ငပုတောတွင် အသတ်ခံရသည့် တောဆင်ရိုင်း တွေ့

ငပုတော၊ စက်တင်ဘာ ၁၁

ဆင်ကောင်ရေထိန်းသိမ်းရေးအသိပညာပေးမှုများ မြို့ကြီးများတွင် ဆောင်ရွက်နေချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု မြစ်တစ်ရာကြိုးဝိုင်းအတွင်း သတ်ဖြတ်ခံထားရသည့် တောဆင်ရိုင်းတစ်ကောင်ကို စက်တင်ဘာ ၁၀ ရက်နေ့က တွေ့ရှိခဲ့ရ ကြောင်း အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ဆင်ဆရာဝန်ရဲ့ စစ်ဆေးချက်အရကတော့ လွန်ခဲ့တဲ့၂ ရက်လောက်က အသတ်ခံထားရတယ်လို့ သိရပါတယ်၊ စတွေ့တဲ့အချိန်မှာတော့ ဆင်တစ်ကိုယ်လုံးကို အရေခွံတွေ ခွာထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့အဖွဲ့ (ဆင်ကိစ္စအရေးပေါ်ဆောင်ရွက်ရေးအဖွဲ့ကင်းလှည့်နေပေမယ့် မိုးများတာရယ်၊ လမ်းခရီးမကောင်းတာရယ်ကို အခွင့်ကောင်းယူပြီး သတ်ဖြတ်သွားတာပါ”ဟု တင်းချောင်းကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်မြင့်ထွန်း က ရှင်းပြသည်။

သတ်ဖြတ်ခံထားရသည့်ဆင်ကို တင်းချောင်းကျေးရွာအုပ်စု၊ ထန်းတစ်ပင်ကျေးရွာအနောက်ဘက် ၅မိုင်ခန့်အကွာ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းရှိ မဒေါ့ချောင်းတွင် တွေ့ရှိရခြင်းဖြစ်သည်။

ဆင်မှာ အမဖြစ်ပြီး အသက် ၂၃နှစ်ခန့်ရှိကာ အမည်းရောင်ဖြစ်ပြီး အမြင့် ၇ ပေ၊ အလျား ၆ ပေ ၇ လက်မ၊ နှာမောင်း ၃ ပေ ၇ လက်မခန့်ရှိကြောင်း၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာနားရွက်ပြတ် ဒဏ်ရာများရရှိ၍ သေဆုံးခြင်းဖြစ်ကြောင်း၊ တောဆင်ရိုင်းသတ်ဖြတ်သူများ ဖမ်းဆီးရမိရေးအတွက် သစ်တောရဲ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းရှာဖွေလျက်ရှိကြောင်း တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

*ZawG *

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *