တပ်မတော်ကို ဝေဖန်ပုတ်ခတ်ခဲ့သည်ဟုဆိုကာ မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော်ကို ရဲတပ်ဖွဲ့ စစ်ဆေး

ရန်ကုန် ၊ စက်တင်ဘာ ၁၁

တပ်မတော်ကို ဝေဖန်ပုတ်ခတ် ပြောဆိုခဲ့သည်ဟုဆိုကာ မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော်ကို တရားရုံးသို့ ဦးတိုက်လျောက်ထားကာ လာရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း ကာယကံရှင် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယာဝံသာဘိဝံသက မိန့်ကြားသည်။

တရားရုံးသို့ ဦးတိုက်လျှောက်ထားခံရသည့်နေ့ကိုမသိသော်လည်း စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဦးတိုက် လျှောက်ထားမှုနှင့် ပတ်သက်ပြီး ဆရာတော်ထံ အကြောင်းကြားကာ လာရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း အရိယာဝံသာ ဘိဝံသ က ဆက်လက်မိန့်ကြားသည်။

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တပ်မတော်က သိန်း ၃၀၀ လှူဒါန်းမှုနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာန ကိုဖြေကြားထားခြင်းအပေါ် မန္တလေး GE တပ်မှ ဒုတိယဗိုလ်မှူးကြီး သော်တာဒွေးက တရားရုံးကိုဦး တိုက်လျှောက်ထားခြင်းဖြစ်ကြောင်း ဆရာတော် ထံမှ သိရသည်။

“ဆရာတော်ကို မနေ့က လာစစ်မေးတယ်။ဖြေကြားထားတွေနဲ့ပတ်သက်ပြီးတော့ပေါ့။ ဟုတ်တယ်လို့ပြန်ပြောလိုက်တယ်။စစ်ချက်တွေတော့ ယူသွားတာပေါ့။ အဲဒါတွေကိုကြည့်ပြီး တရားရုံးက တရားစွဲ၊ မစွဲ လုပ်မှာပေါ့” ဟု ဆရာတော်က မိန့်ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ပြောဆိုချက်များသည် ဓမ္မလမ်းကြောင်းအတိုင်းပြောဆိုရမည့်အတိုင်းသာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *