အွန်လိုင်းတွင် မလျော်ကန်သည့် အကြောင်းအရာတင်သည့် အမျိုးသားတစ်ဦးကို ထိုင်းအစိုးရဖမ်းဆီး

ဖမ်းဆီးခံခဲ့ရသည့် ကန်ပေါင်ပရာဖဖန်

ဘန်ကောက်၊ အောက်တိုဘာ ၈

အွန်လိုင်းတွင် မလျော်ကန်သည့် အကြောင်းအရာများတင်ခဲ့သည်ဟု စွဲချက်ဖြင့် ထိုင်းအစိုးရက အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၈ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြသည်။

တော်ဝင်မော်တော်ဆိုင်ကယ်များ ဘန်ကောက်ယာဉ်လမ်းကြောင်းတွင် အရေးအတွက်များစွာ သွားလာခြင်းအပေါ် ဝေဖန်မှုသည် ထိုင်းဘာသာစကားသုံး တွစ်တာတွင် ထိပ်တန်းအကြောင်းအရာဖြစ်လာပြီးနောက်ပိုင်း အလျင်အမြန်ပင် ယခုဖမ်းဆီးမှု ဖြစ်ပေါ်လားခြင်းဖြစ်သည်။

သို့သော် ဖမ်းဆီးခံရသူ၏ ရှေ့နေကမူ သူ၏အမှုသည်မှာ တော်ဝင်မိသားစုကို ဝေဖန်ခဲ့သည်ဆိုသည့် စွဲချက်အပေါ် ငြင်းဆန်ခဲ့သည်။

ဖမ်းဆီးခံရသူသည် အသက် ၂၅ နှစ်အရွယ် ကန်ပေါင်ပရာဖဖန်ဆိုသူဖြစ်ကြောင်း သူ၏ရှေ့နေက အတည်ပြုပြောဆိုသည်။

၎င်းသည် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်ကို စော်ကားပြောဆိုဝေဖန်မှုအပေါ် တင်းကျပ်စွာပြဋ္ဌာန်းထားသည့် ‘lese majeste laws’ နှင့် စွဲချက်အတင်မခံရဘဲ အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်သည့် ဆိုက်ဘာရာဇဝတ်မှု ဥပဒေနှင့်သာ တရားစွဲခံထားရခြင်းဖြစ်ကြောင်းလည်း သူ၏ ရှေ့နေက ပြောသည်။

ရဲတပ်ဖွဲ့ကလည်း #royalmotorcade ဆိုသည့် (သီးခြား အကြောင်းအရာများကို ဖော်ပြသည့်) Hashtag ကြောင့်သာ ဖမ်းဆီးရခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံတွင် ဘုရင်စနစ်ကို စော်ကားပြောဆိုပါက ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ်ကျခံရနိုင်သည်။ သို့သော် ၂၀၁၈ ခုနှစ်က ပြစ်ဒဏ်ချခဲ့ပြီးနောက်ပိုင်း ယင်းကဲ့သို့ Lese Majeste ကိစ္စရပ်မျိုး အသစ်ထပ်ဖြစ်ခဲ့ခြင်း မရှိသေးပေ။

သူ၏ အမှုသည် သည် အခြားနိုင်ငံများ၏ သမိုင်းဝင်တော်ဝင်အကြောင်းအရာများကိုသာ ပို့စ်တင်ခဲ့ခြင်းဖြစ်ကြောင်း Kaen ၏ ရှေ့နေက ပြောသည်။

“သူ့ Facebook မှာ သူတင်တဲ့ မှတ်ချက်တွေအားလုံးက ထိုင်းရဲ့ ဘုရင်စနစ်နဲ့ #royalmotorcade hashtag တစ်ခုကိုမှ ဆိုလိုတာမဟုတ်ပါဘူး။ သူ့ပို့စ်တွေက ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီက အကြောင်းအရောတွေပါ” ဟု ရှေ့နေ Winyat Chatmontree က ဆိုသည်။

Kaen သည် ထိုင်းတပ်မတော်က အာဏာသိမ်းထားသည့်ကာလအတွင်း ယခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပပြီး စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြရာတွင် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ပါဝင်သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *