5G ကွန်ရက်တည်ဆောက်ရန် ဆမ်ဆောင်းကုမ္ပဏီကို မြန်မာတွင် လူကြိုက်များ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

နောက်ဆုံးပေါ်မျိုးဆက် အင်တာနက်ဆက်သွယ်ရေးနည်းပညာတစ်ခုဖြစ်သည့် 5G ကွန်ရက်တည်ဆောက်ရန် တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကုမ္ပဏီကို မြန်မာနိုင်ငံတွင် လူကြိုက်များကြောင်း အရှေ့တောင်အရှနိုင်ငံများ (၂၀၂၀) စစ်တမ်းတွင် ဖော်ပြသည်။

အဆိုပါစစ်တမ်းကို အဆီယံနိုင်ငံများ၏ လူမှုစီးပွားရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအခြေအနေများကို လေ့လာနေသည့် စင်ကာပူအခြေစိုက် Institute of Southeast Asian Studies (ISAS) အဖွဲ့က ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

အမေရိကန်၊ တောင်ကိုရီးယား၊ ဆီဒင်၊ ဖင်လန်နှင့် တောင်ကိုးရီးယား အခြေစိုက်ကုမ္ပဏီများကို အုပ်စုငါးခုခွဲ၍ အကြိုက်ဆုံးကုမ္ပဏီကိုရွေးချယ်ရန် စစ်တမ်းကောက်ယူခဲ့ရာ ဆမ်ဆောင်းကုမ္ပဏီကို ကြိုက်နှစ်သက်မှုသည် ၄၅ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။

အမေရိကန်နည်းပညာကုမ္ပဏီများကို ကြိုက်နှစ်သက်မှု ၁၂ ဒသမ ၇ ရာခိုင်နှုန်း၊ ဟွာဝေး၊ ZTE (တရုတ်)ကို ၂၇ ဒသမ ၄ ရာခိုင်နှုန်း၊ Ericsson (ဆွီဒင်)ကို ၁၀ ဒသမ ၇ ရာခိုင်နှုန်း၊ Nokia (ဖင်လန်) ကို ၃ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ဆမ်ဆောင်းသည် မြန်မာအပါအဝင် ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ထိုင်းနှင့် စင်္ကာပူတို့တွင်လည်း ကြိုက်နှစ်သက်မှုအမြင့်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များရှိသဖြင့် ပဉ္စမမြောက်ဆက်သွယ်ရေးမျိုးဆက် 5G ကွန်ရက်တည်ဆောက်မည့် နည်းပညာကုမ္ပဏီများရွေးချယ်ရာတွင် ကုမ္ပဏီကိုပိုင်ဆိုင်သည့် နိုင်ငံအပေါ်တွင်လည်း စိတ်ချယုံကြည်ကြောင်း စစ်တမ်းအရ သိရသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *