လုပ်​ထုံးလုပ်​နည်းကိုချိုး​ဖောက်​ခဲ့သည်ဟုဆိုကာ အင်းစိန်​​ဆေးဝါးစက်​ရုံမှူးကို အဂတိဖြင့်​ အ​ရေးယူ

ရန်​ကုန်​၊ စက်​တင်​ဘာ ၇

လာဘ်​​ပေးလာဘ်​ယူခဲ့ခြင်းမရှိ​သော်​လည်း ဥပ​​ဒေလုပ်​ထုံးလုပ်​နည်းကိုချိုး​ဖောက်​ခဲ့သည်​ဟုဆိုကာ အင်းစိန်​​​ဆေးဝါးစက်​ရုံးမှူ ​ဒေါက်​တာ​အောင်​​ဇော်​ကို ဖမ်းဆီးကာ ​အဂတိ ဥပ​ဒေဖြင့်​ အ​ရေးယူ​နေ​ကြောင်း အဂတိလိုက်​စားမှုတိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။

ဒေါက်​တာ​အောင်​​ဇော်​သည်​ ​ဆေးဝါးထုပ်ပိုးပစ္စည်းများထုတ်လု​​ပ်ရန် ​ကော်​​စေ့ ၂၆ တန်​ဝယ်​ယူရာတွင်​ လုပ်​ထုံးလုပ်​နည်းနှင့်​ မညီဘဲ ဝယ်​ယူခဲ့၍ နိုင်​ငံ​တော်​ ​ငွေ​ကြေးနှင့်​ ပစ္စည်းများ ထိခိုက်​နစ်​နာ ဆုံးရှုံး​စေသည်​ဟုဆိုကာ အင်းစိန်​ ရဲစခန်းတွင်​ ဖမ်းဆီးကာ စစ်​​ဆေး​နေ​ကြောင်း အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​မှတာဝန်​ရှိသူတစ်​ဦးက​ပြောဆိုသည်​။

“လက်​ရှိက အင်းစိန်​ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်​။ စစ်​​ဆေးမှု​တွေလုပ်​​နေပါတယ်​။ တရားစွဲတင်​နိုင်​ဖို့​ဆောင်​ရွက်​သွားမှာပါ” ဟု ၎င်းက​ပြောဆိုသည်​။

အင်းစိန်​​ဆေးဝါးစက်​ရုံ (BPI ) နှင့်​ ​ကျောက်​ဆည်​ ​ဆေးဝါးစက်​ရုံ (အင်​​ရောင်း) တို့တွင်​ ​သွေး​ကြောသွင်း ​ဆေးရည်​ဘူးများ ထုတ်​လုပ်​ရန်​ ​ကော်​​စေ့များဝယ်​ယူရာတွင်​ ကုမ္ပဏီ နှင့်​ ပူး​ပေါင်း၍ ရိုက်​စား​နေမှုများကို အ​ရေးယူ​ပေးရန်​ အဂတိကော်​မရှင်​ကို တိုင်​ကြားလာခြင်း​ ဖြစ်​​ကြောင်း အဂတိ​ကော်​မရှင်​မှ တာဝန်​ရှိသူတစ်​ဦးက​ပြောဆိုသည်​။

ဒေါက်​တာ​အောင်​​ဇော်​သည်​ ​ဆေးဝါးထုပ်ပိုးပစ္စည်းအတွက်​ ကုန်​ကြမ်းဝယ်​ယူရာတွင်​ တင်​ဒါ​အောင်​မြင်​ရန်​ ​သေချာသည့်​ ကုမ္ပဏီထံမှ တရားဝင်​ စာချုပ်​မချုပ်​ဆိုမီ လုပ်​ထုံးလုပ်​နည်းချိုး​ဖောက်​ကာ စံချိန်​စံညွှန်း နှင့်​ မညီသည့်​ ​အမျိုးအစားမတူသည့်ေ​ကာ်​​စေ့များကို လက်​ခံခဲ့​၍ အ​ရေးယူ​ဆောင်​ရွက်​ခဲ့ခြင်းဖြစ်​​ကြောင်း အဆိုပါ​ကော်​မရှင်​ထံမှသိရသည်​။

ယခင်​က လာဘ်​​ပေးလာဘ်​ယူမှသာ အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးဥပ​ဒေဖြင့်​ အ​ရေးယူခဲ့​သော်​လည်း စတုတ္တ အကြိမ်​ပြင်​ဆင်​သည့်​ ဥပ​ဒေအရ အများပြည်​သူဆိုင်​ရာ အဖွဲ့အစည်း အခြားအဖွဲ့အစည်း တစ်​ခု၏ တာဝန်​ရှိသူတစ်​ဦးသည်​ တည်​ဆဲဥပ​ဒေ၊ လုပ်​ထုံးလုပ်​နည်းများကို ချိုး​ဖောက်​၍ နိုင်​ငံ​တော်​ ​ငွေ​ကြေး၊ ပစ္စည်းများကို ထိခိုက်​ဆုံးရှုံး​စေလျှင်​ အဂတိလိုက်​စားမှု ​မြောက်​​ကြောင်း အဆိုပါ​ကော်​မရှင်​ထံမှသိရသည်​။

ယင်း​ကြောင့်​ ​ဒေါက်​တာ​အော်​​ဇော်​သည်​ လာဘ်​​ပေး လာဘ်​ယူခဲ့ခြင်း မရှိ​သော်​လည်း အဂတိ ဥပ​ဒေဖြင့်​ ပထမဆုံးအ​ရေးယူ​ခဲ့ရခြင်း​ ​ကြောင်း အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​ထံမှသိရသည်​။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *