ခရီးသွားရင် ဓာတ်ပုံစိတ်တိုင်းကျ ရိုက်နိုင်စေဖို့ …. ။

ခရီးသွားရင် ဓာတ်ပုံစိတ်တိုင်းကျ ရိုက်နိုင်စေဖို့ …. ။

ခုခေတ်မှာ ခရီးသွားပြီဆို ကိုယ်သွားခဲ့တဲ့ ခရီးစဉ်ကို မှတ်တမ်းတင်ဖို့ အနည်းဆုံးတော့ ကိုယ့်မှာပါတဲ့ ဖုန်းတွေ ၊ ကင်မရာတွေနဲ့ အလှဓာတ်ပုံတွေ ရှုခင်းပုံတွေ အချိန်ပေးရိုက်ကူးလေ့ရှိပါတယ်။ အဲဒီလို ကိုယ့်စိတ်ကြိုက် ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုကmemory ကတ်ပြည့်သွားပြီး ဓာတ်ပုံအသစ်တွေ ထပ်မရိုက်နိုင်တော့တာပါ။ အဲဒီလို အခက်အခဲတွေ ပြေပျောက်စေဖို့အတွက် အသုံးဝင်မယ့်လမ်းညွှန်လေးတွေ စုစည်းပေးလိုက်ပါတယ်။

Laptop နဲ့ Tablet တွေ သယ်ပါ

ဒီအချက်က လူတိုင်းအတွက် အဆင်ပြေမယ့် အချက်တော့ မဟုတ်ပါဘူး ။ Laptop သယ်လာပြီဆိုရင် ကိုယ်ရိုက်ကူးထားတဲ့ ဓာတ်ပုံမှန်သမျှကို ကင်မရာ ဒါမှမဟုတ် ဖုန်းထဲကနေ ပြောင်းထည့်နိုင်မှာမို့ ကိုယ့်စိတ်ကြိုက် ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါပြီ။

USB Stick / CD ချပ် သယ်ခဲ့ပါ

ခရီးသွားတဲ့အခါမှာ USB Stick ဟာ ပေါ့ပေါ့ပါးပါးသယ်နိုင်ပြီး ဓာတ်ပုံတွေကို သိမ်းဆည်းထားနိုင်မှာပါ။ Laptop ကို မသယ်ချင်ဘူးဆို ဒီအချက်က အဆင်ပြေစေမှာပါ။ ခုနောက်ပိုင်းမှာ ဖုန်းကနေ ဖြစ်စေ ကင်မရာကနေ ဖြစ်စေ USB Stick ကို တိုက်ရိုက်ချိတ်ပြီး ပုံတွေ ကူးပြောင်းနိုင်မယ့် OTG တွေလည်း အလွယ်တကူဝယ်လို့ရနေတာဟာ အားသာချက်ပါပဲ။ နောက်တစ်မျိုးက ရောက်တဲ့ နေရာမှာ CD ချပ်လေးတစ်ချပ်လောက် ၀ယ်ပြီး ပုံတွေ ပြောင်းထည့်တဲ့ နည်းပါ။ CD ချပ်ဟာ အလွယ်တကူ ၀ယ်နိုင်တာမို့  Memory ကတ်ထဲကပုံတွေကိုလည်း အလွယ်တကူ ပြောင်းထည့်နိုင်မှာပါ။

Memory Card တွေ ပိုဝယ်ပါ

ဒီနည်းဟာလည်း လုပ်သင့်တဲ့ နည်းတစ်ခုပါ ။ Memory Card တွေ တစ်ခုထက်ပိုပြီး ဆောင်ထား လိုက်ရင်လည်း ဓာတ်ပုံရိုက်ရင်း Memory Card ပြည့်သွားလို့ ရိုက်ပြီးသား ပုံအချို့ပြန်ဖျက်ရမလား ခေါင်းစားစရာ မလိုတော့ပါဘူး။ Memory Card တွေဟာ တစ်ခါတစ်ခါ Error တက်တတ်တာမို့ ထဲက ပုံတွေကိုတော့ Laptop ဖြစ်စေ ဓာတ်ပုံထုတ်ပြီး ဖြစ်စေ သိမ်းထားဖို့တော့ သတိပေးချင်ပါတယ်။

အင်တာနက် သုံးပါ

ဒီခေတ်မှာ အင်တာနက်က နေရာတော်တော်များများမှာ မိနေပါပြီ။ ဖုန်းကနေ ရိုက်တဲ့ ပုံတွေ၊ ကင်မရာထဲက ပုံတွေကို အင်တာနက်လေးဖွင့်ပြီး Dropbox ထဲ ဒါမှမဟုတ် အခြား Online ကနေ ဓာတ်ပုံ သိမ်းတဲ့ Site တွေမှာ ၀င်သိမ်းနိုင်ပါတယ်။ သတိပြုရမယ့် အချက်တစ်ခုက ကင်မရာနဲ့ Wifi ကို ချိတ်ပြီး ဓာတ်ပုံသိမ်းတာဆိုရင် ကင်မရာရဲ့ ဘက်ထရီအားကို ခပ်မြန်မြန်ကုန်စေတတ်လို့ ကင်မရာကို အားပြန်သွင်းထားဖို့ မမေ့ပါနဲ့။

Ref:lifewire

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *