အမျိုးသမီး ၅၀၀ ကျော်၏ ခါးအောက်ပိုင်းပုံများ ဗီဒီယိုရိုက်ကူးသူ စပိန်ရဲဖမ်းဆီး 

ပုံစာ။ ။ အမျိုးသမီး ခါးအောက်ပိုင်းပုံများကို ဓာတ်ပုံရိုက်ခြင်းကို တားမြစ်သည့် ဥပဒေပြဋ္ဌာန်းရန် လှုံဆော်ခဲ့သူ စာရေးဆရာ ဂီနာမာတင်

မက်ဒရစ်၊ ဩဂုတ် ၂၁

အမျိုးသမီး ၅၀၀ ကျော်၏ ခါးအောက်ပိုင်းပုံများကို ဗီဒီယိုရိုက်ကူး၍ အွန်လိုင်းပေါ်ဖြန့်ဝေသူဟု သံသယရှိသူတစ်ဦးကို စပိန်နိုင်ငံ မက်ဒရစ်မြို့တော်တွင် ဖမ်းဆီးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အသက် ၅၃ နှစ်အရွယ် ကိုလံဘီယာနိုင်ငံသားဖြစ်သူမှာ ကျောပိုးအိတ်တွင်လျို့ဝှက်တပ်ဆင်ထားသော မိုးဘိုင်းဖုန်းကင်မရာမှတဆင့် အမျိုးသမီးများ၏ ခါးအောက်ပိုင်းကို ဗီဒီယိုရိုက်ကူးထုတ်လွင့်ခဲ့ကြောင်း စွပ်စွဲထားသည်။

၎င်းသည် ဗီဒီယိုဖိုင် ၂၈၃ ခုကို လိင်ဖျော်ဖြေရေးဝဘ်ဆိုက်များသို့ လွှင့်တင်ခဲ့ပြီး ကြည့်ရှုသူ သန်းနှင့်ချီ၍ ရှိကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောကြားသည်။

ဗီဒီယိုရိုက်ကူးခံခဲ့ရသူ ၅၅၅ ဦးတွင် အချို့မှာ အသက်မပြည့်သေးသူများပါဝင်ပြီး အများစုမှာ မက်ဒရစ်မြို့တော် မြေအောက်ရထားစီးနင်းရာတွင် ရိုက်ကူးခဲ့ခြင်းလည်း ဖြစ်သည်။

စပိန်ရဲတပ်ဖွဲ့က သံသယရှိသူကို မြေအောက်ရထားပေါ်တွင် အမျိုးသမီးတစ်ဦးကို လျို့ဝှက်ဗီဒီယိုရိုက်ကူးနေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

စပိန်နိုင်ငံတွင် အမျိုးသမီးများ၏ ခါးအောက်ပိုင်းကို လျို့ဝှက်ဗီဒီယို သို့မဟုတ် ဓာတ်ပုံရိုက်ကူးခြင်းကို လိင်အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားပြီး ထောင်ဒဏ်ပြစ်ဒဏ်အထိ ချမှတ်နိုင်သည်။

ထို့ပြင် ယင်းလုပ်ရပ်မှာ အင်္ဂလန်နှင့် ဝေးလ်နယ်များတွင်လည်း ပြစ်မှုမြောက်သောဖြစ်ဒဏ်အဖြစ် မကြာသေးခင်းက ပြဋ္ဌာန်းခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *