“ရှီကျင်းဖျင်အလာမှာ မြစ်ဆုံ ဘာဆက်ဖြစ်မလဲ”

ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

မြစ်ဆုံစီမံကိန်းပြန်စဖို့၊ မစဖို့ကိုလည်း ကျွန်မအထင်ကတော့ တရုတ်ကိုယ်တိုင် မြန်မာနိုင်ငံကိုလာပြီး မစည်းရုံးနိုင်ဘူးပေါ့။ အရေးတကြီးလာပြောမယ် မထင်ပါဘူး။ သူတို့လာတယ်ဆိုတာက နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ အစစအရာရာ All round တော့ ပါမှာပေါ့။ ဒီအရေးကိစ္စတစ်ခုတည်းနဲ့တော့ သူက လာပြောမယ်မထင်ပါဘူး။ ဒီမြစ်ဆုံကိုလည်း ပြည်သူလူထုကမှ သဘောမတူတောလေ နော့။ ပြည်သူသဘောမတူတဲ့အတွက် တရုတ်အစိုးရဘယ်လောက်ပဲလုပ်ချင်လုပ်ချင်၊ မြန်မာအစိုးရကလည်း တရုတ်အစိုးရရဲ့ဆန္ဒကို ဘယ်လောက်ပဲ ဖြည့်ဆည်းချင် ဖြည့်ဆည်းချင် ပြည်သူသဘောထားမပါရင်တော့ သူတို့အခက်အခဲရှိမှာပေါ့။ လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင်တောင် အခက်အခဲတွေ အောက်ခြေမှာ အများကြီးဖြစ်လာနိုင်တယ်ပေါ့။

The Voice Journal
………………………..

(နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင်းဖျင်သည် လာမည့် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာရောက်ရှိမည်ဖြစ်ပြီး သမ္မတရှီ၏ ယခုခရီးစဉ်သည် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရုတ်သမ္မတကျန်ဇီမင်းလာရောက်ခဲ့ပြီးနောက် ၁၉ နှစ်အကြာတွင် လာရောက်မည့် တရုတ်နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်လည်းဖြစ်သည်။

ယခုခရီးစဉ်တွင် မြန်မာ-တရုတ် နှစ် ၇၀ ကြာ ဆက်ဆံရေးပိုမိုခိုင်မာရေး၊ မြန်မာ့ငြိမ်းချမ်းရေး၊ တရုတ် မဟာဗျူဟာစီမံကိန်း(Belt and Road Initiative)အောက်ရှိ တရုတ်-မြန်မာ စီးပွား​ရေးစင်္ကြန်ဖောက်လုပ်နိုင်ရေး၊ ကျောက်ဖြူစီမံကိန်းနှင့် မြစ်ဆုံကိစ္စအစရှိသည်တို့ကို ဆွေးနွေးနိုင်မည်ဟု မျှော်လင့်လျက်သည်။

ယင်းတို့အနက် ပြည်တွင်း၌ မြန်မာနိုင်ငံသားတို့ ကန့်ကွက်ခဲ့ကြခဲ့သည့် မြစ်ဆုံစီမံကိန်းအရေးနှင့်ပတ်သက်၍ ယခုခရီးစဉ်တွင် မည်သို့ဖြစ်လာမည်နည်းဟူသည့် စိုးရိမ်ချက်များလည်းရှိရာ နယ်ပယ်အသီးသီးမှ အမြင်များကို The Voice Journal က ကောက်နုတ်ဖော်ပြလိုက်ပါသည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *