“ကျွန်တော် အခုတော့ တစ်ယောက်ထဲ အေးဆေး ပွဲအတွက် အရမ်းရုန်းကန်ပြီးတော့ စိတ်နှစ်ထားပါတယ်။ ကျွန်တော့်ဘ၀မှာ ဒီလိုပွဲမျိုး ပြန်လုပ်နိုင်ဖို့ဆိုတာလည်း အရမ်းခက်ခဲတော့ သေသေချာချာ အာရုံစိုက်နေပါတယ်”

ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် တေးသံရှင် G-Fatt ကို မန္တလေးမြို့မှာ သွားလုပ်ဖြစ်တဲ့ အကြောင်း၊ ဖျော်ဖြေပွဲအတွက် စီစဉ်မှုအပိုင်းနဲ့ လက်ရှိ အချစ်ရေးအကြောင်းတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice   :         ရန်ကုန်မှာ ထပ်မလုပ်ဘဲ မန္တလေးမှာ ဘယ်လိုကြောင့် လုပ်ဖြစ် ရတာလဲ။

G-Fatt  :         မန္တလေးက ပရိသတ်တွေကလည်း သူတို့ဆီမှာ ပွဲလာလုပ်စေချင်တယ်။ မနှစ်က တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ပြီး ကတည်းကတော့ ကျွန်တော်က ဒီနှစ်တော့ ဒီမှာလုပ်မယ်လို့ စိတ်ကူးယဉ်ထားတာ ဖြစ်ပါတယ်။ အဓိကတော့ မန္တလေးက ပရိသတ်တွေကို ယုံကြည်လို့ပါ။ မန္တလေးမှာ အမှတ်တရ ဖန်တီးချင်တယ်။ မန္တလေးက မှတ်မှတ်ရရ ပထမဦးဆုံး စတိတ်စင်ပေါ် စတက်ရပြီး ကျွန်တော့်နာမည်ကို ခေါ်ပြီး အားပေးခံရတဲ့ မြို့က မန္တလေးမြို့ပါ။ တချို့ တော်တော်များများက မန္တလေးကတောင် ထင်ကြတယ်။

Voice   :         ဖျော်ဖြေပွဲမှာ တခြားအဆိုတော်တွေ ဘယ်သူတွေ ပါဝင်ကြမှာလဲ။

G-Fatt  :         Frenzo Production က တစ်ယောက်ပွဲလုပ်ရင် တစ်အုပ်လုံး ပါတယ်။ ဘာပဲလုပ်လုပ် အတွဲညီညီနဲ့ လုပ်တယ်။ G-Family က ဘယ်ပွဲမှာ မဆို၊ ဘယ်အခွေမှာမဆို အုပ်လိုက် အမြဲတမ်း မြင်တွေ့နေရမှာပါ။ မဖြူဖြူကျော်သိန်းက ရန်ကုန်ပွဲမှာတုန်းကဆိုတဲ့ နေ့ကျမှ Surprise အနေနဲ့ အကူအညီ တောင်းပြီး ဖျော်ဖြေပေးခဲ့တာပါ။ ဒီနှစ်တော့ အရဲစွန့်ပြီး မဖြူကို ကျွန်တော့်ပွဲလေး ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်လုပ်မယ်။ ဖြစ်နိုင်ရင် ဆိုပေးပါလားဆိုတော့ သူကလည်း ဝမ်းသာအားရပဲ ဆိုမယ်လေတဲ့။ အရမ်း ဝမ်းသာသွားပါတယ်။ ပြီးတော့ ပန်းရောင်ခြယ်ပါမယ်။ သူနဲ့ ကြိုးသီချင်း ထွက်ထားတဲ့အတွက် အဲဒီသီချင်း ဆိုမယ်။

Voice   :         စီစဉ်မှုအပိုင်းက ဘာတွေ ကြိုတင်ပြင်ဆင်ထားလဲ။

G-Fatt  :         သီချင်းကို သေသေချာချာအချိန်ယူပြီး Band နဲ့ သေချာတိုက်ထားတယ်။ ပြီးတော့ ဗုံ၊ တယောတွေအပြင် Music Producer ကို ထပ်အပ်တယ်။ ဗုံဆိုရင်လည်း ကွန်ပျူတာနဲ့ ဗုံထည့်လို့ ရပေမယ့် တကယ် ဗုံဆရာတွေ ခေါ်ထားတယ်။ တယောဆိုရင်လည်း တကယ့် တယောဆရာတွေခေါ်ပြီး တီးမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုးတွေ သေသေချာချာ  ပြင်ဆင်ထားတယ်။ ပြီးတော့ သီချင်းအဟောင်းတွေကို ပိုပြီး ရွေးချယ်ထားတယ်။ မန္တလေးမှာမှ ဆိုမယ်ဆိုပြီး တည်ထားတဲ့ အပုဒ်တွေ ရန်ကုန်မှာထဲက ရှိတယ်။ အဲဒီလိုမျိုးတွေကို ထည့်ထားပါတယ်။

Voice   :         မန္တလေးက ပန်းရောင်းတဲ့ ကလေးတွေကို ဖျော်ဖြေပွဲလက်မှတ်ပေးဖြစ်ခဲ့တယ်ဆိုတော ဘယ်လိုကြောင့်လဲ။

G-Fatt  :         မန္တလေးမှာ Fan Meeting လုပ်ဖြစ်တယ်။ နောက်နေ့မှာတော့ သူငယ်ချင်း ကားငှားစီးပြီးတော့ လျှောက်သွားနေချိန်မှာဆီ မှားထည့်လိုက်တာပါ။ အဲဒီမှာ မီးပွိုင့်မှာ ကျွန်တော့်ကားကြီး ထိုးရပ်သွားတယ်။ အဲဒီအချိန်မှာ ပန်းရောင်းနေတဲ့ကလေးတွေက ဘာကူပေးရမလဲဆိုတော့ နောက်ကားတွေကို ကားပျက်နေလို့ ကျော်သွားကြပါလို့ ပြောပေးလို့ ပြောတဲ့အချိန်မှာ ကလေးတွေက ကျွန်တော့် နာမည်နဲ့ ကားပျက်နေတယ်လို့ ဝိုင်းအော်ကြတော့ G-Fatt မှန်းသိတဲ့ သူတွေက ဘေးနားရောက်လာကြတယ်။ ပြီးတော့ ကားကို သူတို့ ဝိုင်းတွန်းပေးကြတော့ လမ်းဘေးရောက်သွားတယ်။ ကလေးတွေကို ရှိုးပွဲကြည့်ဖူးလာဆိုတော့ မကြည့်ဖူးဘူးဆိုတော့ ကြည့်မလား လက်မှတ်၊ အင်္ကျီတွေ လက်ဆောင်ပေးဖြစ်သွားတာပါ။ အခု ကျွန်တော် ထပ်စိတ်ကူးထားတယ်။ တခြားမီးပွိုင့်မှာ ရောင်းတဲ့ ကလေးတွေလည်း ရှိတယ်။ သူတို့လည်း ကြည့်ချင်ရင် လက်မှတ်တွေ သွားဝေပေးဖို့ စဉ်းစားထားပါတယ်။

Voice   :         Fan Meeting မှာ အတွဲတွေ အချိန်အကြာကြီး တွဲပြီးမှ ပြတ်သွားတဲ့ အကြောင်းကို ပုံပြင်လေးနဲ့ ပြောပြဖြစ်တာ ဘယ်လိုကြောင့်လဲ။

G-Fatt  :         အဲဒါကတော့ ကျွန်တော် ဖတ်ဖူးတာ။ အွန်လိုင်းမှာ ဖတ်ဖူးတာလားဘယ်မှာ ဖတ်ဖူးတာလဲတော့ မသိဘူး။ အဲဒီပုံပြင်က နာမည်ကြီးပါတယ်။ လူတော်တော်များများ သိကြပါတယ်။ အဲဒီနေ့မှ ဝိုင်းမေးကြတော့ ကျွန်တော် ဘာဖြေလို့ ဖြေရမှန်းမသိဘူး။ အဲဒီပုံပြင်လေး ခေါင်းထဲပေါ်လာလို့ အဲဒီပုံပြင်က ကျွန်တော့်သူငယ်ချင်းတွေကို အမြဲတမ်း ရှင်းပြနေကျ ပုံပြင်။ အမြဲတမ်း ဆရာကြီး လုပ်နေတာပေါ့။ သူတို့ရည်စားတွေနဲ့ ကွဲလာရင်အဲဒီ ပုံပြင်ရှင်းပြဖြစ်တယ်။ အားမငယ်နဲ့ မင်းတို့က တတိယ မဟုတ်သေးဘူး။ တတိယလူနဲ့ တွေ့မှာမို့ သူက မင်းတို့ကို ခွဲသွားတာဘာညာပေါ့။

Voice   :         လက်ရှိ RS နဲ့ ပတ်သက်ပြီး ပရိသတ်က စိတ်ဝင်စားနေတော့ ဘာများပြောချင်လဲ။

G-Fatt  :         ကျွန်တော် အခုတော့ တစ်ယောက်ထဲ အေးဆေးပွဲအတွက် အရမ်းရုန်းကန်ပြီးတော့ စိတ်နှစ်ထားပါတယ်။ကျွန်တော့် ဘ၀မှာ ဒီလိုပွဲမျိုး ပြန်လုပ်နိုင်ဖို့ဆိုတာလည်း အရမ်းခက်ခဲတော့ သေသေချာချာ အာရုံစိုက်နေပါတယ်။ အဲဒီအတွက် အရမ်း Stress များနေတဲ့ ကာလဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လတွေက စိတ်ညစ်တာတွေ ရှိပါတယ်။အခုတော့ကိုယ့်ဘာသာပဲအဆင်ပြေအောင် ကြိုးစားပြီး နေထိုင်နေပါတယ်။ ကျွန်တော့် သီချင်းတွေထဲမှာ ပိုပြီးတော့ စိတ်နှစ်ပါမယ်။ ပြီးတော့ ဒီထက်မက အလုပ်တွေ ကြိုးစားဖို့ လိုတယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေပါတယ်။

Voice   :         တချို့က RS ကို ပြန်အဆင်ပြေသွားမယ် ထင်နေကြတာတွေရှိတော့  ဘာများပြောချင်လဲ။

G-Fatt  :         ကျွန်တော် လောလောဆယ် အဲဒါတွေ သိပ်မပြောတတ်သေးပါဘူး။ ကြိုတင်စဉ်းစားထားတာ မရှိသေးပါဘူး။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *