လက်ရုံးဆန့်လာသည့် ထိုင်းဘုရင်သစ်

Thailand's King Maha Vajiralongkorn and General Sineenat Wongvajirapakdi, the royal consort pose at the Grand Palace in Bangkok, Thailand, in this undated handout photo obtained by Reuters August 27, 2019. Thailand's King Maha Vajiralongkorn has stripped his newly named royal consort Sineenat of her titles and military ranks for being "disloyal" and conducting a rivalry with Queen Suthida, the palace said late on Monday. Royal Household Bureau/Handout via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. EDITORIAL USE ONLY. NO RESALES. NO ARCHIVE. - RC154C9126D0

ထိုင်းဘုရင်သစ် မဟာဝိဇယလောင်ကွန်းသည် ယခု သီတင်းပတ်အစောပိုင်းက မိဖုရားငယ်တစ်ပါးကို မိဖုရားရာထူးမှ အရာချခဲ့သည်။ ဆင်းနတ်ဝေါင်ဝိဇယပဒီ (Sineenat Wongvajirapakdi) ဟု ဘွဲ့အမည် ပေးထားသော မိဖုရားငယ်မှာ တော်ဝင်မိသားစုကို သစ္စာဖောက်မှု၊ တော်ဝင်အမှုထမ်းတစ်ဦးအနေနှင့်  မလုပ်သင့် မလုပ်အပ်သော အပြုအမူများပြုမူခြင်းတို့ကြောင့် မိဖုရားငယ်ရာထူးနှင့် သူ့အပေါ် ပေးအပ်ထားသည့် စစ်ဘက်ရာထူးများကိုပါ ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတော်ဝင်ဂေဇက်တွင်  ဖော်ပြထားသည်။

ထိုင်းဘုရင်သစ် မဟာဝိဇယလောင်ကွန်းမှာ ၎င်း၏ ကိုယ်ရံတော်တပ်ဖွဲ့အရာရှိတစ်ဦးဖြစ်သူ ဆုသီဒါကို မိဖုရားကြီးအဖြစ် တင်မြောက်ထားပြီးဖြစ်သည်။ သို့သော် လွန်ခဲ့သောသုံးလခန့်ကမှ ဆင်းနတ်ဝေါင်ဝိဇယပဒီ (Sineenat Wongvajirapakdi) ကို မိဖုရားငယ်အဖြစ် တရားဝင်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းဆိုရပါလျှင် ထိုင်းဘုရင်တစ်ပါးအနေနှင့် မိဖုရားကြီးအပြင် နောက်ထပ်မိဖုရားငယ်များ တရားဝင်တင်မြှောက်သည့် အလေ့အထကို ကျင့်သုံးခြင်းမရှိတော့သည်မှာ အကြွင်းမဲ့ပဒေသရာဇ်စနစ်ကို ကျင့်သုံးသည့် အချိန်ကာလကတည်းကပင်ဖြစ်ရာ ရာစုနှစ်တစ်ခုစာခန့်ပင် ရှိပြီဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် အကြွင်းမဲ့ပဒေသရာဇ်ကာလ၌ ထိုင်းဘုရင်များမှာ တစ်လင်တစ်မယားစနစ် မကျင့်သုံးဘဲ မိဖုရားများစွာ ယူလေ့ရှိသည်။ သို့သော် ၁၉၃၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အကြွင်းမဲ့ ပဒေသရာဇ်စနစ် အဆုံးသတ်သွားချိန်တွင်မူ ထိုင်းဘုရင်များမှာ မိဖုရားကြီးအပြင် နောက်ထပ်မိဖုရားများကို တရားဝင်တင်မြှောက်ခြင်း မရှိတော့ပါချေ။

ယခု ဘုရင်သစ်မဟာဝီဇယလက်ထက်ရောက်မှာသာ မိဖုရားကြီး အပြင် နောက်ထပ်မိဖုရားငယ်တစ်ပါးကို တရားဝင်တင်မြှောက်ခဲ့ခြင်း ဖြစ်ရာ နှစ်ပေါင်းတစ်ရာကျော်ခန့်ရှိခဲ့သည့် အလေ့အထများကို ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ထက် ယခု ထိုမိဖုရားငယ်ကို အရာချလိုက်သည့်ကိစ္စမှာ သာမန်ထက်ပိုသော ကိစ္စ ဖြစ်သည်။ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းမှာ ဩဇာကြီးသည့် ဘုရင့်ဘဏ္ဍာတော်ဆိုင်ရာ ဗျူရို (Crown Property Bureau) အဖွဲ့ကို ထိန်းချုပ်ခြင်းများ၊ နောက်ထပ် ဩဇာကြီးသည့် အဖွဲ့ဖြစ်သည့် Privy Council ဘုရင့်အကြံပေး အဖွဲ့ဝင်များကို အာဏာ လျှော့ချသည့် လုပ်ရပ်များလုပ်ဆောင်ကြောင်း သတင်းမျာလည်း ထွက်နေသည်ကို တွေ့ရသည်။ ထို့ပြင် ထိုင်းစစ်တပ်တပ်ရင်းတပ်ဖွဲ့အချို့ကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်း၊ ထိုင်းနိုင်ငံရေးတွင် ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်များလည်း တွေ့ရသည်။

လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ထိုင်းစစ်တပ်တပ်ဖွဲ့နှစ်ခုကို ထိုင်းဘုရင်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ထားရှိရန် တော်ဝင်အမိန့် ဒီကရီ ထုတ်ပြန်ခဲ့သည်။ အရေးပေါ်အခြေအနေကြောင့် ယင်းကဲ့သို့ အမိန့်ဒီကရီ ထုတ်ပြန်ရခြင်းဖြစ်သည်ဟုဆိုသော်လည်း မည်သည့်အရေးပေါ်အခြေမျိုးမှ ထင်ထင်ရှားရှားမတွေ့ရပေ။

တကယ်တမ်းဆိုရပါလျှင် လက်ရှိ ဘုရင်မဟာဝီဇယ၏ ခမည်းတော်ဘုရင် ဘူမိဘောလက်ထက်ကပင် ထိုင်းဘုရင်လက်ထဲတွင် အတော်အတန်ကြီးမားသော ဩဇာအာဏာကို ရယူထားသည်။ သို့သော် နတ်ရွာစံထိုင်းဘုရင် ဘူမိဘောမှာ ယင်းအာဏာကို ကန့်လန့်ကာနောက်ကွယ်မှသာ အများအားဖြင့် ကျင့်သုံးခြင်းဖြစ်သလို ထိုင်းစစ်တပ်နှင့်ပေါင်း၍သာ ကျင့်သုံးခြင်း ဖြစ်သည်။

လက်ရှိ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းမှာ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အစ်မတော် ဥဘောရတနာ ရွေးကောက်ပွဲဝင်ရောက်မည့်ကိစ္စကို အမိန့်ထုတ်၍ တားမြစ်ခဲ့သည်။ နောက်ထပ်အရေးကြီးသော ကိစ္စမှာ ထိုင်းနိုင်ငံတွင် အဓိကကျသော ကုမ္ပဏီကြီးများဖြစ်ကြသည့် Siam Commercial Bank ကဲ့သို့ ဘဏ်ကြီးနှင့် အိမ်ခြံမြေလုပ်ငန်း၊ အခြေခိုင်ပြီးသော နိုင်ငံစုံလုပ်ငန်းလုပ်ကိုင်နေသည့် ထိုင်းကုမ္ပဏီကြီးများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လေ့ရှိသည့် ဘုရင့်ဘဏ္ဍာတော်ဆိုင်ရာဗျူရို ( Crown Property Bureau) တွင် ထိုင်းဘုရင်သစ်၏ ထိန်းချုပ်မှုများ ပိုမိုတိုးလာသည်များကိုလည်း တွေ့ရသည်။ ထိုင်းဘုရင့်ဘဏ္ဍာတော်ဗျူရို၏ ပိုင်ဆိုင်မှုမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာဘီလီယံ ၃၀ ထိရှိသည်။

ဘုရင်မဟာဝဇယလောင်ကွန်းတွင် အာဏာများစုပြုံရောက်ရှိနေခြင်းမှာ ထိုင်းနိုင်ငံရေးနှင့် စီးပွားရေးအတွက်သာမက ထိုင်းဘုရင်စနစ်အတွက်ပါ အန္တရာယ်ကြီးသော ကိစ္စ ဖြစ်သည်။ ထိုင်းဘုရင်သစ်၏ လုပ်ရပ်ကြောင့် နိုင်ငံရေးအာဏာမှာ ထိုင်းစစ်တပ်နှင့် ဝေးရာကို ပို့ဆောင်ကောင်း ပို့ဆောင်ပေးနိုင်မည် ဖြစ်သော်လည်း ဩဇာအာဏာကြီးသော ဘုရင်တစ်ပါးဆိုသည်မှာ ထိုင်းစစ်တပ်အုပ်စုကွဲများ၊ ဗျူရို ကရက်များနှင့် စီးပွားရေးသမားများဖြင့် လွှမ်းမိုးထားလေ့ရှိသည့် အစိုးရများထက် တာဝန်ခံမှုအပိုင်းတွင် အားနည်းချက်များ ရှိမည်ဖြစ်သည်။

နောက်ဆုံးအနေနှင့် ဘုရင်မဟာဝိဇယလောင်ကွန်း၏ အာဏာဖြန့်ကြက်မှုမှာ ထိုင်းဘုရင်စနစ် ရေရှည်တည်တံ့မှုအပေါ်တွင်လည်း ထိခိုက်နိုင်ဖွယ်ရှိသည်။ ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို ပုတ်ခတ်ပြောဆိုမှုကို တားမြစ်ထားသည့် Lese-Majeste Law ဥပဒေရှိသော်လည်း ထိုင်းနိုင်ငံသားအများစုမှာ ဘုရင်ဝိဇယလောင်ကွန်း၏ အတိတ်၊ ပစ္စုပ္ပန်အကြောင်းကို ယေဘုယျအားဖြင့် ကောင်းစွာသိရှိထားကြသူများ ဖြစ်သည်။ ထိုင်းဘုရင်သစ်မှာလည်း ပြည်သူများအကြား ထိုင်းဘုရင်  တစ်ဦးအဖြစ် လူသိထင်ရှားဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်မှုမျိုးလည်း သိပ်မတွေ့ရပေ။ ၎င်း၏ ကျွမ်းကျင်သော နယ်ပယ်မှာ စီးပွားရေးလုပ်ငန်းရှင်များ၊ စစ်တပ်နှင့် နိုင်ငံရေးထိပ်သီးများကြားတွင် ရန်သူမွေးမြူခြင်းနှင့် ဘုရင်စနစ်ကို အယုံအကြည်မရှိသည့် သမ္မတနိုင်ငံကို ထောက်ခံသူများကို ရေငုံနှုတ်ပိတ်လုပ်ခြင်းသာ ဖြစ်ပါတော့သည်။

စာညွှန်း။       Thailand’s King Consolidates Power – Stripping His Consort of Titles is Just a Tiny Fraction of His Increasing Power

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *