YouTube ကြည့်ရတာ နှေးရင် လုပ်ကြည့်သင့်တဲ့ အချက်များ

YouTube ထဲဝင်ပြီး သီချင်းတွေ ၊ ကိုယ်နှစ်သက်ရာဗီဒီယိုတွေ အမြဲကြည့်လေ့ရှိတယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းတွေကို လိုက်လုပ်ကြည့်စေချင်ပါတယ်။ ကိုယ်အမြဲဝင်ကြည့်နေကျ YouTube က ခါတိုင်းနဲ့ မတူ နှေးနေတဲ့အခါမျိုးမှာ အခုပြောပြမယ့် နည်းလမ်းတွေကို အသုံးပြုနိုင်မှာပါ။

Update လုပ်ပါ

YouTube ဆော့ဖ်ဝဲကို အသုံးပြုပြီး ဗီဒီယိုတွေ ကြည့်လေ့ရှိသူဆိုရင်တော့ YouTube ရဲ့ အသစ်ထွက် Version ကို အသုံးပြုမယ်ဆိုရင် အသုံးပြုတဲ့အခါပိုပြီး မြန်ဆန်စေမယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Version အဟောင်းက အဆင်မပြေမှုတွေ ရှိရင် ဆောဖ်ဝဲလ် Developer တွေက Version အသစ်ထုတ်ပြီး ပြုပြင်လေ့ရှိတာမို့ updated ပြုလုပ်သင့်ပါတယ်။

Cache တွေကို ရှင်းပါ

Broswer တွေကနေတစ်ဆင့် YouTube ဆိုက်ကို သွားလေ့ရှိသူဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်မှာပါ။ ကိုယ်သုံးတဲ့ Browser မှာ Cache တွေ ပြည့်နေရင် ရှင်းပေးဖို့ လိုအပ်ပြီး ကွန်ပျူတာကနေဆိုရင် More Tools ထဲဝင်ပြီး Clear Browsing Data ဆိုပြီး ရှင်းနိုင်သလို ဖုန်းကနေ တစ်ဆင့်ဆိုရင် History ထဲဝင်ပြီး Clear browsing data ဆိုပြီး ရှင်းနိုင်ပါတယ်။

YouTube ကို သုံးနေရင်း Connection speed ကို ကြည့်ချင်တယ်ဆိုရင်တော့ Right Click နှိပ်ပြီး Stats for nerds ကို ရွေးလိုက်ရင် ကိုယ်သုံးနေတဲ့ အင်တာနက် Speed ကို စစ်ဆေးနိုင်ပါတယ်။ YouTube နှေးနေတာ အင်တာနက် Speed ကြောင့်လည်း ဖြစ်နိုင်တာမို့ပါ။ Stats for nerds မှာ Connection Speed အပြင် Network Activity နဲ့ Buffer Health တွေပါ ကြည့်နိုင်ဦးမှာပါ။

ဗီဒီယိုရဲ့ အရည်အသွေးကို ပြောင်းကြည့်ပါ

အင်တာနက်လိုင်းကောင်းမှု မကောင်းမှုပေါ်မူတည်ပြီး YouTube ကြည့်တဲ့အခါ နှေးတာ ထစ်တာတွေကလည်း ပြောင်းသွားနိုင်ပါတယ်။ Resolution ကို အနိမ့်ထားပြီး (ဥပမာ – HD ကြည့်မယ်ဆိုရင်လည်း HD 720P လောက် ၊ SD ဆိုရင်လည်း 480p လောက်) ကြည့်မယ်ဆိုရင် ဗီဒီယိုကြည့်ရတာ နှေးတာ ထစ်တာမျိုးမဖြစ်စေပါဘူး ။ တချို့ဗီဒီယိုတွေအတွက် Full HD ရှိစရာမလိုလောက်တဲ့အခါမျိုးမှာ ဒီနည်းလမ်းသုံးနိုင်ပါတယ်။

YouTube Premium သုံးကြည့်ပါ

ဒီနည်းလမ်းကတော့ ပိုက်ဆံကုန်မယ့် နည်းလမ်းဖြစ်ပေမယ့် YouTube ကို တကယ်အကျိုးရှိရှိသုံးနေတဲ့ လူတွေအတွက် သိပ်မများလှတဲ့ ငွေပမာဏတစ်ခုပါပဲ ။ YouTube Premium ကို တစ်လအခမဲ့ကြည့်နိုင်ပြီး နောက်ပိုင်းထပ်ယူမယ်ဆိုရင်တော့ တစ်လကို ၁၂ ဒေါ်လာကျသင့်မှာပါ။ YouTube Premium ရဲ့ အားသာချက်က ကွန်နက်ရှင် မကောင်းတဲ့အချိန်မှာပါ အဆင်ပြေပြေကြည့်နိုင်တယ်လို့ ဆိုထားတာပါ။

Ref: Cnet

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *