“အနုပညာနဲ့ ပတ်သက်လာရင် အနုပညာတင်ဆက်မှုအပိုင်းတွေကို မိုးစက်အနေနဲ့ အကောင်းဆုံး တဖြည်းဖြည်းလိုအပ်တာတွေကို ဖြည့်ဆည်းပြီးတော့ လုပ်သွားမှာပါ”

မကြာခင်ရိုက်ကူးမယ့် ကောင်းကင်မရှိတဲ့ ကြယ် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မိုးစက်ဝိုင်ကို ဒုတိယအကြိမ်မြောက် ဇာတ်ကားရိုက်ကူးဖြစ်တဲ့ အကြောင်း၊ ဇာတ်ကားအတွက် ပြင်ဆင်မှုအပိုင်းနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ထားတဲ့  Moezy ထုတ်ကုန်တွေအကြောင်းကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice : အနုပညာလှုပ်ရှားမှုအနေနဲ့ ကိုယ့်အတွက် ဒုတိယအကြိမ်မြောက် ရိုက်ကူးမယ့် ဇာတ်ကားကို ဘယ်လိုအချက်တွေနဲ့ လက်ခံဖြစ်တာလဲ။

MSW  :        အဓိကတော့ မိုးစက်က သရုပ်ဆောင်ပိုင်းမှာ အများကြီး အတွေ့အကြုံ မရှိပါဘူး။ ဒီကားက သမိုင်းဆန်ဆန်ကားမျိုးလည်း ဖြစ်တယ်။ ကိုယ်တိုင်ကလည်း သူများနိုင်ငံက သမိုင်းကားတွေဆို ကြည့်ဖြစ်တယ်။ အဲဒီတော့ ကိုယ့်နိုင်ငံက သမိုင်းကားမှာလည်း ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာပြီး ပါဖြစ်သွားတာပါ။

Voice :       ဇာတ်ကားအတွက် ပြင်ဆင်မှုအပိုင်းအနေနဲ့ ဘာတွေလုပ်ပြီးပြီလဲ။

MSW  :        ဒီကားအတွက် မိုးစက် တော်တော်ကို ပြင်ဆင်ထားပါတယ်။ သရုပ်ဆောင်ပိုင်းဆိုရင်လည်း ထုတ်လုပ်ရေး အပိုင်းက စီစဉ်ပေးထားတဲ့ မမျိုးသန္တာထွန်းက သင်ပြပေးတယ်။ ပြီးတဲ့အခါ Psychology အပိုင်းနဲ့ဆိုရင် ဆရာတိုးက သင်ပြပေးတယ်။ ဘာဖြစ်လို့ Psychology ဆရာ ပါလဲဆိုတော့ ဒီထဲက ဇာတ်ကောင်တွေက စိတ်ခံစားမှုက နှစ်မျိုး၊ သုံးမျိုးလောက်က အနည်းဆုံး ရှိကြတယ်ဆိုတော့ အဲဒီလိုလေးတွေ ပါနေတော့ စိတ်ပိုင်းဆိုင်ရာအတွက် Coach တစ်ယောက် ပါတာပေါ့။ပြီးတော့ မိုးစက်ကိုယ်တိုင်လည်း ဘန်ကောက်မှာ အိုက်တင်အပိုင်းနဲ့ ပတ်သက်ပြီး Short Class လေးလည်း သွားတက်ထားတယ်။

Voice :       Short Class တွေလည်း တက်ထားတော့ ကိုယ့်အတွက် ဘယ်လို အတွေ့အကြုံတွေ ရခဲ့လဲ။

MSW  :        ဟိုမှာသင်တာက Basic သဘောတရားလေးပဲရအောင်လို့ Mode သွင်းတတ်အောင်လို့ပဲ သင်ပေးတာပါ။ မမျိုးတို့ကတော့ ဇာတ်ညွှန်းအတိုင်း မိုးစက်လုပ်နေတာ လိုနေလား၊ ထပ်ထည့် ရဦးမှာလား၊ ဘာလေးတွေ ထည့်ရင်ကောင်းမလဲ စသဖြင့်ပေါ့နော် အသေးစိတ်ကြည့်ပြီးတော့ မိုးစက်ကို သင်ပေးတော့ ပိုပြီးတော့ Detail ကျတာပေါ့။

Voice :       ဒီကားက ကိုယ့်အတွက် ဘယ်လောက်ရင်ခုန်မှုများလဲ။

MSW  :        မိုးစက်ရိုက်တဲ့ ကား မများဘူး။ ဒီကားမှာဆို ရင်ခုန်စွာနဲ့ ပြောရမယ်ဆိုရင် သရုပ်ဆောင်တိုင်းလိုလို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးစက်တို့ ဒီကားထဲမှာရှိတဲ့ ကာရိုက်တာတွေ အားလုံးဟာ တွေ့နေကြ၊ မြင်နေကျ  ကာရိုက်တာတွေ မဟုတ်ဘူး။ ဇာတ်လမ်းအနေနဲ့ ထုတ်တာဆိုရင် မြန်မာပြည်အနေနဲ့ ထုတ်တာဆိုရင် ဒီလိုမျိုးဇာတ်လမ်း သိပ်မရှိဘူး။ အဲဒါကြောင့် အားလုံးရင်ခုန်ပြီးတော့ မျှော်လင့်မယ်လို့ မိုးစက် ထင်ပါတယ်။

Voice :       ဇာတ်ကားရိုက်ကူးမှုအတွက် ဘယ်နှနှစ်နေမှ တစ်ကားရိုက်ကူးမယ်ဆိုတာမျိုး သတ်မှတ်ထားတာရှိလား။

MSW  :        အခုလောလောဆယ်မှာ အဲဒီလိုမျိုး Plan တော့ ချထားတာ မရှိဘူး။ ဒါပေမဲ့ မိုးစက်အနေနဲ့ အခု သရုပ်ဆောင်ကြည့်တဲ့အခါမှာ သရုပ်ဆောင်တစ်ယောက်က သူတို့ဘယ်လောက်တောင် ပေးဆပ်ထားလဲဆိုတာ ပိုပြီး နားလည်လာတယ်။ တော်တော်ပင်းပန်မှန်း သိလာတယ်။ အမှန်အတိုင်း ပြောရရင်အရင်တုန်းက မိုးစက်က ပရိသတ်တစ်ယောက် အနေနဲ့ပဲကြည့်တဲ့အခါ ဒါတွေ မသိပါဘူး။ ကိုယ်လည်း မစဉ်းစားမိဘူးပေါ့။ မိုးစက်ရဲ့ကိုယ်ပိုင် Brand Moezy ကိုလည်း အဓိကထားပြီး လုပ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်စီးပွားရေးလေးတွေ ဦးစားပေးပြီး လုပ်ဖြစ်တယ်။

Voice :       ဘယ်လိုဇာတ်ကားတွေဆို ပိုရိုက်ချင်လဲ။

MSW  :        သရုပ်ဆောင်ပိုင်းအနေနဲ့က ဒီလိုမျိုး သမိုင်းကားတွေဆို မိုးစက် စိတ်ဝင်စားပါတယ်။ အထူးသဖြင့် အနုပညာ သမိုင်းကျန်မယ့် ကားမျိုးမှ ရိုက်တယ်၊ မရိုက်ဘူးဆိုတာမျိုးလည်း မဟုတ်ဘူး။ ဘယ်ကာရိုက်တာရယ်လို့ မရှိပါဘူး။ အဓိကတော့ ဇာတ်ကားတစ်ကားမှာ ဇာတ်ညွှန်းက အဓိကပါ။ ဇာတ်ညွှန်းအပေါ်မှာ မူတည်တယ်လို့ မိုးစက်ထင်ပါတယ်။

Voice :       Moezy အနေနဲ့ နောက်ထပ် ထုတ်ကုန်သစ်တွေ ထပ်ထုတ်သွားဖို့ ရှိလား။

MSW  :        မိုးစက် အတတ်နိုင်ဆုံး နှစ်လ၊ သုံးလတစ်ခုထွက်ဖို့ ရှိတယ်။ ရာသီအလိုက် သင့်တော်မယ့် Product လေးတွေ ထွက်သွားဖို့ ရှိပါတယ်။

Voice :       ဈေးကွက်မှာ Moezy Brand ကို လူပိုသိလာဖို့ ဘာတွေလုပ်သွားဖို့ ရှိလဲ။

MSW  :       နောက်ပိုင်းတော့ ကြော်ငြာအပိုင်းကို ပိုပြီးတော့ အားထည့်လုပ်ဖို့ စဉ်းစားထားတာ ရှိပါတယ်။ ကြော်ငြာက လုပ်တော့ လုပ်တယ်။ ဒီခေတ်မှာက ကြည့်တဲ့ သူတွေက ကြည့်စရာတွေက အရမ်းများတော့လေ မိုးစက်တို့အနေနဲ့က လုပ်ရတာတော့ ခက်တယ်။

Voice :       ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။

MSW  :       မိုးစက်ကို Ve Ve ကြော်ငြာမှာထဲက အားပေးတဲ့ ပရိသတ်တွေရှိတယ်။ အခု Moezy ထုတ်တော့လည်း မိုးစက်ရဲ့ Brand လေးကို ဘာပဲထွက်ထွက်အားတဲ့ ပရိသတ်တွေ ရှိတယ်။ မိုးစက်အနေနဲ့ကလည်း သူတို့အတွက် အရည်အသွေးကောင်းကောင်းနဲ့ တကယ်ကို အသုံးဝင်တဲ့  ဏမသိကခအ တွေပဲ ထုတ်တယ်။ ပြီးတော့ အနုပညာနဲ့ ပတ်သက်လာရင် အနုပညာတင်ဆက်မှုအပိုင်းတွေကို မိုးစက်အနေနဲ့ အကောင်းဆုံး တဖြည်းဖြည်းလိုအပ်တာတွေကို ဖြည့်ဆည်းပြီးတော့ လုပ်သွားမှာပါ။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *