အမေရိကန်သမ္မတကို ထောက်လှမ်းသည်ဆိုသည့်သတင်း အစ္စရေးဝန်ကြီးချုပ်ငြင်း

WASHINGTON, DC - MARCH 25: (AFP OUT) US President Donald J. Trump (R) and Prime Minister of Israel Benjamin Netanyahu (L) shake hands in the Oval Office of the White House March 25, 2019 in Washington, DC. Trump signed an order recognizing Golan Heights as Israeli territory.Netanyahu is cutting short his visit to Washington due to a rocket attack in central Israel that had injured seven people. (Photo by Michael Reynolds - Pool/Getty Images)

တယ်လ်အဗက်၊ စက်တင်ဘာ ၁၂

ဆလ်ဖုန်းဖြင့် ဆက်သွယ်ပြောကြားမှုများကို ကြားဖြတ်နားထောင်နိုင်ရန် အမေရိကန်သမ္မတအိမ်ဖြူတော်နှင့် ဝါရှင်တန်မြို့တော်အနီးတစ်ဝိုက်တွင် အစ္စရေးက ထောက်လှမ်းရေးပစ္စည်းများ ထည့်သွင်းထားသည်ဆိုသည့် သတင်းကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ငြင်းဆိုသွားကြောင်း Axios သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အစ္စရေးက အမေရိကန်သမ္မတ အိမ်ဖြူတော်အနီးတွင် ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ထားသည်ဟု အမေရိကန်ထောက်လှမ်းရေး FBI နှင့် အခြားသော အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများက ယူဆထားကြောင်း Pilitico သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားခြင်းလည်းဖြစ်သည်။

ယင်းသတင်းနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

အစ္စရေးကတပ်ဆင်ထားသည့် အဆိုပါထောက်လှမ်းရေးကိရိယာများမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ၎င်း၏ ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များကို ပစ်မှတ်ထားခြင်း ဖြစ်ဖွယ်ရှိကြောင်း  အမေရိကန်အစိုးရတာဝန်ရှိသူဟောင်းတစ်ဦးကို ကိုးကား၍ Politico သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အဆိုပါ သတင်းကို ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံမည့် ဆိုချီမြို့သို့ အသွား လေယာဉ်ပေါ်တွင် ဖတ်မိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဝန်ကြီးချုပ်ရုံးက အဆိုပါသတင်းမှာ ဗြောင်လိမ်ညာမှုဖြစ်ကြောင်း ရေးသားထားသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

ထိုပြင် အမေရိကတွင် မည်သို့သော ထောက်လှမ်းရေးလုပ်ရပ်မျိုးကိုမျှ မလုပ်ရန် အစ္စရေးအစိုးရက ညွှန်ကြားထားကြောင်းနှင့် ယင်းညွှန်ကြားချက်ကို တင်းတင်းကျပ်ကျပ်လက်တွေ့ကျင့်သုံးကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *