ရန်ကုန် Water Taxi ယခုလကုန်နောက်ဆုံးထား၍ စတင်ပြေးဆွဲမည်

ရန်ကုန် Water Taxi ယခုလကုန်နောက်ဆုံးထား၍ စတင်ပြေးဆွဲမည်

 

ရန်ကုန်၊ ဇွန် ၁၆
လှိုင်မြစ်အတွင်း ပြေးဆွဲမည့် Water Taxi ကို ယခုလကုန်နောက်ဆုံးထား၍ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ယင်း လုပ်ငန်းကို လုပ်ကိုင်ခွင့်ရထားသည့် တင့်တင့်မြန်မာကုမ္ပဏီ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
လက်ရှိတွင် လှိုင်သာယာမြို့နယ် တစ်ဖက်ကမ်း အင်းစိန်မြို့နယ် အောင် ဇေယျ ကြိုးတံတားမှ ဗိုလ်တထောင်မြို့ နယ်အထိပြေးဆွဲမည့် အဆိုပါ Water Taxi အတွက် ဆိပ်ကမ်းရှစ်ခု တည်ဆောက်ထားပြီး အချို့မှာ အချောသပ် လုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
ဆိပ်ကမ်းရှစ်ခုအနက် လှိုင်သာယာ ဘက်ကမ်းတွင် တစ်ခုပါဝင်ပြီး ကျန်ရှိသည့် ဆိပ်ကမ်းခုနစ်ခုမှာ အင်းစိန် ၊ မရမ်းကုန်း၊ ကြည့်မြင်တိုင်၊ ဗိုလ်တထောင်ဘက်ခြမ်း တွင်သာ တည်ဆောက်ထားသည်ဟု အဆိုပါကုမ္ပဏီထံမှ သိရသည်။
Water Taxi ပြေးဆွဲပြီးနောက် ပိုင်းတွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ကျေးရွာများဘက်တွင် ဆိပ်ကမ်းများ ထပ်မံတည်ဆောက်သွားမည်ဟု အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
မိုးရာသီအတွင်း ရေယာဉ်ပြေးဆွဲရ မည်ဖြစ်၍ ခရီးသည်များ၏ ဘေးကင်း လုံခြုံမှုအတွက် အဓိကဦးစားပေး၍ ပြင်ဆင် ထားသည်ဟု အမည်မဖော်လိုသည့် အဆိုပါပုဂ္ဂိုလ်က ဆိုသည်။
“ကျွန်တော်တို့ CEO နဲ့ တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ဖွင့်မယ့်ရက် ကို ညှိနှိုင်းနေပါတယ်။ ဒီလကုန်နောက်ဆုံး လို့ ပြောရင်ရပါတယ်” ဟု ၎င်းက ဆိုသည်။
Water Taxi များကို လာမည့် သီတင်းပတ်အတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားထားသည်။
Water Taxi အတွက်တည်ဆောက် နေသော ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့နယ်ရှိ ဆိပ်ကမ်းမှာ ယခုလ ကုန်မှသာ ပြီးစီးနိုင်မည်ဟု ခန့်မှန်းကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ရန်ကုန်၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန်ရည်ရွယ်သည့် Water Taxi များကို ပြေးဆွဲရန် လျာထားခဲ့သော်လည်း ဆိပ်ကမ်းများတည်ဆောက်မှုမပြီးခြင်းနှင့် ပြည်ပမှမှာ ယူထားသည့် ရေယာဉ်များ ရောက်ရှိ မလာခြင်းတို့ကြောင့် နောက်ကျခဲ့ရသည်။
Water Taxi ပြေးဆွဲခွင့်ရသည့် တင့်တင့်မြန်မာကုမ္ပဏီသည် ခရီးသွား လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။
အဆိုပါ Water Taxi စီမံကိန်း သည် ပွင့်လင်းမြင်သာမှုမရှိဟူသော အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် လွှတ် တော်အတွင်း လွှတ်တော်ကိုယ်စားလှယ် များ၏ ဝေဖန်မှုများကို ခံထားရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *