ခြေဖနောင့်အက်ကွဲခြင်းအတွက် နည်းလမ်းငါးမျိုး

Macro photo pair of cracked heels. Male back view.

ဆောင်းရာသီမှာ ကြိုတင်စိုးရိမ်ကြရတဲ့ အရေပြားရောဂါတွေထဲမှာ  ခြေဖနောင့်အက်ကွဲခြင်းကလည်း တစ်ခု အပါအဝင်ပါပဲ။ ခြေဖနောင့် အက်ကွဲရင် လမ်းလျှောက်ဖို့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရသလို ရာသီဥတုအေးလာတာနဲ့အမျှ အက်ကွဲတဲ့နေရာတွေက နာကျင် လာရတာပါ။ ဒါကြောင့် ခြေဖနောင့် အက်ကွဲခြင်းတွေကို ရိုးရှင်းသော နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ဖို့ နည်းလမ်းငါးမျိုးကို ဖော်ပြလိုက်ပါတယ်။

စိုစွတ်မှုရှိပါစေ

အရေပြားခြောက်သွေ့ခြင်းတွေနဲ့အတူ ခြေဖနောင့်အက်ကွဲခြင်းဟာ ဆောင်းရာသီမှာ တိုက်ခတ်တဲ့ လေကြောင့် ပိုမိုဆိုးရွာစေပါတယ်။ ဒါကြောင့် ရေနံဆီပါတဲ့ ဂျယ်လီလို ဒါမှမဟုတ် သံလွင်ဆီလို အရေပြားမှာ စိုစွတ်မှုရှိနေ  စေမယ့် ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ ခြေဖနောင့်မှာ ဒီလိုပစ္စည်းတွေကို အသုံးပြုလိမ်းပေးပြီးတော့ ခြေအိတ်ဝတ်ဆင်ထားမယ်ဆိုရင် အစိုဓာတ်ကို ထိန်းပေးထားတဲ့အတွက် ခြေဖနောင့်အက်ကွဲခြင်းတွေ သက်သာလာမှာပါ။

ရေနွေးနွေးမှာ စိမ်ပါ

ခြေထောက်တွေကို ရေနွေးနွေးထဲမှာ သို့မဟုတ် ဆပ်ပြာရည်ထဲမှာ မိနစ်နှစ်ဆယ်ခန့် စိမ်ထားမယ်ဆိုရင်လည်း ခြေဖနောင့်အက်ကွဲခြင်းတွေကို  သက်သာစေမှာပါ။ ဒီလိုခြေထောက်တွေကို ရေနွေးစိမ်ခြင်းက စိတ်ကို လန်းဆန်းစေရုံသာမက အေးချမ်းတည်ငြိမ်စေပါတယ်။  ကြွက်သားတွေကို  အနားပေးလိုက်တာနဲ့လည်း အတူတူပါပဲ။ ရေစိမ်ပြီးပြီဆိုရင် ခြေထောက်တွေဟာ  နူးညံ့ပြီးတော့ ချောမွေ့နေမှာဖြစ်သလို ကောင်းမွန်တဲ့ ရေဓာတ်နဲ့ စိုစွတ်မှုကို ရရှိစေမှာပါ။

Scrub လုပ်ပေးပါ

ခြေဖနောင့်တွေကိုလည်း အခြားသော အရေပြားတွေလို Scrub လုပ်ပေးဖို့ လိုပါတယ်။ Scrub လုပ်ခြင်းကြောင့် ခြေဖနောင့်က ခြောက်သွေ့ကြမ်းတမ်းပြီး ကွာကျလာတဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားရာ ရောက်ပါတယ်။ ဒီနည်းလမ်းကလည်း ခြေဖနောင့်အက်ကွဲခြင်းကို ကာကွယ်ဖို့ နည်းလမ်းတွေထဲက အကောင်းဆုံးတစ်ခုပါပဲ။

ဆီ သို့မဟုတ် ခရင်မ်လိမ်းပါ

ခြေမနောင့်ကို ဆီလိမ်းပေးခြင်း ဒါမှမဟုတ် ဆီပါတဲ့ ခရင်မ်၊ Lotion တစ်ခုခု လိမ်းပေးခြင်းကလည်း ခြေမနောင့်ကွဲခြင်းကို ကာကွယ်ပေးပြီး အရေပြားခြောက်သွေ့မှုကို သက်သာစေပါတယ်။ ခြေထောက်ကို သေချာစွာဆေးကြောပြီးပြီဆိုရင် ဒီပစ္စည်းတစ်ခုခုကို လိမ်းပေးသင့်ပါတယ်။ ခြေဖနောင့်မှာ  အက်ကွဲရာ ရှိရင်တောင် မြန်မြန်သက်သာလာစေမှာပါ။

ရေအေးနဲ့ ထိတွေ့ခြင်းကို ရှောင်ပါ

အရေပြားခြောက်သွေ့ခြင်းနဲ့ အက်ကွဲခြင်းတွေ မဖြစ်ပေါ်စေဖို့ဆိုရင် အရေပြားကို ရေအေးနဲ့ မကြာခဏ ထိတွေ့ခြင်းကို ရှောင်ရှားသင့်ပါတယ်။ ခြေထောက်တွေဟာလည်း ဒီလိုပါပဲ။ ရေအေးနဲ့ ထိတွေ့မယ်ဆိုရင် ခြေထောက် တွေဟာလည်း ခြောက်သွေ့နိုင်ပြီး ခြေဖနောင့်အက်ကွဲခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်တွေကို ရေနွေးနွေးနဲ့သာ ဆေးကြော သန့်စင်ဖို့လိုသလို ခြေအိတ်နဲ့ ရှူးဖိနပ်တွေ ဝတ်ဆင်ခြင်းကလည်း ခြေဖနောင့်အက်ကွဲခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Reference: https://www.ecr.co.za/lifestyle/house-home

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *