နေရာတွင်​ ယာယီ သံဘေလီတံတားများ တည်​ဆောက်​နိုင်​ရေး​​ဆောင်​ရွက်​​နေ​ကြောင်း ၎င်းက ဆက်​လက်​​ပြောကြားသည်​။

ယခုရက်​ပိုင်းအတွင်း မိုးသည်းထန်​စွာရွာသွန်းမှု​ကြောင့်​ တိုင်း​ဒေသကြီးနှင့်​ ပြည်​နယ်​ ငါးခုတွင်​ ​ရေကြီး၊​ရေလျှံ​ခြင်း၊ ​မြေပြိုခြင်း​ကြောင့်​ လူ ၅၀ ထက်မနည်းသေဆုံးပြီး လမ်း၊ တံတားပျက်​စီးနေသည်။

 

Image may contain: outdoor and nature

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *