ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ၊ တစ်ဦးသေဆုံးဟုဆို

မန္တလေး၊ သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA)ကို ယနေ့နံနက်ပိုင်းက လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင်မြို့ရှိ သတင်းအရင်းအမြစ် အချို့ထံမှ သိရှိရသည်။

လက်နက်ကြီးဖြင့် ခြောက်ကြိမ်ပစ်ခတ်မှုကြောင့် စားရိပ်သာဝန်းကျင်သို့ ကျည်အချို့ ကျရောက်ခဲ့ပြီး အနီးရှိသူများ သေဆုံး၊ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ကြားတယ်။ ဒါပေမယ့် အပြင်ဆေးရုံမပို့ဘဲ သူတို့တပ်ဆေးရုံပဲ ပို့မှာဆိုတော့ ကျွန်တော်တို့ မတွေ့ရဘူး။ နောက်ပြီး အထဲကိုလည်း ၀င်ခွင့်မရဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

တိုက်ခိုက်ခံရသည့် ဖြစ်စဉ် မှန်ကန်ပြီး တာဝန်ရှိသူများ ယင်းနေရာသို့ သွားနေသည့်အတွက် အသေးစိတ် ပြောဆို၍ မရသေးကြောင်း ပြင်ဦးလွင်ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောသည်။

ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းရာ အစည်းအဝေး လုပ်နေကြောင်း ပြန်လည်ဖြေဆိုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *